» သတင်း

MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲခြင်းသာဖြစ်ပြီး တပ်ပြန်ဆုတ်ရန်မသေချာ ဟုဆို

"နှစ်ဖက်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်လိုက်တာက ဟုတ်ပါတယ်။ ဒါပေမယ့် လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ မဆုတ်ဖို့က မသေချာဘူး။" ဟု MNDAA မှ ပြောခွင့်ရတစ်ဦးက ယနေ့ခေတ်သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။

မြန်မာ့လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်

"မြန်မာ့လက်ဖက်ဆိုရင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းလို့ရတယ်။ ဘာလို့ဆို ဟိုးရှေးယခင် ဘုရင်တွေလက်ထက်ကတည်းက စားသုံးလာတဲ့အစားအသောက် ဖြစ်တယ်။ ဒါကြောင့်လည်း တင်သွင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။"

“ဝ” နှင့် ကိုးကန့်ဒေသ တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်

ကိုးကန့်ဒေသနှင့် "ဝ"ပြည်နယ်၊ ဟိုပန်ကိုဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့်ကုန်စည်များ ထိန်းချုပ်ခြင်းကို အပြည့် အဝ လွတ်လပ်ခွင့်ပေးရန် ခွင့်ပြုလိုက်ကြောင်း၊ ထို့ ကြောင့် ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း သိရသည်။

G to G စနစ်ဖြင့် မြန်မာ့ဆန် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့

"အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ စာချုပ်ချုပ်ထားတာရှိတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ပြသနာတွေကြောင့် မပို့ဖြစ်ဘူး။ အခုမှ ပြန်ပို့ဖြစ်တာပါ။" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်း မြန်မာဘက်မှ စတင်နိုင်ခြင်းမရှိသေး ဟုဆို

အဆိုပါ ရထားလမ်းဖောက်လုပ်ရန်အတွက် တရုတ်ဘက်မှ အဆင်သင့်ဖြစ်နေသော်လည်း မြန်မာဘက်ခြမ်း၌ ဒေသတွင်းမငြိမ်မသက်မှုများကြောင့် စတင်ရန်အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ဖားကန့်  နွံကန်ပြိုကျမှု ရှာဖွေမှုရပ်ဆိုင်း

"ရှာဖွေမှုကတော့ ရပ်ဆိုင်းလိုက်ပြီ။ ကျန်သေးတဲ့သူတွေလည်းရှိသေးတာပေါ့။ ဆက်မရှာတော့ဘူး။ ရှာတွေ့ထားတဲ့ရုပ်အလောင်းအချို့ကိုတော့ မီးသဂြိုလ်ပြီးပါပြီ။" ဟု ကူညီကယ် ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပီလခတ်နွားလွှတ်ပွဲတော်သို့ လူထောင်နှင့်ချီလာရောက်ဆင်နွှဲ

"ဒီနှစ်က လူပိုများတယ်။ ပွဲတော်က မနှစ်ကထက်ပိုစည်တယ်လို့ ပြောလို့ရတယ်။ ကိုဗစ်ကာလမှာလည်း လုံးဝရပ်ထားတာမရှိဘူး။ နှစ်စဉ်ရိုးရာမပျက် ကျင်းပတယ်။ လွှတ်တဲ့နွားအ ကောင်ရေ နည်းတာနဲ့ များတာပဲကွာတယ်။"

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူအသစ်ဖြင့် ညှိနှိုင်းဆောင်ရွက်ရန် ရင်းနှီး/စီးပွားဝန်ကြီး ဆို

အဆိုပါစီမံကိန်းသည် ရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းနှင့် ကုဋေချီကျွန်းတို့တွင်တည်ရှိပြီး ယခုလောလောဆယ်အချိန်တွင် စီမံကိန်းစတင်နိုင်ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း သုံးသပ်ပြောဆိုခြင်းများရှိနေသည်။

ရွှေဈေးနှင့် ဒေါ်လာဈေးများ ပြန်လည်မြင့်တက်

"ဒေါ်လာဈေးနဲ့ ရွှေဈေးက ရုတ်တရက်ခုန်တက်လာတယ်။ ဒါကလည်း တချို့တွေက လက်ထဲမှာဝယ်ကိုင်ထားကြတယ်။ ဈေးငြိမ်နေတော့ အဲဒီလူတွေက ဈေးဆွဲတင်ကြတာ။ ဈေးတွေတက်နေပေမယ့်လည်း အရောင်းအဝယ်က ငြိမ်တယ်။"

တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၁၅ ဦးကို အရေးယူ

"ပြောရရင်ဒေါ်လာဈေးက ငြိမ်နေတာ။ အတတ်အကျမရှိဘူး။ ၄၅၀၀ ပတ်ချာလည်နဲ့သွားနေတာပေါ့။ ဈေးက နည်းနည်းလေးအတက်ပြရင် ဖမ်းပြတော့တာသူတို့က။ Money Changer ရှေ့မှာ ပေါ်တင်ရောင်းဝယ်နေကြတာပဲ။"