» သတင်း

အီရန်စစ်ပွဲအနိုင်ရရန် ဗြိတိန်အကူအညီ မလိုအပ်ဟု ထရမ့် ဆို

ဗြိတိန်သည် အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောနှစ်စင်းစေလွှတ်ရန် "အလေးအနက်ထားစဉ်းစားနေ" ဟု ပြောကြားခဲ့သော်လည်း စစ်ရေးမဟာမိတ်များကြား နောက်ဆုံးဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အမေရိကန်သည် အီရန်စစ်ပွဲအနိုင်ရရန် ဗြိတိန်ကိုမလိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က စနေနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

တီဟီရန်က ခေါင်းဆောင်သစ်အတွက် ဆုံးဖြတ်ချက်ချရန် နီးကပ်လာချိန်တွင် အီရန်စစ်ပွဲကိုဖြေရှင်းရန် ထရမ့်ငြင်းဆို

ထရမ့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ရေနံဈေးကွက်များကို လှုပ်ခတ်စေသော၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသော၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ညှိနှိုင်းရေးကို စိတ်မဝင်စားကြောင်း ပြောကြားပြီး၊ မကြာမီတွင် အမေရိကန်မဟာမိတ်အစ္စရေးက…

အော်စလိုမြို့ရှိ အမေရိကန်သံရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား ပျက်စီးမှုအနည်ငယ်သာရှိဟု ရဲတပ်ဖွဲ့ ပြောကြား

"အမေရိကန်သံရုံးကို ပေါက်ကွဲမှုစေသည့်အရာတစ်ခု ထိမှန်ခဲ့တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မစ်ခေး ဒယ်လီမီယာက NRK ရုပ်သံလိုင်းသို့ ပြောကြားခဲ့ပြီး ပေါက်ကွဲမှုသည် ကောင်စစ်ဝန်ရုံးဝင်ပေါက်တွင် ဖြစ်ပွားခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Voice of America ၏ မိခင်ဌာနတွင် အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခြင်းကို အမေရိကန်တရားရုံးက ပယ်ဖျက်

ရလဒ်အနေဖြင့် "၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ နိုဝင်ဘာလ ၁၉ ရက်အထိ ယာယီ CEO အဖြစ် လိတ်ခ်၏ ရာထူးသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သော သြဂုတ်လ ၉ ရက်နေ့ အင်အားလျှော့ချရေး ကြိုးပမ်းမှုများအပါအဝင်…

ရုရှားက အီရန်အား ထောက်လှမ်းရေးသတင်းများ ပေးသည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က လျှော့ပေါ့ပြောဆို

အမေရိကန်-အစ္စရေးတို့၏ အီရန်စစ်ပွဲ အရှိန်အဟုန် မြင့်တက်လာနေချိန်တွင် ရုရှားက အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန်ပစ်မှတ်များနှင့်ပတ်သက်၍ အီရန်ကို ထောက်လှမ်းရေးသတင်းများ မျှဝေနေသည်ဟူသော The Washington Post မှ ပထမဆုံးဖော်ပြခဲ့သည့် သတင်းများကို ဝါရှင်တန်က လျှော့ပေါ့ပြောဆိုလိုက်ကြောင်း သိရသည်။

ဖားကန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦးဒဏ်ရာရ

“လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ကြဲတာ။ တာမခံကျေးရွာ ရှင်တစ်ထောင်ကုန်းက နေအိမ်ကိုထိတာ။ နေ့လည် ၁ နာရီကျော်လောက်က။ သုံးနှစ်အရွယ်ယောင်္ကျားလေးတစ်ဦး မျက်နာ၊ လက်၊ နှစ်ဖူးကိုထိတယ်။ မိခင်ဖြစ်သူကတော့ နေရာမှာတင်ဆုံးသွားတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေ ဟုဆို

“ဖုန်လိုင်းကတော့ ရတစ်ချက်၊ မရတစ်ချက်ပဲ။ ကျောက်တော်မှာ ည ၂ နာရီကျော်လောက်ကြီးဗုံးကျဲတာ အလုံး ၂၀ လောက်ရှိတယ်။ အိမ်ကအမေတို့ မောင်လေးတို့ဆို မအိပ်ရဲဘူး။ ထွက်ပါပြေးရတာ။ ဖုန်းပြောမယ်ဆိုလည်း ဖုန်းလိုင်းရတဲ့နေရာကို သွားပြောရတာ။ တစ်ခါတလေ မိုးချုပ်မှလိုင်းရတယ်။” ဟု…

အရှေ့အလယ်ပိုင်းစစ်ပွဲ ပြင်းထန်လာချိန်တွင် ရေနံဈေးနှုန်းများ မြင့်တက်လာပြီး အမေရိကန်အလုပ်အကိုင်များကြောင့် စတော့ရှယ်ယာဈေးများ ကျဆင်း

အီရန်အပေါ် အမေရိကန်-အစ္စရေးစစ်ပွဲနှင့် ပင်လယ်ကွေ့ဒေသတစ်လွှား တီဟီရန်၏ လက်စားချေတိုက်ခိုက်မှုများသည် ကမ္ဘာ့စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို လှုပ် ခတ်စေခဲ့ပြီး ဟော်မုဇ်ရေလက်ကြားတွင် သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့သည်။

ရေနံစိမ်းဈေးနှုန်းများ ဒေါ်လာ ၉၀ အထက် မြင့်တက်လာချိန်တွင် အမေရိကန်က ရုရှားရေနံအပေါ် ပိတ်ဆို့မှုများ ဖြေလျှော့ပေးမည် ဟုဆို

ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ အထက် မြင့်တက်လာသည်နှင့်အမျှ ဈေးကွက်တည်ငြိမ်စေရန် အိန္ဒိယရေနံချက်စက်ရုံများအား ရုရှားမှရေနံစိမ်းများ ဝယ်ယူခွင့်ပြုပြီးနောက် အမေရိကန်သည် ရုရှားရေနံအပေါ် နောက်ထပ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးနိုင်သည်ဟု စကော့ ဘက်ဆန့်က ပြောကြားသည်။

စစ်ပွဲက စွမ်းအင်ဈေးနှုန်းကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု အမှုဆောင်အရာရှိများက သတိပေး

အရှေ့အလယ်ပိုင်းစစ်ပွဲသည် ပထဝီနိုင်ငံရေးအတွက် ရေရှည်အန္တရာယ်တစ်ခုဖြစ်လာနိုင်ပြီး တိုက်ခိုက်မှုများသည် ဒေသတွင်းသို့ပျံ့နှံ့နေပြီး တစ်လကျော်ကြာရှည်နိုင်ကာ စွမ်းအင်ထောက်ပံ့မှုပြတ်လပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း အရင်းအနှီးဈေးကွက် အမှုဆောင်အရာရှိများက သတိပေးသည်။