အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“မနေ့ညကမှစတာ။ ဒီနေ့မနက်ကတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ လက်နက်ကြီးသံတွေရော၊ အသေးသံတွေရောပဲ။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နဲ့ နောက်ကျောကနေပြီးတော့ ဆိပ်ဆိုင်းတောင်ကို အနောက်လမ်းပေါက်တယ်။ အဲ့ဘက်တစ်ကျောမှာ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။” ဟု ဖားကန့်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးတဝိုက်ရှိ မန့်မော်ရွာ၌ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ၁၀၅ မိုင်ဗျူဟာကုန်းနှင့် နမ့်ပေါ်တံတားတို့၌ တိုက်ပွဲပြင်းထန်နေသဖြင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အရပ်သားများ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။