» သတင်း

လားရှိုး-မိုင်း​ကျက် ဖြတ်သန်းတည်​ဆောက်ထား​​သော မိုင်း​​ယော်(ဖွန်​ချောင်)သံတံတား ပြိုကျ

မိုင်းယော်(ဖွန်ချောင်) သံတံတားသည် ကွမ်းလုံ၊ ကာမိုင်း၊ မိုင်းတင်၊ ပန်ရှော်၊ မန်ပြိန်း၊ ပန်ခမ်း၊ မိုင်းယော်၊ မိုင်းကျက်နှင့် တာပုံရွာတို့ ​နေ့စဥ်ကုန်စည်သယ်​ဆောင်​ရေးအတွက် အရေးပါသည့်တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ်နှင့် တည်းခိုခန်း ကြိုတင်မှာယူများပြည့်နေ ဟုဆို

“အခန်းမေးကြည့်တာ တစ်ခုမှမရတော့ဘူး။ ရတဲ့အခန်းကလည်း ဈေးကနှစ်ဆလောက်မြင့်နေတယ်။ ၁ ရက်နေ့ထိ လူပြည့်နေပြီတဲ့။ ကမ်းခြေကတော့ ‌အသွားများကြတယ်။ ဈေးလည်းအသင့်အတင့်ရှိတော့ သွားကြတယ်။ အခါကြီးရက်ကြီးဆို ဈေးကတော့ ပုံမှန်ထက်များတယ်။”

လူပေါင်း ၃၈ ဦးသေဆုံးခဲ့သော အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ကို ရုရှားပစ်ချခဲ့ ဟုဆို

ခရီးသည်တင်လေယာဉ်ကို စုံစမ်းစစ်ဆေးခဲ့သော ကာဇက်စတန် စုံစမ်းရေးအရာရှိများက လေယာဉ်သည် ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်၏ ပစ်ချခံရခြင်းဖြစ်ကြောင်းဆိုသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသော်လည်း ရုရှားဘက်က တစုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

တောင်ကိုရီးယား ယာယီသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မည်ဟု အတိုက်အခံပါတီ ဆို

တောင်ကိုရီးယား အတိုက်အခံပါတီသည် ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသော ဟန်ဒက်ဆိုကို စွပ်စွဲပြစ်တင်ခဲ့ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တောင်ကိုရီးယား အတိုက်အခံပါတီနှင့် ယာယီသမ္မတကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

မိုဇမ်ဘစ်နိုင်ငံ၏ အကျဉ်းထောင်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅၀၀ ထွက်ပြေးလွှတ်မြောက်

မိုဇမ်ဘစ်နိုင်ငံတွင် ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများဖြစ်ပွားနေချိန်တွင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများဖြစ်လာခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူများက ထောင်ဖောက်ထွက်ပြေးမှုများသည် ဆန္ဒပြပွဲများနှင့် ဆက်နွယ်ခြင်းမရှိကြောင်း ပြောသည်။

မန္တလေးမှရွှေဆိုင် ရွှေတစ်ပိဿာကျော် ဓားပြတိုက်ခံရ

အမည်မသိအမျိုးသားနှစ်ဦးသည် ၇၇ လမ်း၊ ၃၂x၃၃ ကြားရှိ နဂါးနန်းတော်ရွှေဆိုင်သို့ 110 wave ဆိုင်ကယ်စိမ်း/ဖြူရောင်ဖြင့်ရောက်လာပြီး သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်ကိုင်ဆောင်ကာ ဓားပြတိုက်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်တွင် ကာလဝမ်းရောဂါ ကူးစက်မှုပြန့်ပွား​နေခြင်း​ကြောင့် ထိုင်းနယ်စပ်တ​လျှောက် လုံခြုံ​ရေးတင်းကျပ်ပြီး ဝင်ထွက်ခွင့်ပိတ်

ထိုင်းဒေသဆိုင်ရာ အာဏာပိုင်များက ကာလဝမ်းရောဂါ၏ အန္တရာယ်များကို ပြည်သူအများ သိရှိနားလည်စေရန်အတွက် တကိုယ်ရေသန့်ရှင်းမှုရှိစေမည့် လက်အိတ်၊ မျက်နှာဖုံးများ ​နေအိမ်မှပြင်ပထွက်ခွာလျှင် အသုံးပြုရန် ဖြန့်ဝေပေးနေကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးမှုများရှိနေ ဟုဆို

၁၀၂၇ စစ်ဆင်‌ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း သိရသည်။

အဇာဘိုင်ဂျန်မှ ရုရှားသို့ပျံသန်းမည့် လေယာဥ်ပျက်ကျ လူပေါင်း ၆၀ နီးပါးသေဆုံးဖွယ်ရှိ

လေယာဥ်သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှ ရုရှားနိုင်ငံ၊ ချေချင်းညာရှိ ဂရက်နီဒေသကို ပျံသန်းချိန်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ တင်ပို့ထားရကြောင်း ကာဇက်စတန်အာဏာပ်ုင်များက ပြောသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းစာမေးပွဲ အောင်မြင်ပြီးသူများကို ကိုရီးယားအလုပ်လျှောက်လွှာ ခေါ်ယူမည်

“ဒီတစ်ခေါက်တော့ အမျိုးသမီးတွေကို ဦးစားပေးခေါ်မယ်ထင်တယ်။ ဒါပေမယ့် ဘယ်လောက်ခေါ်မလဲဆိုတာတော့ တိတိကျကျမသိရဘူး။ စောင့်ကြည့်ရမှာပေါ့။" ဟု ကိုရီးယားဘာသာသင်တန်းမှ နည်းပြဆရာတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။