» သတင်း

ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင် ဖမ်းဆီးခံရ

“ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာက Jade queen လက်ဖက်ရည်ဆိုင်ထဲမှာ သူ့မိတ်ဆွေတစ်ယောက်နှင့်ထိုင်နေရင်း လက်နက်ကိုင်ထားတဲ့လူငါးယောက်က လာရောက်ခေါ် ဆောင်သွားတယ်လို့ လက်ဖက်ရည်ဆိုင်ကနေသိခဲ့ရပါတယ်။ အခု ၁၂ နာရီအချိန်ထိတော့ ဘယ်အဖွဲ့က ဖမ်းဆီးသွားလည်းဆိုတာ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။” ဟု မြို့ခံတစ်ဦး၏လူမှုကွန်ရက်တွင် ရေးသားထားချက်အရ သိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးကို ရွေးချယ်တင်မြှောက်

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့အစည်းအဝေးကို မတ် ၁၈ ရက်၊ နံနက် ၁၀ တွင် နေပြည်တော်၊ လွှတ်တော်အဆောက်အဦဝင်းအတွင်းရှိ အမျိုးသားလွှတ်တော်အဆောက်အဦတွင် စတင်ကျင်းပခဲ့သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခြင်းကြောင့်…

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် ၂၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ

သံသယရှိသူ အသေခံဗုံးခွဲသမားများကစီစဉ်ခဲ့သော ပေါက်ကွဲမှုများစွာကြောင့် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် အနည်းဆုံး လူ ၂၃ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုး/ဇလမှ ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းပြီး၊ အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလမှ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အမေရိကန်၏ လောင်စာဆီပိတ်ဆို့မှုကြောင့် ကျူးဘားတွင် လျှပ်စစ်ဓာတ်အား အလုံးစုံပြတ်တောက်

ကျူးဘားကျွန်းတစ်ခုလုံးတွင် တနင်္လာနေ့က လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီက ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ကွန် မြူနစ်အစိုးရအပေါ် ရေနံပိတ်ဆို့မှုကို လိုက်လံလုပ်ဆောင်နေချိန်တွင် နောက်ဆုံးလျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်သည်။

ကဘူးလ်မြို့ရှိ ဆေးရုံကို ပါကစ္စတန်လေကြောင်းတိုက်ခိုက် လူ ၄၀၀ သေဆုံး

ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးဆေးရုံကို ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၀၀ သေဆုံးပြီး ၂၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြားပဋိပက္ခများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

အီရန်ဘောလုံးအသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုတွင်ကစားရန် အီရန်ဘောလုံးအဖွဲ့ချုပ်နှင့် ဖီဖာ ညှိနှိုင်းနေ

"အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမျိုးသားအသင်း၏လုံခြုံရေးကို အာမမခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သောအခါ ကျွန်ုပ်တို့သည် အမေရိကသို့မသွားပါ" ဟု အီရန်ဘောလုံးအကြီးအကဲ မယ်ဒီတာ့ဂျ်က သံရုံး၏ X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

မုံရွာမြို့တွင် ကလေးငါးဦး ဇက်ဆိပ်တွင်ရေဆင်းချိုးရာမှ သုံးဦးပျောက်ဆုံးနေ ဟုဆို

“ကလေးတွေက ရေဆင်းချိုးတာ။ ငါးယောက်မှာ နှစ်ယောက်ကတော့ စက်လှေသမားတွေတွေ့လို့ အသက်ရှင်ပြန်ရပါတယ်။ သုံးယောက်တော့ အခုအချိန်ထိမတွေ့သေးပါဘူး။ ယောင်္ကျားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ယောက်။ အသက်တွေက (၁၄ )နှစ်လောက်တော့ရှိပြီ။ မိသားစုတွေလည်းရှိပါတယ်။ အဆက်အသွယ်ရပါတယ်။” ဟု ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့…

ညောင်ဦးမြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်နှင့် ဂိုထောင် မီးလောင်ကျွမ်း

“ထမင်းအိုးချက်တဲ့မီးကြွင်းမီးကျန်ကနေလောင်တာပါ။ နေအိမ်လည်းပါပါတယ်။ နွားတင်းကုတ်ရယ်။ သီးနှံတို့ နွားစာတို့ထည့်တဲ့ ဂိုထောင်ရယ် အဲ့ဒါတွေလောင်သွားတာ။ စုစုပေါင်းဆို ငါးလုံးလောက်ရှိမယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ အဲ့လိုတော့ မသိရသေးဘူးဗျ။ ညောင်ဦးမှာ သုံးလပိုင်းအတွင်း မီးလောင်တာ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု ညောင်ဦးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက…

လားရှိုးတွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျဆင်း ဟုဆို

“မိုးသီးတွေက တော်တော်များတယ်ပြောရမယ်။ အိမ်ခေါင်မိုးတောင်ပေါက်တယ်။ မိုးလည်းသည်းတယ်။ မိုးသီးတွေက ပုံမှန်ထက်ပိုကျတယ်။ မိုးရွာတာနဲ့ မိုးသီးတွေပါလာတာ။ လေကလည်းအတော်တိုက်တယ်။ ရပ်ကွက်တော်တော်များများမှာ သစ်ပင်တွေလဲတာတို့၊ သစ်းကိုင်းတွေကျိုးတာတွေကြောင့် လမ်းတွေပိတ်သွားတာရှိတယ်။” ဟု လားရှိုးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။