» သတင်း

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ ဟုဆို

"ရင်းနှီးမြှုပ်နှံမှုက ၂၀၂၁ နောက်ပိုင်း လုံးဝကိုမရှိသလောက်ဖြစ်သွားတာ။ လာတော့လည်း အသေးအဖွဲတွေလောက်ပဲ။ ပြည်ပထက် ပြည်တွင်းရင်းနှီးမြုပ်နှံမှုက ပိုများလာတယ်။ သူတို့ကလည်း ပြည်တွင်းအခြေအနေကို ကြည့်တာဆိုတော့ အပြစ်ပြောလို့တော့မရဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ၇၀ ရာခိုင်နှုန်းလောက်လျော့သွားတာပေါ့။"

ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင်

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဈေးထပ်မံလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်/အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘောအားတိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေ ဟုဆို

ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများက မြန်မာ့ရွှေကိုဝယ်ယူရန် စိတ်ဝင်စားနေပြီး၊ ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ဂွမြို့တွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

“ဗုံးကိုတွေ့တဲ့အချိန် ဆော့တာထင်ပါတယ်။ အဲ့လိုပုံစံမျိုးနဲ့ ပေါက်ကွဲတာပါ။ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၂၀ မိန်းကလေးတစ်ဦးနဲ့ အသက် ၄၀ အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ နှစ်ဦးက ဒဏ်ရာရတယ်။”

မြို့နယ်အချို့တွင် လျှပ်စစ်မီးကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့်ပေးနေ ဟုဆို

ဇန်နဝါရီလမှစတင်ကာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီလာ၊ ၈ နာရီပျက်စနစ်ဖြင့် ဖြန့်ဝေပေးနေရာမှ ယခုအခါ 230kV ရွှေလီ-မန်စံလိုင်းအား ပြုပြင်ပြီးစီးပြီဖြစ်သည့်အ တွက် လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလမှစတင်ပြီး အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများကို ပြည်ပထွက်ခွင့်ပိတ် ဟုဆို

ထိုကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် လိုင်စင်ရအေဂျင်စီများအနေဖြင့် အခက်အခဲများစွာရှိနေကြောင်း၊ ထို့ကြောင့် အေဂျင်စီများစုပေါင်း၍ အလုပ်သမားဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် မဟာမိတ် ၈ နိုင်ငံတို့ ကြေညာချက်ထုတ်ပြန်

နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား မိမိတို့အလေးအနက် တိုက်တွန်းပါသည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင်ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

လှိုင်သာယာတွင် လိုက်ထရက်ယာဥ်တိမ်း​မှောက်ပြီး အမျိုးသားတစ်ဦး ​သေဆုံး

"ဘုရင့်​နောင်တံတားအမှတ်(၂)အဆင်းမှာ တိမ်း​မှောက်သွားတာပါ။ ယာဥ်​ပေါ်ပါအမျိုးသားတစ်ဦးက ​နေရာမှာပဲ သေဆုံးသွားပါတယ်။ ကိုယ်ဝန်​ဆောင်အမျိုးသမီးတစ်ဦးက ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ တံတားအဆင်းမှာ အရှိန်မထိန်းနိုင်လို့ တိမ်း​မှောက်သွားတယ်လို့ ယူဆမိပါတယ်။"

ဇန်နဝါရီနောက်ဆုံးအပတ်မှစတင်၍ ဘိလပ်မြေ ပြန်လည်တင်သွင်းခွင့်ပြုထား ဟုဆို

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများကို ပြည်ပမှတင်သွင်းခွင့်ပိတ်ထားသလို ပြည်တွင်း၌လည်း ထုတ်လုပ်နိုင်ခြင်းမရှိသည့်အတွက် ဈေးနှစ်ဆ မြင့်တက်နေကြောင်း သိရသည်။