» သတင်း

စစ်ပွဲက စွမ်းအင်ဈေးနှုန်းကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု အမှုဆောင်အရာရှိများက သတိပေး

အရှေ့အလယ်ပိုင်းစစ်ပွဲသည် ပထဝီနိုင်ငံရေးအတွက် ရေရှည်အန္တရာယ်တစ်ခုဖြစ်လာနိုင်ပြီး တိုက်ခိုက်မှုများသည် ဒေသတွင်းသို့ပျံ့နှံ့နေပြီး တစ်လကျော်ကြာရှည်နိုင်ကာ စွမ်းအင်ထောက်ပံ့မှုပြတ်လပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း အရင်းအနှီးဈေးကွက် အမှုဆောင်အရာရှိများက သတိပေးသည်။

အီရန် ခြွင်းချက်မရှိလက်နက်ချရန် ထရမ့်တောင်းဆို

"အဲဒီနောက်မှာ ကြီးကျယ်ပြီး လက်ခံနိုင်တဲ့ခေါင်းဆောင်တွေကိုရွေးချယ်ပြီး ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ အံ့သြဖွယ်ကောင်းပြီး အလွန်ရဲရင့်တဲ့မဟာမိတ်တွေနဲ့ မိတ်ဖက်အများအ ပြားဟာ အီရန်ကို ဖျက်ဆီးမှုရဲ့အစွန်းကနေ ပြန်လည်ရောက်ရှိအောင် မနားမနေလုပ်ဆောင်သွားကြမှာဖြစ်ပြီး၊ အရင်ကထက် စီးပွားရေးအရပိုကြီးမား၊ ပိုအားကောင်းလာစေဖို့ပါ။" ဟု ဆိုသည်။

ဟုမ္မလင်းတွင် ရေနစ်သေဆုံးသွားသူများမှ ကျောင်းသူသုံးဦး၏ ရုပ်အလောင်းများပြန်တွေ့ ဟုဆို

“၄ ရက်နေ့ နေ့လည်ကဖြစ်တာဆိုတော့ ၄ ရက်နေ့ ညဘက်မှာ တစ်ယောက်တွေ့တယ်။ ကလေးတွေက နာဂလေးတွေ ကျောင်းဆင်းချိန်ဆိုတော့ မြစ်ထဲရေကစားကြတာ။ မိန်းက လေးသုံးယောက်တော့ ပြန်တွေ့တယ်။ ၅ ရက်နေ့က နှစ်ယောက်တွေ့တယ်။ အသက်တွေက ၁၆ နှစ်၊…

စစ်ရဟတ်ယာဉ်နှစ်စင်း ထိပ်တိုက်တွေ့ပြီးနောက် သြစတြေးလျက တရုတ်ကို အကြောင်းကြား

သြစတြေးလျနှင့် တရုတ်စစ်ရဟတ်ယာဉ်နှစ်စင်းကြား လုံခြုံမှုကင်းမဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအပြီးတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြောင်း သြစတြေးလျကာကွယ်ရေးဌာနက မတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားသည်။

မြစ်ကြီးနားတွင် စားသောက်ဆိုင်နှင့် ကားနှစ်စီး မီးလောင်ကျွမ်း

“မီးလောင်တဲ့ဖြစ်စဉ်တော့ မသိရဘူးဗျ။ စားသောက်ဆိုင်ကတော့ ဘန်ကလိုတဲလေးတွေပဲကျန်ခဲ့တာ။ ဆိုင်မကြီးကတော့ ကုန်သွားတယ်။ ကားကတော့ သုံးနေတဲ့ကား Honda Fit တစ်စီးပါတယ်။ ရပ်ထားတဲ့ကားနဲ့ ဆိုင်ကယ်နှစ်စီးပါတယ်။ သုံးဘီးပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုကတော့ အခုထိတော့ ခန့်မှန်းလို့မရဘူးဗျ။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ…

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက ငြိမ်းချမ်းရေး အခွင့်အရေးပေးရန် စစ်ပွဲဖြစ်ပွားနေသော အဖွဲ့အစည်းများကို တိုက်တွန်း

