» သတင်း

ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းရန်အတွက် ယာယီဝန်ကြီးချုပ် တိုက်တွန်း

ဆီးရီးယားမြို့တော် ဒမ္မစကက်အပါအဝင် မြို့အချို့ကိုထိန်းချုပ်ခွင့်ရထားသော HTS လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဂျိုလာနီက အာဏာလွဲပြောင်းရေးအတွက် ဆွေးနွေးဆောင် ရွက်မည်ဖြစ်သလို စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများနှင့် ညှင်းပန်းနှိပ်စက်ခဲ့သူများကို ကျူးလွန်ခဲ့မှုများအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိလာစေရန် လုပ်ဆောင်မည်ဟု ပြော သည်။

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်မည် ဟုဆို

"စီမံကိန်းက အခုပြန်စဖို့လုပ်နေပြီ။ ဒါကလည်း တရုတ်ခရီးစဉ်ပြီးနောက်ပိုင်း ပြန်စဖြစ်တာလို့ ပြောလို့ရမယ်။ သိထားတာက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကလည်း ဒီအ ခြေအနေတိုင်းဆို စလို့မရတော့ဘူး။ အဲဒီတော့ ရန်ကုန်မြို့သစ်စီမံကိန်းကိုစတင်ပြီး ရေနက်ဆိပ်ကမ်းပါ တစ်ခါတည်းလုပ်မယ်ဆိုပြီး သိရတယ်။"

စစ်အုပ်ချုပ်ရေးနှင့်ဆက်နွယ်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ဖမ်းဆီးခံရ

တောင်ကိုရီးယားအာဏာပိုင်များသည် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယန်ဟွမ်ကို နိုင်ငံတော်သစ္စာဖောက်မှုအပြင် ရပိုင်ခွင့်များကိုဟန့်တားရန် အခွင့်အာဏာကိုအလွဲသုံးစားလုပ်ခြင်း စသောစွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တောင်ကြီး-ကျိုင်းတုံလမ်းတွင် ဆယ့်နှစ်ဘီးယာဥ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး

"ယာဉ်ပေါ်ပါလာတဲ့ ယာဥ်​မောင်းနဲ့ အတူပါအမျိုးသားနှစ်ဦးထဲက တစ်ဦး​သေဆုံးသွားပါတယ်။ ​​သေဆုံးသူဟာ ​နေရာမှာပဲ ထိခိုက်ဒဏ်ရာပြင်းထန်မှုနဲ့ ​သေဆုံးရခြင်းဖြစ်ပါတယ်။​ နောက်တစ်ဦးက ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။"

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လေပြင်းဒဏ်ကြောင့် လူနေအိမ် ၆၀ ကျော်ပျက်စီးခဲ့

“အစ်မတို့ဘက်မှာ နိုဝင်ဘာပထမအပတ် ညနေဘက်က ရုတ်တရက်လေပြင်းတိုက်ခတ်လို့ နေအိမ် ၅ လုံးအထိ ပြို ကျပျက်စီးခဲ့တာ။ အခုအထိ အိမ်ပြန်မဆောက်နိုင်သေးပါဘူး။ ယာယီတဲထိုးနေထိုင်ရပါတယ်။” ဟု မအူပင်မြို့နယ်မှ နေအိမ်ပျက်စီးသွားသည့် ဒေသခံတစ်ဦးက ပြောသည်။

ဂိုလန်ကုန်းမြင့်ဒေသသည် အစ္စရေးပိုင်နက်အဖြစ်ဆက်ရှိမည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

ကုလသမဂ္ဂအဖွဲ့နှင့် အစ္စရေး၏အိမ်နီးချင်းနိုင်ငံများက ဆီးရီးယားနိုင်ငံရှိ ကြားခံဇုန်များကို ထပ်မံတိုးချဲ့သိမ်းယူရန် ကြိုးပမ်းမှုများကို ပြစ်တင်ရှုတ်ချထားပြီး ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြားရရှိထားသော ၁၉၇၄ ခုနှစ် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

ပြည်ပဆန်တင်ပို့သူတစ်ဦးကို အရေးယူထား

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းစားသုံးသည့်ဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ် ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့်ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားခြင်းမပြုလုပ်ရန် အသိပေးထားသည်။

ဆီးရီးယားသမ္မတ အာဆက်ဒ်ကိုဖြုတ်ချပြီးနောက် ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက အစိုးရဖွဲ့စည်းရန်စီစဉ်နေ ဟုဆို

ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမ္မစကက်မြိုအပါအဝင် မြိုအချို့ကိုသိမ်းယူနိုင်ခဲ့သော HTS အဖွဲ့ခေါင်းဆောင် အဘူ မို ဟမ်မက် အယ်ဂျိုလာနီသည် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဆီးရီးယားဝန်ကြီးချုပ်အပြင် ဒုတိယသမ္မတ ဖီယာဆယ် မာဒက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် လယ်မြေသိမ်းထားခံရသူများ လျော်ကြေးရရှိလို ဟုဆို

"စီမံကိန်းက ဒီပုံစံအတိုင်းဆိုရင် ရပ်လုနီးပါးဖြစ်နေပြီ။ စီမံကိန်းမစဖြစ်တော့ဘူးဆိုရင်လည်း လယ်မြေတွေကို ပြန်ပေးစေချင်တယ်။ မပေးချင်ဘူးဆိုရင်လည်း လျော်ကြေးတော့ပေး။ အခုက ဘာမှလည်းမရဘူး။"

သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဖရဲတင်ပို့မှု တွက်ချေမကိုက် ဟုဆို

"ဖရဲပေါ်ချိန်ဆိုတော့ စမ်းပြီးတင်ပို့နေတယ်။ တင်ပို့တဲ့စရိတ်က တော်တော်များတော့ တွက်ခြေမကိုက်ဘူး။ Risk တော်တော်များတယ်။ ပြီးတော့ စိုက်ပျိုးစရိတ်ကလည်း တက်လာတယ်။ တင်ပို့စရာလမ်းကြောင်းကလည်း သိပ်မရှိဘူး။"