» သတင်း

သံတွဲမြို့တွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် ယားနာဆေးများ အရေးပေါ်လိုအပ်နေ ဟုဆို

၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစ၍ သံတွဲမြို့တွင် နစကတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရွာရှစ်ရွာရှိ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် လူဦးရေ ၁၀၀၀ ကျော်တွင် ယားနာများဖြစ်ပေါ်နေခြင်းကြောင့် ယားနာဆေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ကြည့်မြင်တိုင်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

"အပစ်ခံရတဲ့သူက ဈေးကလေးရပ်ကွက်က အုပ်ချုပ်ရေးမှူးပါ။ သူ့ကိုသတ်တဲ့သူက ဘယ်သူဘယ်ဝါမှန်း သေချာမသိရဘူး။ သူ့ကို သတိပေးစာတွေဘာတွေအရင်ပို့တယ်လို့ကြားတယ်။ သေချာတော့မသိရဘူး။"

အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် ၉ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန်

"မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြုသဘောဆောင်ကာ အားလုံးအကျုံးဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုမှုများကို ထောက်ခံလျက်ရှိပါသည်။"

ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးအဆောင်တစ်ခုမီးလောင် အမျိုးသမီးတစ်ဦး သေဆုံး

“ဒီမနက်က အမျိုးသမီးအဆောင်ကနေ ဝါယာရှော့ဖြစ်ပြီးမီးလောင်တာ။ အလုပ်သမားအဆောင်လို့တော့ပြောတယ်။ အဲ့အနီးအနားကနေအိမ်တော့ ခန့်မှန်းချေ ၁၅ လုံးလောက်တော့ မီးကူးပြီးလောင်တာ။ အမျိုးသမီးတစ်ဦးနဲ့ ခွေးလေးတစ်ကောင်တော့ သေဆုံးသွားတယ်။”

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်းဝင်ရောက်

"ပြည်တွင်းမငြိမ်မသက်ဖြစ်မှုက ပိုပိုဆိုးလာတော့ ရင်းနှီးမြှုပ်နှံမှုက ဝင်သင့်သလောက် မဝင်တာကိုတွေ့ရတယ်။ လာရင်လည်း ပမာဏကနည်းတယ်။ အစောပိုင်းကာလတွေမှာ နာမည်ကြီးရင်းနှီးမြှုပ်နှံသူတွေက ထွက်ခွာသွားတော့ ပိုဆိုးသွားတာပေါ့။"

ဒဂုံဆိပ်ကမ်းမြို့နယ် ကင်ဆာဆေးရုံသို့ ဝိုင်ဘီအက်စ်နှစ်လိုင်း လမ်းကြောင်းတိုးချဲ့ပြေးဆွဲ​

ရန်ကုန်ပြည်သူ့​ဆေးရုံ​ရှေ့(ဂိတ်ဖျား)မှ အမျိုးသားကင်ဆာ​ဆေးရုံ(ဒဂုံဆိပ်ကမ်း)အထိ ​ကင်ဆာ​​ရောဂါ ဆေးကုသသူများ အဆင်ပြေစေရန်အတွက် ဝိုင်ဘီအက်စ်ယာဥ်လိုင်းနှစ်လိုင်းကို လမ်းကြောင်းတိုးချဲ့​ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

အမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှု ၁၄၀ မှုဖြစ်ပွားပြီး ၅၁ ဦးသေဆုံးကာ ၂၉၃ ဦးဒဏ်ရာရ

“ယာဉ်တိုက်မှုကတော့ ၁၄၀ အထိရှိခဲ့ပြီး၊ သေဆုံးသူကတော့ ၅၁ ဦးထိရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူက စုစုပေါင်းဆို ၂၉၃ ရှိပါတယ်။ ယာဉ်တိုက်မှုက မနှစ်ကထက်စာရင် ဒီနှစ်တော့ နည်းပါတယ်။ အမြန်လမ်းမှာ ယာဉ်ကိုသတိထားပြီးမောင်းပေးပါ။”

တိုက်ပွဲများကြောင့် တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၅ သန်းကျော်ရှိ ဟုဆို

အဆိုပါတိုက်ပွဲများကြောင့် ယနေ့အချိန်အထိ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်အချို့ နေရပ်မပြန်နိုင်သည့်သူများလည်းရှိနေကြောင်း ဗန်းမော်မြို့မှ စစ်ရှောင်တစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၇ ရက်တွင် ဂျိုးဖြူရေပြတ်တောက်မည် ဟုဆို

ရေပိုက်ပေါက်ပြုပြင်ခြင်းလုပ်ငန်းအား အ‌ရေးပေါ်ဆောင်ရွက်နိုင်ရန် ဂျိုးဖြူရေလှောင်ကန် ပိုက်လိုင်းအရင်းမှ ရေဘားပိတ်ခြင်း၊ ထပ်ဆင့်ရေတွန်းစက်ရုံကြီးများဖြစ်သော ပျော်ဘွယ်စု ရေတွန်းစက်ရုံ၊ ရေကူး ရေတွန်းစက်ရုံများ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

တစ်နေ့လျှင် လျှပ်စစ်မီး လေးနာရီသာရရှိတော့မည် ဟုဆို

"အကြောင်းအမျိုးမျိုးကြောင့် ဝန်အားလျှော့ချလိုက်တာပါ။ အရင်ထက် ပြတ်ချိန်ပိုများသွားတာပေါ့။ ဝန်အားနိုင်တာနဲ့ ဓာတ်အားချက်ခြင်းပေးမှာပါ။" ဟု YESC မှ ဝာာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။