» သတင်း

ဧရာဝတီတိုင်းတွင် စပါးဈေးကျဆင်းခြင်းကြောင့် အရောင်းအဝယ်အေး

ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံဖြစ်ပြီးနောက်ပိုင်း စပါးအဝယ်ခေတ္တရပ်နေချိန် စပါးတင်း ၁၀၀ ကို သိန်းကျပ် ၂၀ အောက်သာပေးဝယ်ခဲ့ရာမှ ယခုအခါ စပါးလိုသလောက်မရခြင်းကြောင့် ဈေးထပ်တိုးပေးနေရကြောင်း သိရသည်။

ရန်ကုန်တွင် စားအုန်းဆီဈေးထိန်းနိုင်ပြီ ဟုဆို

စားသုံးသူစျေးကွက်အတွင်းရောင်းချရန် စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၇၂၅၀ ကျပ်ဖြင့် ရောင်းရန်သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိနေဟု ရုရှားသမ္မတ ဆို

ရုရှားသမ္မတပူတင်က ၎င်းအနေဖြင့် ဒေါ်နယ်ထရမ့်နှင့် နှစ်အတန်ကြာ တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ကြောင်း၊ အနည်းဆုံး ၄ နှစ်နီးပါးရှိနေပြီဖြစ်ကြောင်း နှစ်စဉ်ပြုလုပ်နေကျ  အမေး၊အဖြေကဏ္ဍတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထား သက်တမ်းတိုးခလျှော့ပေးရန် တောင်းဆို​သော မြန်မာလုပ်သားများ ဖမ်းဆီးခံရ

အုန်းနွဲ့၊ အုန်းယိုင်နယ်မြေ၊ ဖိကဆင်ကားလမ်းမကြီးရှိ သံစက်ရုံအနီးတွင် အထောက်အထားအပြည့်အစုံရှိ​သော မြန်မာလုပ်သား ၃၀၀ ခန့်က နေထိုင်ခွင့် နှစ်နှစ်သက်တမ်းတို့ခ ဈေး နှုန်းလျှော့ချပေးရန် ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက အလုပ်မဝင်မီ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြရာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးအ​ရေးယူခဲ့​ကြောင်း…

ရာသီပေါ်သီးနှံများ ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာအားပြုနေရ ဟုဆို

သစ်သီးအများစုက တရုတ်ကိုပို့တာများတယ်။ မူဆယ်ဘက်လမ်းကြောင်းကလည်း မပွင့်တော့ မိုင်းလားဘက်ကနေ ပို့ရတယ်။ မိုင်းလားကနေသွားတော့လည်း သယ်ယူပို့ဆောင် ရေးစရိတ်ကြောင့် မတင်ပို့နိုင်ဘူး။ အဲဒီလိုပဲ တရုတ်ကနေသွင်းတဲ့ အသီးတွေဆိုရင်လည်း လမ်းကြောင်းကပတ်သွင်းနေရတော့ ဒီရောက်ရင် ဈေးကြီးကုန်တာ။

ဓာတ်အားစနစ်၏ လိုအပ်ချက်အရ တစ်နေ့လျှင် ၁၂ နာရီ တရားဝင်မီးပျက်မည်

"မီးဖြတ်မယ်ဆိုတော့လည်း မတတ်နိုင်ဘူး။ ဖြတ်ပေါ့။ လုပ်ငန်းကလည်း အဲဒီနေ့ရပ်ထားလို့မှမရတာ။ ဆက် Run ရမှာပေါ့။ လျှပ်စစ်မီးအခက်အခဲကြောင့် အဆင်မပြေတာတွေအများကြီးပဲရှိတယ်။" ဟု စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စစ်ပွဲများကြောင့် စစ်ဒဏ်ခံနေရသည့်ဒေသခံများ အကူအညီများလိုအပ်နေ

မြန်မာနိုင်ငံတွင် ကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းနီးပါးရှိနေကြောင်း UN OCHR Myanmar မှ ထုတ်ပြန်ထားချက်အရ သိရ သည်။

ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ သေဆုံး

Jabalia.အရပ်ရှိ အယ်အက်ဒါဆေးရုံ ညွှန်ကြားရေးမှုးက ဆေးရုံကို အစ္စရေးအမြှောက်ကျည်ဆံများ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးခြင်းများရှိခဲ့ကာ ဆေးရုံအတွင်းရှိ လူနာတစ်ဦးနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောသည်။

ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းတင်ပြရမည်

"သူက လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို ပြဖို့လိုတယ်။ ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ပြီး သုံးလအတွင်း လိုင်စင်ကိုလျှောက်ရမှာ။ သတ်မှတ်ကာလအတွင်း လျှောက်ဖို့လိုတယ်။ သတ်မှတ်ရက်ကျော်ရင်တော့ အရေးယူခံရမှာပေါ့။"

အင်းတကော်တွင် ပဲခူးမြစ်ကမ်းပါးပြိုကျ နေအိမ် ၉ လုံးပျက်စီး

“မြစ်ကမ်းပါးပြိုကျမှုကြောင့် ဝါး၊ ဓနိအဆောက်အဦ၊ တိုက်ခံအဆောက်အဦ၊ ပျဉ်ခင်း၊ ပျဉ်ကာအဆောက်အဦ၊ ခြံမြေနဲ့ ကျေးရွာဆေးခန်း တိုက်ခံအဆောက်အဦတို့ ပျက်စီးဆုံးရှုံးခဲ့တာ။ လူနဲ့တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိပါဘူး။”