» သတင်း

TikTok အသုံးပြုသူများအနက် အသက် ၁၈ နှစ်အောက်အရွယ်များကို beauty filters များသုံးခွင့် ပိတ်ပင်မည်

TikTok သည် အသက် ၁၈ နှစ်အရွယ်အောက် ကလေးငယ်များကို နှုတ်ခမ်းသားအပြင် ပါးလွှာသောမျက်နှာနှင့် အသားအရေကိုချောမွေ့စေသော အလှပဆိုင်ရာကိစ္စများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သွားဖွယ်ရှိနေကြောင်း ဆိုသည်။

ပဲခူးတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၅ အထိ သေဆုံးခဲ့ပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့

“လက်နက်ကြီးကျတဲ့အချိန် ယာထဲရောက်နေလို့ လူတွေဘာမှမဖြစ်တာ။ အိမ်ကတော့ တော်တော်လေးပျက်စီးခဲ့တာ။ ကိုယ့်ဒေသမှာ အရင်ကဒါမျိုးတွေမဖြစ်ဖူးပါဘူး။ အခုတော့ တစ်ရက်လေးမှ စိတ်ချမ်းချမ်းသာသာမနေရဘူး။ လူနေထူထပ်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်မှာ၊ အခုလို လက်နက်ကြီးတွေကျတာတွေ ဖြစ်မှာကြောက်တယ်။”

အမေရိကန်က အစ္စရေးကို အမေရိကန်ဒေါ်လာသန်း ၇၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမည်

အမေရိကန်အစိုးရသည် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ကြိုးပမ်းခဲ့သော်လည်း အခြားတစ်ဖက်တွင် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၇၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးရန်စီစဉ်နေကြောင်း

မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်တွင် စုဆောင်းထားသည့် အရန်ဆန်အိတ်ရေရှစ်သိန်းရှိ ဟုဆို

"ကျွန်တော်တို့မှာ နိုင်ငံတော်အရန်ဆန်ကဲ့သို့ ပို့ကုန်အခြေပြု အရန်ဆန်ဆိုတာရှိတယ်။ ပို့ကုန်အခြေပြုဆိုတာက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ပါဝင်မှုနဲ့ Export တစ်တန်ပို့တိုင်းပို့တိုင်းမှာ ဆန်တစ်အိတ်ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပါတယ်။ အိတ်ရေအားဖြင့်ပြောရရင်တော့ ရှစ်သိန်းဝန်းကျင်ရှိပါတယ်။"

အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီးနောက် ထောင်နှင့်ချီသောလက်ဘနွန်နိုင်ငံသားများ နေရပ်ပြန်လာ

အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား တစ်နှစ်ကျော်ကြာ အပြန်အလှန်တိုက်ခိုက်မှုများကို အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်၊ ပြင်သစ်တို့က ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ပြီး အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့မှ စစ်ဘေးရှောင် ၃၀၀၀ ကျော် အကူအညီများလိုအပ်နေ

“တိုက်ပွဲတွေကဆက်ဖြစ်နေတော့ လိုအပ်ချက်တွေက များနေဖို့ပဲရှိတာ။ လတ်လောအရေးပေါ်လိုအပ်တာက အခြေခံစားသောက်ကုန်တွေ။ ဆန်၊ ဆီ၊ ဆားပေါ့။ အနွေးထည်နဲ့ စောင်တွေလည်းလိုအပ်နေပါတယ်။”

ဒေါ်နယ်ထရမ့်ဦးဆောင်မည့် အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများ ခြိမ်းခြောက်ခံရ

ဗုံးဖြင့်တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ခံရသူများထဲတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့် အလုပ်သမားဝန်ကြီး စသည့်သူများပါဝင်နေကြောင်း ပြောသည်။

အသက် ၇၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၉ ရက်နေ့ ညနေက အိမ်ကနေမုန့်ဝယ်ဖို့သွားရင်း ပျောက်သွားတာပါ။ ဖုန်းမပါသွားဘူး။ ပထမ မြောက်ဒဂုံထဲမှာတွေ့တယ်ပြောကြလို့ ညီမနဲ့အဖေသွားရှာပါတယ်။ တွေ့တဲ့အချိန်နဲ့ သတင်းရတဲ့အချိန်က ကွာသွားတော့ ညီမတို့ရှာတဲ့အချိန် မတွေ့တော့ဘူး

ဟိုပုံးမြို့နယ်တွင် ရေဘေးကြောင့် မြေအောက်နစ်မြုပ်သွားသည့် ရေဘေးသင့်များ အကူအညီလိုအပ်နေ

“လတ်လောရေဘေးသင့်တွေအတွက် နေအိမ်အဆောက်အဦးတစ်ခုခု ဆောက်လုပ်နေထိုင်ရဖို့ အကူအညီလိုအပ်နေပါတယ်။ ပြီးတော့ လက်ရှိမှာအစားအသောက်အတွက် အခက်အခဲတွေရှိနေကြတယ်။ ရေဘေးသင့်တွေကို လောလောဆယ်က ဘုန်းကြီးကျောင်းတွေကပဲ ကျွေးနေရတယ်။”

အမရပူရတွင် ကျောင်းဆရာမတစ်ဦးအား သေဆုံးသည်အထိပြုလုပ်ကာ ဆိုင်ကယ်လုယက်မှုကျူးလွန်သူကို ဖမ်းဆီးရမိ

"​ကျောင်းဆရာတစ်ဦးတည်း ဆိုင်ကယ်​မောင်းပြီး ​စျေးဝယ်ထွက်ချိန်မှာ ဖြစ်ပွားခဲ့ရတာပါ။ ကျောင်းဆရာမလေးရဲ့ ရုပ်အလောင်းကိုတွေ့လို့ သက်ဆိုင်ရာကစစ်ဆေးလိုက်တဲ့အခါမှာ သေဆုံးသည်အထိပြုလုပ်ပြီး ဆိုင်ကယ်ကိုလုယက်သွားတာကို သိရတာပါ။"