» သတင်း

သဘောတူညီချက် အမြန်ရရှိရန် အီရန်အပေါ် တိုက်ခိုက်မှုများကို ရွှေ့ဆိုင်းထားမည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ရပ်တန့်ရန်နှင့် ဟော်မိုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက်တစ်ရပ်ကို အ မြန်ရရှိနိုင်ရေးအတွက် အီရန်အပေါ် တိုက်ခိုက်မှုများကို ဆိုင်းငံ့ထားမည်ဟု စနေနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း ဆိုင်းမြစ်ရေမြင့်တက်လာပြီး မယ်ဆိုင်မြို့ကို သတိပေးချက်ထုတ်ပြန်

ရေအရင်းအမြစ်သတင်းအချက်အလက်ဌာန၏အဆိုအရ မြန်မာနိုင်ငံအထက်ပိုင်းဒေသ စောင့်ကြည့်ရေးစခန်းတွင် မိုးရေချိန် ၈၀ မီလီမီတာအထိ ရောက်ရှိခဲ့ပြီး မယ်ဆိုင်မြို့ထဲသို့ မြစ်ရေများ ပိုမိုစီးဝင်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

လေးမျက်နှာမြို့တွင် ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် နေအိမ်များ အရေးပေါ်ရွှေ့ပြောင်းနေရ

“လောလောဆယ် ကယ်ဆေးရေးတွေတော့ရောက်နေပြီ။ မီးသတ်တပ်ဖွဲ့တွေလည်းရောက်နေပြီ။ ခုနကတော့ ဟင်္သတခရိုင်ကွန်ရက်ဆင်းသွားတယ်။ လိုအပ်ရင် ကျွန်တော်တို့အဖွဲ့တွေလည်းဆင်းရမှာပါ။ လောလောဆယ်က သူတို့ဇာတိက မြို့ခံတွေက ဇလွန်မြို့ပေါ်မှာရှိတယ်။ သူတို့ဆီကကြားရတဲ့သတင်းအရဆိုရင်တော့ မြစ်ကျိုးအင်းကနေ အလုံးလိုက်ရောက်သွားမဲ့အနေအထားတော့မရှိဘူး။ ဒါပေမဲ့ ဒီနေ့မိုးဆက်ရွာမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။”

ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးဟု အရပ်ဘက်ကာ ကွယ်ရေးဌာန ပြေကြား

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးသည် ရှိနေဆဲဖြစ်သော်လည်း ဂါဇာတွင် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်းမရှိဘဲ စစ်ပွဲကိုအဆုံးသတ်ရန် ရေရှည်သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုများလည်း ရပ်တန့်သွားခဲ့သည်။

စပိန်နိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေ ရုတ်သိမ်း၊ ပြင်သစ်မီးသတ်သမားများ မျှော်လင့်ချက်မြင့်မားလာ

မက်ဒရစ်မြို့အနီးရှိ တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် စပိန်နိုင်ငံသည် ဇူလိုင် ၃၀ ရက်၊ ကြာသပတေးနေ့တွင် ရုပ်သိမ်းလိုက်သောကြောင့် တောမီးများ ကြီးကြီးမားမားပျံ့နှံ့ဖွယ်မရှိတော့ဟု ပြင်သစ်မီးသတ်သမားများက မျှော်လင့်နေကြသည်။

ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာနိုင်

ဂျပန်နိုင်ငံတွင် ကြီးမားသောငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူ ၂၃ ဦးအထိ သေဆုံးနိုင်ဖွယ်ရှိပြီး ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ပြိုကျသွားသည်ဟု ယူဆရသော ဈေးဝယ်စင်တာ၏ အပျက်အစီးများထဲမှ အလောင်းလေးလောင်းကို ကြာသပတေးနေ့တွင် ဆွဲထုတ်နိုင်ခဲ့သည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိနေဟု မိုး/ဇလမှ ထုတ်ပြန်

ဇူလိုင် ၃၀ ရက်၊ နေ့လည် ၁၂ နာရီ၊ မိနစ် ၃၀ တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာမှ ၈၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း…

ပြင်ဦးလွင်တွင် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံး

“ကလေးက ဓာတ်တော်ချိုင့်ရေတံခွန်ကနေ ခြေချော်ပြီးကျတာလို့ သိရတယ်။ အသက်က ၁၆၊ ၁၇ လောက်ပဲရှိဦးမယ်။ မိန်းကလေးပါ။ မိသားစုတွေနဲ့လည်းသိရပြီး ပြောတယ်။ ညနေပိုင်းလောက်ကဖြစ်သွားတာ။ အခုတော့ ရှာဖွေရေးက ပြီးသွားပါပြီ။ ကလေးရုပ်အလောင်းလည်း ပြန်တွေ့ပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့…

တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုး/ဇလမှ ထုတ်ပြန်

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့ည ၇ နာရီက ထုတ်ပြန်ထားသည်။

စမုတ်ပရာကန်ရှိ ဂိုဒေါင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း အလှကုန်အတု ၁၈,၀၀၀ ကို သိမ်းဆည်းရမိ

ထိုင်းစီးပွားရေးရာဇဝတ်မှု ရဲတပ်ဖွဲ့သည် စမုတ်ပရာကန်ရှိ လေးထပ်စီးပွားရေးဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ခန့်မှန်းခြေ ဘတ် ၂ သန်း (ဒေါ်လာ ၅၅၀၀၀) တန်ဖိုးရှိသော အလှကုန်နှင့် အသားအရေထိန်းသိမ်းမှုထုတ်ကုန်အတု ၁၈,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။