» သတင်း

ခြံအမှတ်(၅၄)ကို ဈေးလျှော့လေလံတင်ရန် ကမာရွတ်တရားရုံးဆုံးဖြတ်

"ခြံအမှတ်(၅၄)ဟာ မိဘပိုင်အ​​မွေဆိုင်အိမ်ဖြစ်ပါတယ်။ အိမ်နဲ့ခြံကို ပထမကျပ်ငွေ ၃၁၅ ဘီလီယံနဲ့တစ်ကြိမ်၊ ဒုတိယအကြိမ်မှာ ၃၀၀ ဘီလီယံနဲ့တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲဝယ်ယူသူ မရှိခဲ့ပါဘူး။ ဒါ​ကြောင့် ၂၉၀ ဘီလီယံနဲ့ ဈေးလျှော့ပြီးလေလံတင်ဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက တင်ပြထားပါတယ်။"

ရုရှား ထိပ်တန်းဗိုလ်ချုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ ဟုဆို

"၁၉၉၅ ခုနှစ်မှာမွေးဖွားတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသားကို ရုရှားဗိုလ်ချုပ်ကြီးနဲ့ သူရဲ့လက်ထောက်ဖြစ်သူတို့ သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ အဲဒီ ဥဇဘက်ကစ္စတန်နိုင်ငံသားဟာ ယူကရိန်းအထူးတပ်ဖွဲ့ရဲ့ လူသစ်စုဆောင်းခြင်းခံခဲ့ရသူဖြစ်တယ်။"

ပွဲတော်များကြောင့် ပြင်ဦးလွင်တွင် ဟိုတယ်၊ တည်းခိုခန်းများပြည့်သည်အထိ ကြိုတင်မှာယူ

“ပန်းပွဲတော်အစရက်တွေက ရုံးပိတ်ရက်နဲ့တိုးတော့ လာလည်ကြမှာမနည်းဘူးလို့ ခန့်မှန်းရပါတယ်။ ညအိပ်လာသူတွေအများစု Booking လုပ်ကြတာပါ။” ဟု ပြင်ဦးလွင်ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

CNG မရရှိခြင်းကြောင့် YBS ယာဉ်များ အပြည့်မထွက်နိုင် ဟုဆို

"Gas က မရဘူး။ ရုံးတတ်ရုံးဆင်းချိန်ကိုမီအောင် မနည်းထွက်ပေးနေရတယ်။ အရင်တုန်းက လေးငါးခေါက် ကားဆွဲနိုင်တယ်။ အခုက နှစ်ခေါက်လောက်ပဲ ရတော့တယ်။ ပြီးရင် Gas ပြန်တန်းစီရတယ်။ ရုံးတတ်ချိန်က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး။”

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၈၇ ဦးသေဆုံး

၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၈၉ မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် အမျိုးသား ၂ဝ၇ ဦးနှင့် အမျိုးသမီး…

ထိုင်းနိုင်ငံရောက် အလုပ်လက်မဲ့မြန်မာတစ်ဦး ထိုင်းထီပထမဆု ဘတ် ၁၂ သန်း ဆွတ်ခူး

"ထိုင်းမှာ အလုပ်လက်မဲ့ပြီး စိတ်ညစ်ညစ်နဲ့ နှစ်​စောင်တွဲထီကိုထိုးလိုက်တာ ထိုင်းထီပထမဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ထီပေါက်တာသိသိချင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ကျွန်​တော်တို့ MHAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူအညီ​တောင်းခံလာပါတယ်။ ထီဆုကို ဒီဇင်ဘာ ၁၇ ရက်မှာ ထီဆု​ငွေထုတ်​ပေးတဲ့ဘဏ်မှာ ​နေ့ချင်းပြီး ကူညီထုတ်​ပေးလိုက်ပါတယ်။"

ဇီလန်စကီးကို သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ဖိတ်ကြားမည်မဟုတ်ဟု ဒေါ်နယ်ထရမ့် ဆို

ဒေါ်နယ်ထရမ့်က "ကျွန်တော်အနေနဲ့ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ယူကရိန်းသမ္မတကို ဖိတ်ကြားမှာမဟုတ်ဘူး။ တကယ်လို့ သူလာချင်တယ်ဆိုရင်တော့ လာခွင့်ရှိပါတယ်။" ဟု ပြောသည်။

ရွှေဆိုင်များအားလုံး စံချိန်မီရွှေ တစ်ကျပ်သားအလေးချိန်ဖြင့် ပြောင်းလဲကျင့်သုံးရမည် ဟုဆို

"အခုထုတ်ပြန်ထားတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆.၃၂၉၃၂၅) ဂရမ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းပေါ့။ အကုန်လုံး ဒီရည်ညွှန်းဈေးနဲ့ပဲရောင်းရမယ်လို့ ပြောထားပြီးသား။ တချို့ဆိုင်တွေက ရောင်းတာမတွေ့ရသေးဘူး။ အခုထပ်သတိပေးတာပါ။"

ဘင်္ဂလားဒေရှ့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည်ဟု မူဟမ်မက် ယူနွတ် ဆို

အသက် ၈၄ နှစ်အရွယ်ရှိ ယူနွတ်က လူဦးရေသန်းပေါင်း ၁၇၀ ကျော်ရှိနေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းစေရန် စိန်ခေါ်မှုများရှိနေသည့်အတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အဓိကထား ကြိုးပမ်းလုပ်ဆောင်ရမည်ဟု ပြောသည်။

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်ငါးခုတွင် နေရာကွက်ကျားမိုးရွာမည်

မနက်ဖြန်(ဒီဇင်ဘာ ၁၇ ရက်)နံနက်အထိ ခန့်မှန်းချက်များအရ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။