» သတင်း

ထိုင်း-မြန်မာခေါင်းဆောင်များ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ ဘန်ကောက်ရှိ အစိုးရအိမ်တော်၌ပြုလုပ်သည့် တရားဝင်ဆွေးနွေးပွဲများ၏ အဓိကအချက်မှာ နယ်စပ်ဖြတ်ကျော်စိန်ခေါ်မှုများ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးလွယ်ကူချောမွေ့ရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။

ထိုင်းနှင့် မြန်မာခေါင်းဆောင်များ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များအတွက် တွေ့ဆုံမည်

ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းသည် သြဂုတ်လ ၆ ရက်၊ ကြာသပတေးနေ့တွင် Queen Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ “ထိုင်း-မြန်မာ စီးပွားရေးမိတ်ဖက်မှုတွင် အခန်းကဏ္ဍအသစ်” ခေါင်းစဉ်ဖြင့် ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆ ကို ကျင်းပလျက်ရှိသည်။

အိုင်သပြုကျေးရွာရေဘေးသို့ သွားရောက်လှူဒါန်းသည့်ကား တိမ်းမှောက် ခြောက်ဦးဒဏ်ရာရ

ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းက ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လေမျက်နှာမြို့ အိုင်သပြုကျေးရွာသို့ ထမင်းထုပ်များသွားရောက်လှူဒါန်းမည့် ကံကုန်းကျေးရွာမှကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။

အီရန်သည် ‘ခေါင်းဖြတ်ခြေမှုန်းခြင်းမခံရမီ နောက်ဆုံးအခွင့်အရေး’ နှင့် ရင်ဆိုင်နေရကြောင်း ထရမ့်ပြောကြား

အိမ်ဖြူတော်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထရမ့်က ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနှင့် အခြားနိုင်ငံများ၏ တောင်းဆိုချက်အရ အီရန်နှင့် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ပြောကြားသည်။

အီရန်နှင့် ဆွေးနွေးပွဲအသစ်များ စတင်မည်ဟု ထရမ့် ပြောကြား

စစ်ပွဲကိုအဆုံးသတ်ရေး ခြောက်လကြာ သဘောတူညီချက်တစ်ရပ်ကို လိုက်နာရန် အစ္စလာမ်သမ္မတနိုင်ငံကို တိုက်ခိုက်ခြင်းအား ဆိုင်းငံ့ထားရန် ဆုံးဖြတ်ပြီးနောက် အီရန်နှင့်ဆွေး နွေးပွဲအသစ်များ စတင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားသည်။

ဇေယျာသီရိမြို့နယ်တွင် ယာဉ်တိမ်းမှောက် ခုနှစ်ဦးပြင်းထန်ဒဏ်ရာရ

“ဆိုင်ကယ်ကိုရှောင်လိုက်တာ။ အိမ်စီးကားက တစ်ပတ်လည်ပြီး မှောက်သွားတာ။ ဆရာတော်တစ်ပါးနဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးက ငါးယောက်မှာ စိုးရိမ်ရတာ လေးယောက်တော့ပါတယ်။ ဒဏ်ရာရတာတော့ ကားပေါ်ကလူတွေပါပဲ။ ဆိုင်ကယ်က ဘာမှတော့ဖြစ်မသွားဘူး။ မောင်းထွက်သွားတယ်။”

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque တို့ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားကူးတို့သင်္ဘောမီးလောင် ငါးဦးသေဆုံး၊ ၄၁ ဦးပျောက်ဆုံး

အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ Basarnas ၏အဆိုအရ နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော အရှေ့ဂျာဗားရှိ ဆူရာဘာယာမှ တောင်ဆူလာဝေစီရှိ မာကာဆာသို့ သင်္ဘောထွက်ခွာသွားစဉ် မာဒူရာကျွန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သင်္ဘောကပ္ပတိန်က သတင်းပို့ခဲ့သည်။

အရှေ့အလယ်ပိုင်းမှ ထွက်ခွာရန် အမေရိကန်သံရုံးများက နိုင်ငံသားများကို တိုက်တွန်း

ဘာရိန်း၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ရှိ အမေရိကန်သံရုံးများက အွန်လိုင်းတွင်တင်ထားသော သတိပေးချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို "အလွန်ပြင်းထန်စွာ" တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး တစ်ရက်အကြာတွင်…

တောင်ဥက္ကလာတွင် ညအိပ်တည်းခိုသည့်အမျိုးသားက အိမ်ရှင်ကိုရိုက်နှက်ပြီး ပစ္စည်းလုယက်

“အဲ့ဒီအမျိုးသားက အိမ်ရှင်အမေဖြစ်သူနဲ့ အသိတွေလို့သိရတယ်။ အိမ်ကိုညလာအိပ်တာ။ အမေရယ်၊ သမီးရယ်၊ တူမဖြစ်နဲ့ကို သူကခြိမ်းခြောက်ပြီးတော့ ပစ္စည်းတွေကို လုတာပါ။ ပြီးတော့ တူနဲ့လည်း ထုရိုက်တာတွေလုပ်ခဲ့တယ်။ ဒဏ်ရာတွေလည်းရတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းပါသွားတယ်။ ပစ္စည်းတွေလုပြီး ကျူးလွန်သွားတဲ့သူကိုတော့ သက်ဆိုင် ရာရဲတပ်ဖွဲ့က စုံးစမ်းနေတယ်လို့သိရတယ်။”