» သတင်း

လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများတွင် နိုင်ကျဉ်းအနည်းငယ်သာပါဝင် ဟုဆို

နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်းကို ယနေ့ခေတ်သတင်းဌာနမှ အပြည့်အစုံမရရှိသေးသော်လည်း အနည်း ငယ်သာပါဝင်ဖွယ်ရှိကြောင်း ပြန်လည်လွတ်မြေက်လာသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ရှင်နာဝါထရာသည် ထိုင်းဘတ် ၁၄ ဘီလျံနီးပါး ကြွယ်ဝချမ်းသာပြီး ဒေါ်လာသန်းချီတန်ကြေးရှိ လက်ကိုင်အိတ်များလည်းပိုင်ဆိုင်သည် ဟုဆို

ရှင်နာဝါထရာသည် ပြီးခဲ့သောနှစ် စက်တင်ဘာလအတွင်းက ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်(NACC)၏ စည်းကမ်းများကို လိုက်နာမည်ဖြစ်သည့်အတွက် ပိုင်ဆိုင်မှုများကို ကြေညာပေးမည်ဟု ပြောထားသည်။

နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး

"မနက်အစောကတည်းက လာစောင့်နေတာ။ လွတ်မယ်လို့လည်းမျှော်လင့်တယ်။ ၁၀ နှစ်အောက်အထိလူတွေပါမယ်လို့ကြားတယ်။" ဟု ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဆင်မလိုက်ဆိပ်ကမ်းတွင် သင်္ဘောတစ်စီးပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦးသေဆုံး

"ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ သင်္ဘောအင်ဂျင်နီယာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ရာထူးမှဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းမှု မအောင်မြင်

တောင်ကိုရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးရုံး (CIO) သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယားတရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ရာ ရဲတပ်ဖွဲ့ကဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာရံမှု ခြောက်မိုင်ခန့်ပြီး​မြောက်​ကြောင်း သတင်းထုတ်ပြန်

အိန္ဒိယ-မြန်မာနယ်နိမိတ်သည် မိုင်တစ်ထောင်ကျော်ရှည်လျားပြီး မဏိပူရ်ပြည်နယ်နှင့် ၂၄၇ မိုင်ထိစပ်​နေပြီး မဏိပူရ်အစိုးရက လုံခြုံရေးကိုအကြောင်းပြုပြီး နယ်စပ်စည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရအား တိုက်တွန်းခဲ့​ကြောင်း သိရသည်။

ဖုန်းဟန်းဆက်ပြောင်းလဲမှုကြောင့် ငွေများထုတ်ယူခံရခြင်းဖြစ်သည်ဟု KBZ Pay ထုတ်ပြန်

"ဒီထုတ်ပြန်ချက်ကို ပြန်ပြောရမယ်ဆိုရင် ဘဏ်ကတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သဘော။ သုံးစွဲသူဘက်က အပြစ်လိုဖြစ်နေတာ။ OTP ကုတ်တောင်မကျပဲ ပိုက်ဆံကို အကောင့်ထဲက ထုတ်နိုင်တယ်ဆိုတာ ဘဏ်ဘက်ကပဲ လုပ်လို့ရမှာလေ။ ဆုံးရှုံးတော့ကိုယ်တွေပဲ။"

ဂါဇာဒေသရှိဆေးရုံများအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ကမ္ဘာကျန်းမာရေးအဖွဲ့ တောင်းဆို

အမေရိကန်အခြေစိုက် MedGlobal က ဖမ်းဆီးခံထားရသော ဆေးရုံအကြီးအကဲကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဆေးရုံအကြီးအကဲကိုဖမ်းဆီးခြင်းသည် မျှတမှုမရှိသလို စစ်ပွဲဇုန်အတွင်း ကျန်းမာရေးဝန်ထမ်းများကိုကာကွယ်ပေးရမည်ဆိုသော နိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေဆဲ ဟုဆို

တိုင်ဖွန်းမုန်တိုင်းရာဂီ ဝင်ရောက်တိုက်ခတ်မှု၊ ပြည်တွင်းပဋိပက္ခတို့၏ ဂယက်ရိုက်ခက်မှုဖြစ်သော ပြည်တွင်းကုန်စည်ရရှိမှု (Supply) နှင့် ကုန်စည်ပစ္စည်းများ ထောက်ပံ့စီးဆင်းမှုလုပ်ငန်းစဉ် ကသောင်းကနင်းဖြစ်မှုတို့ကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်နေဆဲပင်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစွဲအရေးယူရန် ဘင်္ဂလားဒေရှ့်ပြည်သူများ တောင်းဆို

ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ ရာချီသေဆုံးစေရန် အမိန့်ပေးခဲ့သူဖြစ်ကြောင်း စွပ်စွဲခံနေရသည်။