» သတင်း

တောင်ကိုရီးယားသမ္မတက စစ်အုပ်ချုပ်ရေးကိုပယ်ဖျက် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံနေရ

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် လက်ရှိအချိန်တွင်စစ်အုပ်ချုပ်ရေးဥပဒေကို ပယ်ဖျက်လိုက်သော်လည်း သူ၏နိုင်ငံရေးအနာဂတ် မရေမရာဖြစ်လာခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခြင်းများရင်ဆိုင်နေရသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခု ပြန်လည်ဖွင့်လှစ်

“တရုပ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နေပေမဲ့ ကုန်သွယ်မှုတော့ မပြုလုပ်ကြသေးဘူး။ ဒီဇင်ဘာ ၁ ရက်နေ့ကဖွင့်တာ။ မူဆယ်မြို့ကပြည်သူတွေ စားသုံးဖို့အတွက် တစ်ရက်ကို စူပါကာစတန်ကားအစီး ၅၀ နဲ့ ဆိုင်ကယ် အစီး ၂၀၀ သာ သယ်ဆောင်ခွင့်ပြုတယ်။ ကျင်စန်းကျော့မှာတော့ မြန်မာပြည်ဖက်က…

ကုန်ကျစရိတ်များပြားခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းချသူအချို့ကို ဖမ်းဆီးနိုင်ခြင်းမရှိ ဟုဆို

မူးယစ်ဆေးဝါးရောင်းချခြင်းများကို ၎င်းတို့အနေဖြင့် ငွေကုန်ကျစရိတ်များပြားခြင်းနှင့် အင်းအားနည်းပါးခြင်းတို့ ကြောင့် သတင်းပေးတိုင်တန်းချက်များကိုသာ ဖမ်းဆီးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံး

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နေ့နောက်ပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှုများဖြစ်လာခဲ့ရာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အိမ်ပေါင်း ၆၆၀,၀၀၀ ကျော် ရေကြီးမှုဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဖမ်းဆီးထားသူတွေ ပြန်မလွှတ်လျှင် ငရဲဘုံကိုရောက်ရှိမည်ဟု ဟားမက်စ်ကို ဒေါ်နယ်ထရမ့် သတိပေး

"ကမ္ဘာကြီးနဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတယ်။ ကျွန်တော်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသဟာ ငရဲဘုံကိုကျရောက်သလိုမျိုး ဖြစ်လာဖွယ်ရှိနေပါတယ်။"

မြို့ပတ်ရထားလက်မှတ်ခ ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့်

"၁၀၀၀ ဆိုရင်တော့ မစီးတော့ဘူး။ ကားခထက်တောင်ဈေးကြီးသေးတယ် သူက။ ရထားလက်မှတ်ခက အနိမ့် ဆုံးတော့ ဘတ်စ်ကားထက် ဈေးသက်သာရမှာလေ။ အခုဟာက ပိုဆိုးနေတယ်။" ဟု ခရီးသည်တစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။

ညောင်တုန်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၅ လုံး ရေထဲမျောပါ

“မြစ်ကမ်းပါးက အလျား ၃၀၀ ပေ၊ အနံ ၁၀၀ ပေလောက်ပြိုကျတာ။ ရုတ်တရက်ပြိုကျတာဆိုတော့ ပြောင်းရွှေ့ချိန်မရလိုက်ဖူး။ အိမ်တွေတော့ ကမ်းပြိုကျတဲ့အထဲပါသွားတာပေါ့။ လူတွေတော့ ထိခိုက်တာမရှိဘူး။”

နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် ပင်လယ်ရေကြောင်းမှတဆင့် လျာထားချက်ပြည့်မီအောင် ဆန်တင်ပို့မည်ဟု MRF ဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာနေပြီး အဆိုပါလမ်းကြောင်းမှတဆင့်တင်ပို့နေသည့် ကုန်သည်အချို့သည် ပင်လယ်ရေကြောင်းမှတဆင့် ပြောင်းလဲတင်ပို့လျ

အိမ်ခြံမြေဈေးကွက် အေးစက်နေ

"အရောင်းအဝယ်က ဖြစ်ကိုမဖြစ်တာ။ ငုတ်တုတ်ထိုင်နေရတယ်။ ခါတိုင်းဆိုရင် သီတင်းကျွတ်ပြီးရင်တောင် အရောင်းအဝယ်က သူ့ဟာနဲ့သူရှိတယ်။ အခုက လုံးလုံးကိုမရှိတာ။" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မုံရွာမြို့ ဝါဂွမ်းကြိတ်စက်ရုံမီးလောင် ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံး

ဒီဇင်ဘာ ၂ ရက်၊ နံနက်အစောပိုင်းက ရွှေခြူး ဂွမ်းဖက်ထုတ်စက်ရုံတွင် ဂွမ်းကြိတ်စက်မှစပြီး မီးလောင်ခဲ့ကြောင်း စက်ရုံအတွင်းကူးစက်လောင်ကျွမ်းခဲ့ကာ အချိန် ၂ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။