» သတင်း

တောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ်စွပ်စွဲပြစ်တင်မည်

တောင်ကိုရီးယားအတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်က အာဏာရပါတီအနေဖြင့် သမ္မတယွန်ဆက်ယိုလ်ကို ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်မှုကို ထောက်ခံမှုမရှိဘူးဆိုလျှင် သမိုင်းတရားခံဖြစ်လာမည်ကို သတိထားစေလိုကြောင်း ဆိုသည်။

စစ်ကိုင်းတိုင်းတွင် ဆီထွက်သီးနှံမြေပဲများ အထွက်နှုန်းကျဆင်းနေသဖြင့် တောင်သူများအရှုံးပေါ်

“ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေက အခြားအလုပ်ပဲလုပ်ဖို့ပြောနေတာ။ အဆင်မပြေတာ သုံးနှစ်ကျော်လာပြီ။ အခုက အထွက်လျော့တဲ့ဒဏ်ခံနေရတဲ့အပြင် ဘာမှပံ့ပိုးတာလည်းမရဘူး ဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာတဲ့အပြင် အဟောင်းတောင် အတင်းဖိအားပေးတောင်းနေတယ်။”

ဆီးရီးယားနှင့်သဘောတူထားသည့် ကြားခံဇုန်များမှ တပ်ဖွဲ့ဝင်များပြန်ရုတ်သိမ်းရန် တောင်းဆိုမှုများကို အစ္စရေးအစိုးရ ငြင်းဆန်

ပြင်သစ်နှင့် ကုလသမဂ္ဂသည် အစ္စရေးနိုင်ငံအား ဆီးရီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေများကို လေးစားရန်နှင့် ကြားခံဇုန်အတွင်းမှ အစ္စရေးတပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းရန် ပြီးခဲ့သောရက်ပိုင်းက တောင်းဆိုခဲ့ပြီးနောက် အစ္စရေးဘက်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ အခက်အခဲများရှိနေ ဟုဆို

“လတ်တလော နေရာအသီးသီးမှာ တိုက်ပွဲကပြင်းထန်နေတာဆိုတော့ ဘယ်သူမှပြန်လာလို့တော့ မရသေးဘူး။ ဂွမြို့ကနေ ရခိုင်ဒေသအသီးသီးကို ဖြတ်သွားနေရတဲ့မြို့ဖြစ်နေတာ။ အခုဂွမြို့မှာလည်း တိုက်ပွဲကဖြစ်နေတော့ စစ်ဘေးရှောင်တွေ ပြန်လာလို့ကို မရသေးပါဘူး။”

ကြံတစ်တန် ၁၈၀,၀၀၀ ကျပ်နှုန်းဖြင့် နဝဒေးသကြားစက်ရုံ ဈေးစဖွင့်

"သကြားစက်ရုံတစ်ခုနဲ့တစ်ခု ဈေးဖွင့်တာမတူကြဘူး။ အမြင့်ဆုံး ၂၀၀,၀၀၀ အထိဈေးဖွင့်တဲ့ စက်ရုံတွေရှိတယ်။ သွင်းအားစုစရိတ်တွေကလည်း တောက်လျှောက်တတ်လာတယ်။ ၁၈၀,၀၀၀ တော့ သိပ်မကိုက်ဘူး။ ကိုယ့်အတွက်မကျန်ဘူး။"

အတိုက်ခံပါတီများက နိုင်ငံကိုဆန့်ကျင့်နေပြီး စွပ်စွဲပြစ်တင်မှုများကို အဆုံးအထိတိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ဆို

"ကျွန်တော်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာပဲဖြစ်ဖြစ်၊ စွပ်စွဲပြစ်တင်တာပဲဖြစ်ဖြစ် အဆုံးအထိတိုက်ပွဲဝင်သွားမယ်။ အရာ အားလုံးအတွက် ကျွန်တော်ရင်ဆိုင်ဖြေရှင်းမယ်။ အတိုက်ခံနိုင်ငံရေးသမားတွေဟာ နိုင်ငံကိုအခက်ခဲပြသာနာတွေထဲ ဆွဲသွင်းနေတယ်။"

ဗန်းမော်မြို့မှဒေသခံ သိန်းနှင့်ချီကာ စစ်ဘေးရှောင်နေရ ဟုဆို

“ရွှေကူ ၂၅၀၀ ဘုရားထဲမှာဆို စစ်ဘေးရှောင်တွေ တော်တော်များတယ်။ ဘုရားထဲမှာ စစ်ဘေးရှောင် ခန့်မှန်းဆို ၆၀၀၀ ကျော်လောက်ရှိတယ်။ တစ်နေရာမှာပဲရှိသေးတယ်။ အခုက တစ်မြို့လုံးနီးပါး စစ်ရှောင်နေရာတာဆိုတော့ သိန်းကျော်လောက်ကိုရှိမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဂါဇာစစ်ပွဲချက်ချင်းအပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု တောင်းဆို

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်မူကြမ်းသည် ဂါဇာစစ်ပွဲကို မသိကျိုးကျွံပြုမနေကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး စစ်ပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားစောင့်ကြည့်နေခြင်းကို ပေါ်လွင်စေခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေး အနုတ်လက္ခဏာပြနေဟု ကမ္ဘာ့ဘဏ် ဆို

သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခအခြေအနေများ၊ အခြေခံကုန်စည် ရှားပါးပြတ်လပ်မှုများကြောင့် ကြီးမားသည့်သက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားရေးမျှော် မှန်းချက်သည် အားရဖွယ်မရှိကြောင်း သိရသည်။

လဟယ်မြို့တွင် ဆန်တစ်အိတ်လျှင် ကျပ် ၃ သိန်ဝန်းကျင်အထိ ဈေးတက်လာပြီး ဝယ်ယူရန် ခက်ခဲနေ

“ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်လောက်ကတည်းက ဆန်ဈေးကတက်တက်လာတာ။ အခုကျတော့ ဒေသမှာ တစ်ခါမှပေါက်ဖူးတဲ့ဈေးအထိ ဖြစ်လာတယ်။ ဆန်ဈေးတက်တာ ကုန်ပစ္စည်းပြတ်လာတဲ့ အဓိကအချက်က ကုန်ကားတွေက အဝင်နည်းလာတာကြောင့်ပါ။ နောက်ပြီးတော့ လက်နက်ကိုင်တွေဘက်က ကောက်တဲ့ငွေကြေးပမာဏကလည်းများတော့ ကုန်ပစ္စည်းတွေမှာ ဈေးကတက်တာပါ။”