» သတင်း

ရုရှားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုချမှတ်ခြင်းကိုဖီဆန်ပြီး မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနှင့်ချီပေးပို့

Open Source Centre က မြောက်ကိုရီးယားနိုင်ငံ၏ ရေနံတင်သင်္ဘောအမျိုးမျိုးသည် ရုရှားနိုင်ငံအရှေဘက်ရှိ ရေနံသိုလှောင်ကန်များကို ရောက်ရှိခဲ့ပြီး၊ ပြီးခဲ့သော ၈ လအတွင်း အနည်းဆုံး ၄၃ ကြိမ်လာရောက်ကာ ရေနံများယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အခြေချလုပ်ကိုင်နေသည့် ငွေကြေးလိမ်လည်စင်တာများ အပြီးဖျက်သိမ်းနိုင်ခဲ့ဟု တရုတ်ကြေညာ

"အဓိက ကျားဖြန်တွေလုပ်တာက နယ်စပ်မှာပဲ။ မူဆယ်မှာလည်းရှိတယ်၊ ‘ဝ’ မှာလည်းရှိတယ်။ သူတို့က တကမ္ဘာလုံးကိုလိမ်တာ။ အဆိုးဆုံးအထိနာတာက တရုတ်နဲ့ ဖိလစ်ပိုင်။ ကျားဖြန်ကိုလုပ်နေတာကလည်း တရုတ်တွေပဲ။"

ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

“စစ်ဘေးရှောင်တွေက နီးစပ်ရ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တွေအပြင် ဆေးဝါးနဲ့ သောက်ရေသန့်တွေ အရေးပေါ်လိုအပ်နေတယ်။”

အစ္စရေးဝန်ကြီးချုပ်ကိုဖမ်းဝရမ်းထုတ်သော ICC ၏ဆုံးဖြတ်ချက်က လက်ခံနိုင်ဖွယ်မရှိဟု အမေရိကန်သမ္မတ ဆို

ဖမ်းဝရမ်းထုတ်ခံရသူများသည် အစ္စရေးနှင့် ဟားမက်စ်ကြားဖြစ်ပွားသော ဂါဇာစစ်ပွဲအတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူများဖြစ်သည်ဟု ယုံကြည်ရသည့်အတွက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ICC တရားသူကြီးများက ပြောသည်။

ထိုင်းနိုင်ငံမွေးဖွားသည့် ကလေးငယ်များကို မွေးဖွားခြင်းမှတ်ပုံတင် ထုတ်​ပေးမည်ဟု မြန်မာသံရုံးဆို

မြန်မာ​ရွှေ့​ပြောင်းလုပ်သား မိဘနှစ်ပါးကမွေးဖွားခဲ့သည့် ကလေးငယ်များအတွက် မွေးဖွား​သောနေ့ရက်မှစတင်ပြီး တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် မွေးစာရင်းမှတ်ပုံတင်ထုတ်နိုင်​ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အနီး ဗဟိုပြုခဲ့သည့်ငလျင်ကြောင့် ကော့မှူးမြို့နယ်ရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခ

"ကျိုက်လတ်ဘက်မှာတော့ ပျက်စီးတာမရှိဘူးလို့ သိရတယ်။ မြေငလျင်လှုပ်တာကိုတော့ ကောင်းကောင်းသိကြတယ်ပေါ့နော်။ ကော့မှူးဘက်မှာတော့ စိန်ဖူးတော်မြေခတယ်ဆိုတာတော့ ဟုတ်တယ်။ တခြားကြီးကြီးမားမားတော့မရှိပါဘူး။ အဲဒီလောက်ပါပဲ။” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဘောက်ထော်တွင် လူငယ်တစ်ဦး ရထားတိုက်ခံရ

"ရပ်ကွက်ထဲကလူတွေပြောပုံအရတော့ သူကလွတ်တယ်ထင်ပြီး ကူးလိုက်တာ။ ပြောရရင် ရှပ်ထိသွားတာပေါ့။ ရထားကြိတ်ခံရရင် ပြတ်ထွက်သွားမှာလေ။ ညာခြေဖမိုး ပြတ်ရှဒဏ်ရာရတယ်။ ဦးခေါင်းကွဲသွားတယ်။ စိုးရိမ်ရတယ်။"

တန့်ဆည်မြို့နယ်ရှိ ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

“အခု စစ်ဘေးရှောင်တွေက လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တန့်ဆည်မြို့အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းရှိကျေးရွာများက ဒေသခံတွေပါ။ အဆင်ပြေသလို တောတွေ၊ တောင်တွေထဲမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ။ ဒီတော့ အလုအယက်ပြေးလာရလို့ ဘာမှမပါလာတဲ့အတွက် အကူအညီလိုအပ်နေတာ။”

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံ ဗီတိုအာဏာသုံးပယ်ချ

အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲကို ရပ်တန်ရန်ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံငြင်းဆန်ခဲ့ခြင်းအတွက် အမေရိကန်အစိုးရသည် နိုင်ငံတကာ၏ဝေဖန်မှုအောက်ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေ

"အရမ်းကြီးအရောင်းအဝယ်ဖြစ်နေတာမျိုးမဟုတ်ဘူး။ ပုံမှန်လေးတော့သွားတယ်။ ပြောရရင် ဈေးကွက်အေးနေတာပေါ့။ သိန်း ၁၀၀၀ ထက်မြင့်တဲ့ကားတွေက အရောင်းအဝယ်မဖြစ်ဘူး။ ၁၀၀၀ ဝန်းကျင်လောက်ပဲ အရောင်းအဝယ်ဖြစ်နေတာ။"