» သတင်း

ထိုင်းနိုင်ငံကဦးဆောင်ကျင်းပမည့် အစည်းအဝေးနှစ်ရပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အလွတ်သဘောတွေ့ဆုံဆွေးပွဲကို မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ခဲ့သည့် အင်းလေးဒေသတွင် ရေချိုခက်ခဲနေ

“ရေကြီးတုန်းက ရေနစ်ခံရတဲ့အထဲမှာ ဓာတ်မြေသြဇာအိတ်ရေ တစ်သိန်းထက်မနည်းပါသွားတယ်၊ အဲဒါတွေက အင်းထဲနစ်မြုပ်သွားတယ်။ ရေကြီးပြီးနောက်ပိုင်းမှာ၊ အင်းထဲ(အင်းလေးဒေသ)ပြဿနာပေါင်းစုံကျန်ခဲ့တယ်။ ဒါတွေကိုအချိန်မီကာကွယ်ပေးဖို့လိုတယ်။”

ဟားမက်စ်ကဖမ်းဆီးထားသူများ ပြန်လွတ်မြောက်ရေး ဒေါ်နယ်ထရမ့်နှင့် နေတန်ရာဟုတို့ ဆွေးနွေး

ဒေါ်နယ်ထရမ့်က ဟားမက်စ်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသူများကို ၎င်းသမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင်အထိ ပြန်မလွတ်ပေးပါက ဟားမက်စ်အဖွဲ့ ငရဲဘုံရောက်မည်ဟု ထုတ် ဖော်ပြောဆိုထားသည်။

ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာတင်ပြခြင်းမရှိသည့် အေဂျင်စီများကို စိစစ်သွားမည် ဟုဆို

"အလုပ်သမားတွေကို ငွေလွှဲဖို့ပြောရမှာက ကိုယ်တွေအလုပ်မဟုတ်ဘူး။ အလုပ်သမားပဲ စေလွှတ်တာ။ အလုပ်သမားတွေက တဖက်လုပ်ငန်းခွင်ကို ရောက်သွားပြီဆိုရင် သူတို့သ ဘောနဲ့သူတို့ အလုပ်ပြောင်းသွားကြတာတွေရှိတယ်။ ဘယ်လိုလိုက်ဆက်သွယ်မလဲ။ လုပ်ခလစာ စာရင်းတင်ပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

ရန်ကုန်တွင် လျှပ်စစ်မီးမမှန်သည့်အပြင် ရေပြတ်တောက်မှုများပါကြုံနေရ ဟုဆို

တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့်အတွက် ရှေ့လာမည့်လများတွင်လည်း မီးပြတ်ချိန်ပိုများလာမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က သတင်းထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရက အကြမ်းဖက်အဖြစ်သတ်မှတ်ထားသော HTS အဖွဲ့နှင့် ပထမဆုံးအကြိမ်ဆက်သွယ်

HTS အဖွဲ့သည် ဆီးရီးယားသမ္မတ အာဆတ်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းတည်ထောင်ရန်စီစဥ်နေပြီး အာဆတ်ဦးဆောင်သော အစိုးရအဖွဲ့တွင်ပါဝင်ခဲ့သော ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများ တရားဝင်ဖြစ်မည့်လမ်းကြောင်းများ တိုးချဲ့ပေးမည် ဟုဆို

"ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးဝင်ရောက်ရာ ဗဟိုအချက်အချာအဖြစ်ရှိနေပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ၊ လူကုန်ကူးခံရသူတွေ ခရီးဆုံးနိုင်ငံကိုမရောက်ခင် ကြားခံနေရာအဖြစ်ရှိနေတယ်။"

စားသောက်ကုန်ပစ္စည်းများ ဝယ်လိုအားကျဆင်းနေ

၂၀၂၄ ခုနှစ်အတွင်း အရပ်ရပ်ကုန်စျေးနှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခဲ့ရာ တနိုင်တပိုင်စျေးရောင်းချသူများ ပိုမိုများပြားလာခြင်းကြောင့် ဈေး ကွက်ဝေစုမျှခြေဖြစ်လာကာ လက်လီဆိုင်များမှာ အရောင်းအဝယ်ကျဆင်းလာကြောင်း

တိုက်ပွဲများအကြားမှ ရခိုင်စစ်ဘေးရှောင်များပြောသည့် သူတို့အကြောင်း

“ပုဏ္ဏားကျွန်းမှာဆို အခုထိအဝင်မရသေးဘူး။ ကိုယ့်အိမ်ကိုယ်ပြန်တာတောင် ပေးမဝင်ကြဘူး။ ဘာတစ်ခုမှယူခွင့်မရှိဘူး။ မြို့ထဲမှာလည်း တစ်ယောက်မှမရှိဘူး။ အကုန်လုံးကိုပိတ်ထားတာ။ ကျွန်မတို့ရဲ့အိမ်ဘေးဆို အပေါ်ကနေ လက်နက်ကြီးကျလို့ နွားနှစ်ကောင်ကိုထိတာ အစတောင်ရှာမရဘူး။ တနေ့တနေ့လေ ယာဉ်သံကြားပြီဆို ဘယ်နားနေရမှန်းမသိအောင် ကြောက်နေရတယ်။”

လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို ရာထူးမှ ယာယီဆိုင်းငံမည်

ဒီဇင်ဘာ ၁၄  ရက်နေ့ကပြုလုပ်ခဲ့သော သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွင် အတိုက်ခံပါတီများအပြင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း စွပ်စွဲပြစ်တင်သောအစီအစဉ်ကို ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။