» သတင်း

ရာထူးမှဖြုတ်ချခံရသော ဝန်ကြီးချုပ်နေရာတွင် ဝန်ကြီးချုပ်အသစ် အစားထိုးခန့်အပ်မည်ဟု ပြင်သစ်သမ္မတ ဆို

ပြင်သစ်သမ္မတ မက်ခရွန်က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန် ရွေးချယ်ခန့်အပ်ခဲ့သော မိုက်ကယ် ဘာနီယာသည် ပြီးခဲ့သောရက်ပိုင်းတွင် လွှတ်တော်အတွင်း အယုံကြည်မရှိအဆို တင်သွင်းခံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရာ ပြင်သစ်အစိုးရအဖွဲ့ ပြိုလဲခဲ့ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှဆိုင်းငံ့ခြင်းမပြုပါက နိုင်ငံအတွက်အလွန်အန္တရာယ်ကြီးကြောင်း အာဏာရပါတီ သတိပေး

တောင်ကိုရီးယား အာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က "ယွန်ဆက်ယိုလ်ကို တောင်ကိုရီးယားသမ္မတအ ဖြစ် ဆက်ထားမယ်ဆိုရင် စစ်အုပ်ချုပ်ရေးဥပဒေ ထပ်မံကြေညာမယ့်အလားလာတွေရှိနေပြီး နိုင်ငံအတွက် အလွန် အန္တရာယ်ရှိတဲ့အခြေနေမျိုးရှိနေတယ်။"

ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကြောင့် အထည်ချုပ်လုပ်သားများ လုပ်ခလစာမလုံလောက် ဟုဆို

"လုပ်ခလစာတိုးတာက အမည်ခံပဲရှိတယ်။ ကုန်ဈေးနှုန်းက မတရားတတ်နေတာ။ အိမ်ကိုတောင် လစာပြန်ပို့ဖို့ အနိုင်နိုင်ဖြစ်နေပြီ။ နေရေးနဲ့ဝမ်းရေးကို မနည်းဖြေရှင်းနေရတယ်။ အဆင်မပြေဘူး။ ‌ဒုက္ခရောက်နေလည်း အားတင်းပြီး လုပ်နေရတယ်။"

“မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကမ္ဘာ့ဒြပ်မဲ့ယဉ်‌ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ

ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ်၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် Myanmar Traditional New Year Atā Thingyan Festival ခေါင်းစဥ်ဖြင့် UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage)…

ဒဂုံအရှေ့ရှိ ကော်စေ့စက်ရုံ မီးလောင် Level 2 အဆင့်ထိတောင်းထား ဟုဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် ယနေ့ည ၆ နာရီ ၅၇ မိနစ်ခန့်ကစ၍ မီးလောင်မှုဖြစ်ပွားနေပြီး ည ၉ နာရီကျော်သည်အထိ မီးမငြိမ်းသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ပြင်သစ်အမတ်များက ဝန်ကြီးချုပ်ကို အယုံကြည်မရှိအဆိုတင်သွင်းကာ ရာထူးမှဖြုတ်ချ ပြင်သစ်အစိုးရအဖွဲ့ ပြိုကွဲ

ပြင်သစ်လွတ်တော်ကိုယ်စားလှယ်များသည် သမ္မတမက်ခရွန်က အဆိုပြုခန့်အပ်ထားသော ဝန်ကြီးချုပ် မိုက်ကယ်ဘာနီယာကို အယုံကြည်မရှိကြောင်း ၃ နာရီကြာ လွတ်တော်အ တွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ကို ရာထူးမှဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတကို ပါတီမှထွက်ရန် အာဏာရပါတီ တောင်းဆို

"ကျွန်တော်တို့ သမ္မတကို ပါတီကနေထွက်ဖို့ တောင်းဆိုထားပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကာကွယ်ပေးဖို့ ကြိုးပမ်းမှာမဟုတ်ဘူး။ ဒါပေမယ့် သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ဖို့ အတိုက်ခံပါတီတွေရဲ့ လွှတ်တော်အမတ်တွေက ကြိုးပမ်းနေတာတွေကို အနိုင်ရအောင် အာဏာရပါတီရဲ့အမတ်တွေ စုစည်းညီညွှတ်ဖို့ တောင်းဆိုထားတယ်။"

တောင်ကုတ်တွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

စစ်ဘေးရှောင်များသည် တိုက်ပွဲများကြားမှ ထွက်ပြေးလာရခြင်းကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများမပါခဲ့သဖြင့် အကူအညီများလိုအပ်နေကြကြောင်း ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမည်

"ဒီဇင်ဘာ တတိယအပတ်လောက်မှာ အမိန့်ချမယ်လို့ သိရတယ်။ ပထမအခေါက်တွေမှာ လေလလံတင်တုန်းက လေလံဆွဲမယ့်သူမရှိဘူး။ အဲဒါကြောင့် ဟိုဘက်က ဈေးကိုထပ်လျှော့ပြီးပြန်တင်တာ။ ‌ဘယ်သူက ဒီအိမ်ကို လေလံဝင်ဆွဲမလဲ။ ဘယ်သူမှမဆွဲရဲဘူးလေ။ စောင့်တော့ကြည့်ရမှာပေါ့။"

ဂွနှင့် တောင်ကုတ်ကို ဆက်သွယ်ထားသည့် ဆပ်သွားချောင်းတံတား မိုင်းခွဲခံရသဖြင့် စစ်ဘေးရှောင်များ အခက်တွေ့

“ဂျိုင်ကောက်တံတား(ဆပ်သွားချောင်းတံတား)ကို မိုင်းခွဲခံရတာ။ ဘယ်အဖွဲ့ရဲ့လက်ချက်လည်းတော့ တိတိကျကျမပြောတတ်သေးပါဘူး။ အခု စစ်ရေးပြင်းထန်နေတာမို့ပါ။ စစ်ဘေးရှောင်တွေအတွက်တော့ တံတားအသုံးပြုစစ်ရှောင်ရဖို့ မလွယ်တော့ဘူး။ တိုက်ပွဲကလည်း အတော်ပြင်းထန်နေတယ်။”