» သတင်း

သီပေါမြို့တွင် လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံတစ်ဦးဒဏ်ရာရ

“ဒဏ်ရာကကတော့ မစိုးရိမ်ရပါဘူး။ ဘယ်ဘက်လက်ကိုထိတာ။ နေအိမ်မှာနေရင်းနဲ့ပဲ။ အသက်ကတော့ ၂၀ ကျော်လောက်ရှိပြီ။ လောလောဆယ်တော့ သွေးမလွန်အောင်ထိန်းထားပြီး ဒဏ်ရာကိုသက်သာအောင်လုပ်ထားတယ်။ မနက်တော့တော့ နီးစပ်တဲ့ဆေးခန်းတော့ ပို့ပေမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဗြိတိန်လွှတ်တော်ရွေးကောက်ပွဲတွင် လေဘာပါတီအနိုင်ရခဲ့ပြီး ကီရစ်စတာမာ ဝန်ကြီးချုပ်ဖြစ်လာဖွယ်ရှိနေ

ဆူနက်က "လေဘာပါတီဟာ ဗြိတိန်နိုင်ငံမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီနိုင်ပွဲနဲ့ပတ်သက်ပြီး လေဘာပါတီခေါင်းဆောင် ဆာ ကီရစ်စတာမာအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ ရှုံးနိမ့်မှုအတွက်လည်း တာဝန်ယူသွားမှာပါ။ အာဏာလွှဲပြောင်းပေးမှုတွေကို ငြိမ်းချမ်းစွာလုပ်ဆောင်သွားမှာပါ။ နိုင်ငံတည်ငြိမ်ရေးနဲ့ နိုင်ငံအနာဂတ်အတွက် ယုံကြည်မှုရှိစွာအားလုံးအလုပ်လုပ်ရမှာဖြစ်တယ်။" ဟု ပြောသည်။

တပ်မှူးတစ်ဦးသေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဟစ်ဘိုလာအုပ်စုက အစ္စရေးပိုင်နက်အတွင်းကို ရော့ကဒ်အစင်းပေါင်း ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

ဟစ်ဘိုလာအုပ်စုက ၎င်းတို့သည် အစ္စရေးနိုင်ငံကထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့်ကို ရော့ကဒ်ဒုံးကျည်အစင်းပေါင်း ၂၀၀ အပြင် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒရုန်းအစင်းပေါင်း ၂၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုထားသလို၊ အစ္စရေးကလည်း ဟစ်ဘိုလာအုပ်စုပစ်ခတ်ခဲ့သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောသည်။

ဧရာဝတီတိုင်းတွင် ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်း

“အခုနှစ် တစ်ဆနှစ်ဆလျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင်ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို မိုးသီးနှံတောင်လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီးရှာရဦးမယ်။ ခါတိုင်းဆို နွေသီးနှံတွေသိမ်းပြီးတာနဲ့ မိုးသီးနှံစိုက်ဖို့ အရင်းအနှီးသုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အဓိကကတော့ ရာသီဥဖောက်ပြန်တာနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်…

ကသာမြို့နှင့် ဗန်​မော်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိ​နေ ဟုဆို

"ကသာမြို့နယ်နဲ့ ဗန်​မော်မြို့နယ်တို့က အနိမ့်ပိုင်း​ဒေသမှာ နေထိုင်သူ​တွေကို မိုး​လေဝသနဲ့ ဇလ​ဗေဒညွှန်ကြားမှုရဲ့ မြစ်ရေကြီးခြင်းသတိပေးထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေက စိုးရိမ်​ရေအမှတ်​ရောက်​နေလို့ အနိမ့်ပိုင်း​ဒေသမှာ ​နေထိုင်သူ​တွေကို ​ရေ​ဘေးလွတ်ရာကို ​ရွှေ့​ပြောင်း​ပေး​နေရပါတယ်။" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်းဖြေရှင်းမည်ဆိုသော ဒေါ်နယ်ထရမ့်၏အစီအစဉ်ကို သိလိုကြောင်း ယူကရိန်းသမ္မတ ဆို

