» သတင်း

လားရှိုးတွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျဆင်း ဟုဆို

“မိုးသီးတွေက တော်တော်များတယ်ပြောရမယ်။ အိမ်ခေါင်မိုးတောင်ပေါက်တယ်။ မိုးလည်းသည်းတယ်။ မိုးသီးတွေက ပုံမှန်ထက်ပိုကျတယ်။ မိုးရွာတာနဲ့ မိုးသီးတွေပါလာတာ။ လေကလည်းအတော်တိုက်တယ်။ ရပ်ကွက်တော်တော်များများမှာ သစ်ပင်တွေလဲတာတို့၊ သစ်းကိုင်းတွေကျိုးတာတွေကြောင့် လမ်းတွေပိတ်သွားတာရှိတယ်။” ဟု လားရှိုးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အရှေ့အလယ်ပိုင်း ပို့ကုန်လုပ်ငန်းများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ရေနံဈေးနှုန်းများ မြင့်တက်လာ

အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲသည် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်မှုနှင့် သင်္ဘောတင်ပို့မှုကို ဆက်လက်နှောင့်ယှက်နေသောကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က စွမ်းအင်တင်ပို့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားလုံခြုံစေရေး တစ်ကမ္ဘာလုံးက ကြိုးပမ်းအားထုတ်ကြရန် တောင်းဆိုနေသည်။

ထရမ့်၏ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်က အမေရိကန်နှင့် ဆက်သွယ်မှုကို ထိန်းသိမ်းထား

ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရာတွင် ပေကျင်းက မကူညီပါက တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဘေရွတ်မြို့ တောင်ပိုင်းကို အစ္စရေးတိုက်ခိုက်

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို တနင်္ဂနွေနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်က တိုက်ခိုက်မှုအသစ်စတင်လိုက်သည်။ ဘေရွတ်မြို့တော်ရှိ ဟစ်ဇ်ဘိုလာ အခြေခံအဆောက်အအုံများကို အဓိကထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းတိုက်ခိုက်မှုအပြီး ဒူဘိုင်းလေဆိပ်အနီးတွင် မီးလောင်ကျွမ်း လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထား

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် မတ် ၁၆ ရက်၊ တနင်္လာနေ့က ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း လေယာဉ်ခရီး စဉ်များကို ယာယီရပ်ဆိုင်းထားသည်ဟု ဒူဘိုင်းအာဏာပိုင်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးကို မတ်လ ၁၆ ရက်၊ နံနက် ၁၀ တွင် နေပြည်တော်၊ လွှတ်တော်အဆောက်အဦဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော်အ ဆောက်အဦ၌ စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကတို့ကို ရွေးချယ်တင်မြှောက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ တစ်ဦးတည်းကိုသာ…

ကိုးကန့်တပ် (MNDAA) က ကွတ်ခိုင်မြို့ကိုထိန်းချုပ် ဟုဆို

“စစ်ရေးတင်းမာနေတာတော့ တစ်လလောက်ကြာပြီ။ ကုန်စည်းစီးဆင်မှုတွေလည်းတားထားတော့ ကုန်စျေးနှုန်းတွေလည်း စျေးကြီးလာတယ်။ အခုလိုတိုက်ပွဲက ချက်ချင်းကြီးထ ဖြစ်တော့ စားသောက်ကုန်တွေ စုဆောင်းထားတာလည်းမရှိကြဘူး။ မလုံမခြုံနဲ့လည်း စစ်ရှောင်နေရ။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် စားဖို့သောက်ဖို့တွေက အဆင်မပြေပါဘူး။ ရက်ကြာလာရင်တော့ ပြည်သူတွေပဲ ကြားထဲကထိခိုက်လာမှပါ။” ဟု…

နမ္မတီးမြို့တွင် မိုးသည်းထန်စွားရွာသွန်းခြင်းနှင့်အတူ မိုးသီးများကျဆင်းပြီး နေအိမ်အချို့ပျက်စီး

“မိုးက ညနေစောင်းမှာ မိုးမှောင်လာပြီး ၆ နာရီလောက်ကျတော့ တအားရွာချတာ။ ပုံမှန်ပဲရွာမယ်ထင်တာ။ လေတွေပါပါတယ်။ မိုးသီးကြီးတွေကလည်း တစ်ခါမှမမြင်ဖူးဘူး။ ကျလာတာ တော်တော်များတယ်။ အိမ်ခေါင်မိုးတွေဆို ပေါက်ပြဲသွားတာတွေများတယ်။ မိုးသီးကြီးတွေကကြီးတယ် ကွမ်းသီးလုံးလောက်ပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အစ္စရေးကို သတင်းပေးသည်ဟု စွပ်စွဲခံရသော လူဒါဇင်များစွာကို အီရန်ဖမ်းဆီး

အီရန်အနောက်မြောက်ပိုင်းတွင် အီရန်၏စစ်ဘက်နှင့် လုံခြုံရေးပိုင်ဆိုင်မှုများ၏ တည်နေရာအသေးစိတ်အချက်အလက်များကို အစ္စရေးသို့ပေးပို့သည်ဟူသော ပြည်နယ်ရှေ့နေရုံး၏ စွပ်စွဲချက်ဖြင့် လူ ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း အစိုးရတစ်ပိုင်း Tasnim သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

ဟောမို့ဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် စစ်သင်္ဘောများစေလွှတ်ရန် ထရမ့်က မဟာမိတ်နိုင်ငံများကို တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အရေးပါသော ဟောမို့ဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် မဟာမိတ်နိုင်ငံများကို တောင်းဆိုခဲ့ပြီး အီရန်ကမ်းရိုးတန်းဒေသသို့ စစ်သင်္ဘောများစေလွှတ်ခြင်းဖြင့် စီးပွားဖြစ်သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရန် မျှော်လင့်ပါသည်ဟု ပြောကြားသည်။