» သတင်း

အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာတွင် ၃၄ ဦး ထပ်မံသေဆုံး

ဂါဇာ အရပ်သားကာကွယ်ရေးအေဂျင်စီက "ဂါဇာမှာ ပစ်ခတ်မှုတွေ၊ အမြှောက်တွေနဲ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအခွင့်အလမ်းလျော့နည်းလာနေတယ်။" ဟု ပြောသည်။

ဖလမ်းမြို့တွင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

“ဖလမ်းမြို့နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တိုက်ပွဲကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေရှိလာတယ်။ ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်ကသောင်ချီရှိနေတာ။ အခု စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် စောင်တွေ၊ အနွေးထည်တွေလိုအပ်နေတာ။”

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထား ဟုဆို

"ဖမ်းခံရတာတော့ဟုတ်တယ်။ ဘာကြောင့်အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရဘူး။ ဒီ လောက်ပဲပြောနိုင်တယ်။" ဟု ကိုးတန့်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယူကရိန်းစစ်တပ်က ရုရှားပိုင်နက်ထဲသို့ တာဝေးပစ်ဒုံးကျည်များဖြင့်ပစ်ခတ်ရန် အမေရိကန်အစိုးရ ခွင့်ပြု

ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ မြောက်ကိုရီးယားစစ်သားများ ပါဝင်တိုက်ခိုက်ခြင်းကို တုံ့ပြန်မှုအဖြစ် အမေရိကန်အစိုးရက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေကျော်ပွဲဈေး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဟုဆို

"၁၉ ရက်နေ့မှာ ပြန်လုပ်မယ်တဲ့။ အခုတော့ လမ်းမပေါ်မှာ ဆိုင်ခန်းတွေအတွက် ထုံးသုတ်ပြီး နေရာချထားပြီးပြီ။ ပုံမှန်ကတော့ သီတင်းကျွတ်မှာလုပ်နေတာပါ။ အခု ဒီနှစ်ကျမှ ကြားရက်ကြီးမှာထလုပ်တာ။" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဟုယူဆရသူ ၇၀ ကို ဖမ်းဆီး

Phang Nga ဒေသအုပ်ချုပ်ရေးမှုး ဆွန်ကာနီ ဖိုသီစရီက "ကနဦး စုံစမ်းစစ်ဆေးချက်တွေအရတော့ အဲဒီသူတွေဟာ မြန်မာနိုင်ငံကမွတ်စလင်တွေဖြစ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားဖို့ ရည်ရွယ်ထားသူတွေလို့ ထွက်ဆိုထားတယ်" ဟု ပြောသည်။

အမရပူရတွင် Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ

"ဆိုင်ကယ်ဓာတ်ဆီဖြည့်မလို့ရောက်လာပြီး ဆိုင်အတွင်းနဲ့ ပြင်ပအ​ခြေအ​​​နေကြည့်ပြီး ​သေနတ်နဲ့ခြိမ်း​ခြောက် ဓားပြတိုက်သွားတဲ့သ​ဘောပါ။ CCTV အရ ဓားပြတိုက်သူက အသက် ၃၀ ​ကျော်​လောက်ရှိပါမယ်။ ​သေနတ်ကိုင်ပြီး ပစ်ခတ်​တော့ ဆိုင်ထဲလူ​တွေလည်း ​ကြောက်လန့်ကုန်ကြတာ အမှန်ပါ။"

မူဆယ်မြို့တွင် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်းများ ဖြတ်တောက်ထား ဟုဆို

“ဦးလေးတို့မူဆယ်မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့လောက်ကနေ စက်သုံးဆီတွေရော၊ စားသောက်ကုန်တွေရော အကုန်ပိတ်ထားခံရတာ။ စက်သုံးဆီဆိုရင် တစ်လီတာကို ၁၂,၀၀၀ ကျပ်နဲ့ပေးဝယ်နေရတယ်။ ဘာဆီကားမှလည်း လာလို့မရ။ ပြောရရင် ဖြတ်လေးဖြတ်ပေါ့နော်။”

မိုင်းငေါ့မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးဒဏ်ရာရ၊ နေအိမ် ၁၀ လုံးကျော်ပျက်စီး

“ရပ်ကွက်ထဲကိုကျတော့ နေအိမ်တွေလည်း အတော်ပျက်စီးသွားတယ်။ ၁၀ လုံးတော့ကျော်မလားပဲ။ ထိခိုက်တဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့အထဲ အမျိုးသမီးကြီးတွေလည်းပါတယ်။ စုစုပေါင်းဆို လေး၊ ငါးယောက်တော့ဒဏ်ရာရတယ်။ ဒီနေ့မနက်ကမှဖြစ်တာ။”

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း၌ အရေပြားရောဂါများဖြစ်ပွား ဆေးဝါးလိုအပ်ချက်များနေ

အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ကျော်ရှိ ပြီး၊ အသက် ၁၀ နှစ်အောက်ကလေးများအပါအဝင် လူ ၃၀၀ ဦးကျော် အရေပြားရောဂါများဖြစ်ပွားကာ ကုသရေးအပိုင်းတွင် ဆေးဝါးမလုံလောက်ခြင်းကြောင့် ကလေးများကိုသာ ဦးစားပေးကုသပေးနေရကြောင်း စစ်ဘေးရှာင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။