» သတင်း

ကျားဖျန့်လုပ်ငန်းအတွက် လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို DKBA က ထိုင်းသို့လွှဲပြောင်း

လွှဲပြောင်းပေးတဲ့ထဲမှာ တရုတ်နိုင်ငံသားတွေတော့မပါသေးဘူး။ သူ့ကိုဖမ်းဖို့ပြောတော့မှ လူကုန်ကူးထားတဲ့သူတွေကို ပြန်လွှတ်ပေးနေတာ။ မဲဆောက်လေယာဉ်ကွင်းကိုအသုံးပြုဖို့ ထိုင်းအစိုးရကို ဆက်သွယ်အကြောင်းထားတယ်လို့ သိရတယ်။ ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။

ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၃) ရပ်ကွက်တွင် စက္ကူကြမ်းသို​လှောင်ရုံ မီး​လောင်

"မီးငြိမ်းသတ်မှု တစ်နာရီခန့်ကြာခဲ့ပါတယ်။ စက္ကူကြမ်းသို​လှောင်ရုံပါ။ တစ်ဦးတစ်​ယောက်က ဆေးလိပ်မီးပစ်ခဲ့လို့ မီး​လောင်မှုဖြစ်ပွားခဲ့တယ်လို့ ယူဆမိပါတယ်။ လတ်တ​လော မီး​လောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူ​တွေကို စုံစမ်းစစ်​ဆေး​နေပါတယ်။"

ဒလတံတားတည်ဆောက်မှု စီမံကိန်းတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းပြီးစီး

"သတ်မှတ်ချိန်အတွင်းပြီးစီးဖို့ လုပ်နေတယ်။ ၂၄ နာရီလုံး နေ့ဆိုင်းနဲ့ ညဆိုင်းခွဲပြီးလုပ်နေတယ်။ တော်တော်များများလည်းပြီးနေပါပြီ။" ဟု တံတားတည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီးမလုံလောက်ခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရ ဟုဆို

EV ကားဈေးကွက်ကတော့ ထိုက်သင့်တဲ့ဈေးထက် ချရောင်းနေရတယ်။ EV အတွက် လုံလောက်တဲ့အခြေခံအဆောက်အအုံရှိရမယ်။ လျှပ်စစ်မီးတွေ လုံလောက်အောင်ပေးရမယ်။ လက်ရှိမှာတောင် လျှပ်စစ်မီးက အိမ်သုံးစွဲဖို့တောင် ခွဲဝေသုံးစွဲနေရတာဆိုတော့ EV ကားအတွက် နည်းနည်းလေးအခက်အခဲရှိလာတယ်။

လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်းပြန်‌လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA ဆို

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ဘုရားသုံးဆူမြို့အပါအဝင် နယ် စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ ခြင်းတို့ကို ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပဈေးကွက်မရှိတော့သည့် မြန်မာ့ဖရဲ

"တရုတ်ကိုက မတင်ပို့နိုင်တော့ဘူး။ ကုန်ကျစရိတ်အရမ်းများလို့။ ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းနေရတယ်။ အခုရောင်းနေတဲ့အသီးတွေက မိုးတွင်းတုန်းကစိုက်ထားတဲ့အသီးတွေပေါ့။ ဒီနှစ်မှာလုံးဝရှုံးတယ်။ရေကြီးတုန်းကလည်း စိုက်ခင်းတွေပျက်ကုန်တာ။ အသီးထွက်ပြန်တော့လည်း‌ ဈေးကွက်ကမရှိတော့ဘူး။"

စစ်ဘေး​ရှောင်များအတွက်အလှူခံသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီး

ကထုန့်ဘဲင်မြို့နယ်၊ ဖေ့ကဆင်လမ်းမရှိ ခုံးကျော်တံတားပေါ်တွင် မြန်မာနိုင်ငံရှိ စစ်ဘေး​ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ကူညီရန် အလှူငွေများကောက်ခံနေချိန် ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားမြစ်ခဲ့ပြီး​နောက် ထိုင်းရဲတပ်ဖွဲ့ကို တိုင်ချက်ဖွင့်လှစ်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရ​​ကြောင်း သိရသည်။

တေးရေးနိုင်မြန်မာ၏နာရေး ရေဝေးသုဿာန်တွင်ပြုလုပ်

တေးရေးနိုင်မြန်မာ၏ သီချင်းများအနက် ရှစ်လေးလုံးအရေးတော်ပုံ၏ "ကမ္ဘာမကြေ"သီချင်းအပါအဝင် တစ်ကိုယ် တော်သုံးရာသီ၊ ဒုံးယိမ်းည၊ ပလက်ဖေါင်းရှိုး၊ ရင်တွင်းမေ၊ ဝါဆို စသည့်သီချင်းများကို ပရိသတ်များကြိုက်နှစ်သက်ခဲ့ကြသည်။

ဘိလပ်မြေစက်ရုံများအတွက်လိုအပ်သည့် ကုန်ကြမ်းကျောက်မီးသွေးကို ပြည်ပမှတင်သွင်းခွင့်ပြုမည် ဟုဆို

"ဘိလပ်မြေက ပစ္စည်းတွေပြတ်လုနီးပါးဖြစ်နေတယ်။ ပြည်တွင်းမှာလည်း မထုတ်နိုင်သလို လက်ကျန်ပစ္စည်းတွေကလည်း အဆမတန်ဈေးမြင့်တက်နေတာ။ သွင်းခွင့်ပိတ်ထားတာကလည်း ကြာလှနေပြီ။ ဘာမှလုပ်လို့မရဘူး။" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ကမ္ဘာမကြေဘူး” “အလုပ်သမားအောင်လံတော်” သီချင်းများကိုရေးသားခဲ့သူ တေးရေးနိုင်မြန်မာ ကွယ်လွန်

ရှစ်လေးလုံးအရေးတော်ပုံကာလက "ကမ္ဘာမကြေဘူး" သီချင်းနှင့် တတ်ကြွလှုပ်ရှားသူ အလုပ်သမားများအတွက် “အလုပ်သမားအောင်လံတော်” သီချင်းများကိုရေးသားခဲ့သူ တေးရေးနိုင်မြန်မာသည် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။