"ကမ္ဘာကြီးသည် ဤမီးလျှံကိုထိန်းချုပ်ရန်နှင့် ငြိမ်းသတ်ရန် ခြေလှမ်းများကို အရေးတကြီး မြင်တွေ့ရန်လိုအပ်ပါသည်" ဟု ၎င်းက ပြောကြားခဲ့ပြီး "၎င်းအစား ကျွန်ုပ်တို့သည် ပိုမိုလှုံ့ဆော်ပေးသော၊ ရန်လိုသောစကားများ၊ ဗုံးကြဲမှုများ၊ ပိုမိုဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများနှင့် ပိုမိုတင်းမာမှုများကိုသာ မြင်တွေ့နေရသည်" ဟု ညည်းတွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၆ နှစ်အောက်ကလေးများအတွက် လူမှုမီဒီယာအသုံးပြုခွင့် ပိတ်ပင်မည် ဟုဆို

"အန္တရာယ်များသော ပလက်ဖောင်းများရှိ အသက် ၁၆ နှစ်အောက် ကလေးများ၏ အကောင့်များကို YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live နှင့် Roblox တို့တွင် စတင်ပိတ်သိမ်းသွားတော့မည်" ဟု…

ချမ်းသာသော အာရှသားအချို့ ဒူဘိုင်းမှပိုင်ဆိုင်မှုများကို ၎င်းတို့နှင့်အနီးဆုံးသို့ ရွှေ့ပြောင်း

ပြီးခဲ့သည့်အပတ်အတွင်း အီရန်က ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဒူဘိုင်းကိုတိုက်ခိုက်ခဲ့ပြီးနောက်မကြာမီ ဒူဘိုင်းတွင်အခြေစိုက်သော အိန္ဒိယစွန့်ဦးတီထွင်သူနှစ်ဦးသည် စစ်ရေးအန္တရာယ်ကိုကာကွယ်ရန် ၎င်းတို့၏ဘဏ်အကောင့်များမှ ဒေါ်လာ ၁၀၀,၀၀၀ ကျော်စီကို စင်ကာပူသို့ရွှေ့ပြောင်းရန် ကြိုးစားခဲ့ကြသည်။

ဟိုပင်မြို့တွင် ဓားပြတိုက်၊ လူသတ်မှုကြောင့် မိသားစုဝင်ငါးဦး သေဆုံး

“အသတ်ခံရတာက လင်မယားနှစ်ယောက်ရယ်၊ ကလေးနှစ်ယောက်ရယ်၊ အိမ်အကူအမျိုးသမီးတစ်ယောက်ရယ် ငါးယောက်ပေါ့နော်။ အဲ့အကြောင်းကြားပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။ ပြီးတော့ အဲ့အန်တီတို့က အပေါင်ခံတဲ့အလုပ်လည်းလုပ်တယ်တဲ့။ မီးခံသေတ္တာကိုထုရိုက်တာတော့လုပ်သွားကြတယ်တဲ့ဗျ။ ဒါပေမဲ့ မီးခံသေတ္တာတော့ပါမသွားဘူးတဲ့။” ဟု ဟိုပင်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စင်ကာပူရဲတပ်ဖွဲ့က Prince Group လိမ်လည်မှုအဖွဲ့နှင့် ဆက်စပ်နေသူသုံးဦးကို ဖမ်းဆီး

သိမ်းဆည်းထားသော ပိုင်ဆိုင်မှုများထဲတွင် အိမ်ခြံမြေသုံးလုံး၊ ကားရှစ်စီး၊ နိုင်ငံခြားငွေအမျိုးမျိုးဖြင့် ငွေသား၊ ဘဏ်နှင့် ငွေချေးစာချုပ်အကောင့်များ၊ ဇိမ်ခံအိတ်များနှင့် နာရီများပါဝင်ပြီး စုစုပေါင်းခန့်မှန်းခြေအားဖြင့် စင်ကာပူဒေါ် လာ ၃၅၀ သန်း(ဒေါ်လာ ၂၇၅ သန်း)တန်ဖိုးရှိ ပိုင်ဆိုင်မှုများလည်းပါဝင်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည်။