» သတင်း

ဆီးရီးယားနှင့် သဘောတူထားသော buffer zone ကို ထိန်းချုပ်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ်က ဆီးရီးယားအစိုးရပြုတ်ကျခဲ့ပြီးနောက် ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြား နှစ်ပေါင်း ၅၀ ကြာရရှိထားခဲ့သည့် သဘောတူညီချက်များလည်း ပြိုလဲသွားခဲ့ပြီး၊ ဆီးရီးယားတပ်ဖွဲ့များလည်း buffer zone ကို စွန့်လွှတ်သွားခဲ့ကြောင်း ပြောသည်။

တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်မှု မအောင်မြင်သော်လည်း ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတိုက်ခံပါတီခေါင်းဆောင် ဆို

သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအတွက် မဲခွဲဆုံးဖြတ်ရာတွင် လွတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံမဲရရန်လိုအပ်သော်လည်း ထောက်ခံမဲ ၁၉၅ မဲသာရရှိခဲ့သည့်အတွက် အောင်မြင်မှုမရဘဲဖြစ်ခဲ့ရကြောင်း သိရသည်။

တောင်ကိုရီးယားရောက် မြန်မာလုပ်သားများ မိသားစုထံငွေလွှဲပို့ရန် သတိပေး

"များသောအားဖြင့် အလုပ်သမားတွေက လစာကို အဆင်ပြေသလိုလွှဲကြတာ။ အခုက အတင်းအကျပ်ကြီး လစာကိုလွှဲခိုင်းသလိုဖြစ်နေတာ။ ဖိအားပေးရာရောက်တယ်။ အဆင်မ ပြေဘူး။" ဟု အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဗန်းမော်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်

ဗန်းမော်မြို့အနီးတွင် နစကတပ်နှင့် KIA, PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကားလမ်း၊ ရေလမ်းတို့ကိုလည်း ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး၊ ဗန်းမော်ဆေးရုံကြီးအနီးတွင် MPT ဖုန်းလိုင်းများရရှိနေသေးကြောင်း သိရသည်။

ဆီးရီးယားတွင် သမ္မတအာဆက်ဒ်အုပ်ချုပ်သောခေတ် အဆုံးသွားပြီဟု ဆီးရီးယားတပ်မှူး ဆို

"ဆီးရီးယားစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေကို စွန့်ခွာသွားမှုမတိုင်ခင် သမ္မတအာဆက်ဒ်ဟာ ဒမ္မစကက်နိုင်ငံတကာလေဆိပ်ကတဆင့် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးသွားပြီ။"

မ​လေးရှားတွင် တရားမဝင်မြန်မာလုပ်သား ၉၃ ဦး ဖမ်းဆီးခံရ

"တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့လူဦး​ရေ ၁၈၉ ဦးကို လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးဌာနက စစ်ဆေးခဲ့ပါတယ်။ တချို့က စစ်ဆင်ရေးအတွင်းမှာ ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ မြန်မာနိုင်ငံသားက ၉၃ ဦးပါ။"

ဂွမြို့နယ်တွင် စစ်ဘေးရှောင် ၁၃,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

“ဂွမြို့နယ်က စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲတွေပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်က နေ့စဉ်တိုးလာတယ်။ စစ်ဘေးရှောင်တိုးလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်။" ဟု ၎င်းကဆက်ပြောသည်။

အစ္စရေးစစ်တပ်က ဂါဇာရှိဆေးရုံကို သတိမပေးဘဲတိုက်ခိုက် ဟုဆို

အစ္စရေးစစ်တပ်သည် ဂါဇာရှိ ကာမယ်အက်ဝမ်ဆေးရုံကို ဒီဇင်ဘာ ၅ ရက်နေ့က ဗုံးကြဲမတိုက်ခိုက်မီ ကြိုတင်သတိပေးခဲ့ခြင်း မရှိကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကပြော သည်။

ဗန်းမော်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ဗန်းမော်လေကြောင်းလိုင်း အကန့်သတ်မရှိရပ်နားထား

“လေဆိပ်ကို ရက်အကန့်အသတ်မရှိပိတ်တယ်လို့ သိရတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်နေတာ။ ကားလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေ ဘယ်မှပေးမသွားသေးဘူး။ ဘယ်အချိန်ထွက်ခွင့်ရမလဲမသိဘူး။”

လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် တောင်ကုတ်မြို့မဈေးကြီး ပျက်စီး

“ဒီဇင်ဘာလ ၃ ရက်၊ ည ၈ နာရီခန့်က လေကြောင်းကနေပစ်ခတ်ရင်း ထိခိုက်ပျက်စီးခဲ့တာ။ မြို့မဈေးတစ်ခုလုံး ရစရာမရှိအောင်ကို ပျက်စီးသွားတာ။ လူတွေတော့ ထိခိုက်တာမရှိဘူး။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။