အထူးသတင်း
- ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိသော ငလျင်လှုပ်ခတ် အများအပြား ဒဏ်ရာရ
- ထိုင်းစာအုပ်ပွဲတော်တွင် တရုတ်နိုင်ငံသားနှင့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေး
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
- တိုင်ဖွန်းနိုလ် တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်၊ လူ ၇၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ
“၂၁ ရက်နေ့က ကံထူးမရွာမှာ တိုက်ပွဲစဖြစ်တာကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေလို့ ရွာတွေမှာ ဘယ်သူမှမနေရဲဘူး။ ရွာပေါင်း ဆယ်ရွာကျော်လောက်က လူသောင်းချီပြီး ထွက် ပြေးနေရတယ်။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီတို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီမြို့နယ်တို့၌ နှစ်လကျော်ကာလအတွင်း နစကတပ်များနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားနေ၍ ထိုဒေသများရှိ ဒေသခံစုစုပေါင်း နှစ်သောင်းထက်မနည်းမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။