ယူကရိန်းသမ္မတက "ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲ အမြန်ဆုံးအဆုံးသတ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သိချင်မိတယ်။ ဒေါ်နယ်ထရမ့်ဟာ စစ်ပွဲကိုအမှန်တကယ်အ ဆုံးသတ်နိုင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် လက်ရှိအချိန်မှာ ထုတ်ဖော်ပြောဆိုသင့်တယ်။ ကျွန်တော်တို့ ယူကရိန်းနိုင်ငံရဲ့လွှတ်လပ်ရေးအတွက် အန္တရာယ်ရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ပိုင်နက်တွေနဲ့ နိုင်ငံသားတွေဘဝ ဆုံးရှုံးရမယ့်အန္တရာယ်မျိုးတွေ ရှိလာနိုင်တဲ့အတွက်…

ဖိအားပေးခံရသော်လည်း အမေရိကန်သမ္မတရာထူးနှင့် သမ္မတလောင်းအဖြစ်မှ နုတ်ထွက်မည်မဟုတ်ဟု ဂျိုးဘိုင်ဒန် ဆို

အသက် ၈၁ နှစ်အရွယ်ရှိ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောသီတင်းပတ်အတွင်းကျင်းပခဲ့သော စကားစစ်ထိုးပွဲတွင် မျှော်လင့်သလောက် ရလဒ်ကောင်းမွန်မှုမရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့မှုနှင့်အတူ ဒီမိုရက်တစ်ပါတီ အားပေးထောက်ခံသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှနုတ်ထွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်နေ ရာတွင်အစားထိုးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်သူဦးရေ ၃ သန်းခန့်ရှိလာ ဟုဆို

“စစ်ပွဲတွေက နေရာတိုင်းမှာပြန်ဖြစ်နေတော့ သွားလာဖို့က အဆင်မပြေဘူးလေ။ အခုဆို စစ်ရှောင်နေရတာ ခြောက်လလောက်ရှိနေပြီ။ ပြန်မယ်လို့လုပ်ပြန်တော့လည်း တိုက်ပွဲက ထဖြစ်။ မိုးမိတ်ကိုပြန်ဖို့ ကားလက်မှတ်ကလည်း ဖြတ်ပြီးပြီ။ ကားလမ်းတွေပိတ်ထားတယ်ဆိုလို့ အခုထိမပြန်နိုင်။ မန္တလေးမှာ မပြန်ရတဲ့သူက ၃၀ လောက်ရှိမယ်။ လာချင်ကြတဲ့သူတွေကလည်းရှိတာပေါ့နော်။…

Move Forward party ကို ဖျက်သိမ်းရန်တောင်းဆိုချက်များကို ဇူလိုင် ၁၇ ရက်တွင် ဆုံးဖြတ်မည်

ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော်လည်း ထိုင်းလွှတ်တော်အတွင်းရှိ စစ်တပ်မှခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုများကြောင့်ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်မရခဲ့သလို အစိုးရကိုဦးဆောင်ဖွဲ့စည်းခွင့်လည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် အိမ်ခြေ ၁၀၀ ကျော် ထပ်မံပြောင်းရွှေ့နေရ

“ရေကတော့ တစ်ဖြေးဖြေးနဲ့တော့ ကျနေပြီပြောတယ်။ ရွှေ့ပြောင်းနေရတုန်းဆိုတော့ သေချာမသိရသေးဘူး။ ဒီနေ့ဆိုရင် ခွန်သာ၊ ရွှေကူ၊ တပ်ကလေး အဲ့ဘက်တွေကိုဝင်တာ။ အိမ် ၁၀၀ ကျော်လောက်ရှိမယ်။ လူဦးရေက ၃၀၀ ကျော်မယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်နေပါတယ်။ တစ်ခြားအဖွဲ့တွေနဲ့လည်း…