» သတင်း

ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှနုတ်ထွက်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပထမဆုံးအကြိမ် တောင်းဆို

တက်ဆက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လွိုင်ဒေါ့ဂက်သည် ဂျိုးဘိုင်ဒန်ကို ရာထူးမှနုတ်ထွက်ရန် လူသိရှင်ကြားတောင်းဆိုခဲ့သော ပထမ ဆုံးလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ဂါဇာဒေသတွင် စစ်ပွဲကြောင့်နေရပ်စွန့်ခွာသူ နှစ်သန်းနီပါးအထိ မြင့်တက်လာဟု ကုလသမဂ္ဂ ဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲက ၉ လနီးပါးရှိလာချိန်တွင် ဂါဇာဒေသတွင်နေထိုင်နေသည့် ပါလက်စတိုင်းလူမျိုး ၈၀ ရာခိုင်နှုန်း နေရပ်စွန့်ခွာနေထိုင်ခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ရွှေဆိုင်အချို့ပိတ်သိမ်းသွားသဖြင့် ရွှေလုပ်ငန်းနှင့်ဆက်စပ်သူများ အလုပ်လက်မဲ့ဖြစ်လာ

ဧရာဝတီတိုင်းတွင် ရွှေဆိုင်အချို့ဖွင့်ထားသော်လည်း အရောင်းအဝယ်မရှိသလောက် ဖြစ်နေခြင်းကြောင့် ရွှေအရောင်းဝန်ထမ်း မထားနိုင်ခြင်း၊ အချို့ဆိုင်များ ဝန်ထမ်းလျော့ချခြင်း စသည့်အခြေအနေများကြောင့် ရွှေဆိုင်များကိုမှီခိုနေရသူများ အခက်အခဲရှိလာကြောင်း ရွှေဆိုင်အရောင်းဝန်ထမ်းများက ဆိုသည်။

ဂါဇာသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် မလေးရှားနှင့် အင်ဒိုနီးရှားအစိုးရတို့ အသင့်ရှိနေ

မလေးရှားဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး ပါလက်စတိုင်းကို အားပေးထောက်ခံကြောင်း ပြသခဲ့သောနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်တွင် အနိုင်ရပြီးနောက် National Rally ပါတီက ပြင်သစ်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် အလားလာကောင်းနေ

ရွှေပြောင်းနေထိုင်နေသူများကို ဆန့်ကျင့်သော National Rally (RN) ပါတီကို အားပေးထောက်ခံသူများသည် ပါတီခေါင်းဆောင်လီပန်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဇူလိုင် ၇ ရက်နေ့တွင် ထပ်မံကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရန် မျှော်လင့်ထား‌ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ရန် မိသားစုအားပေး

စကားစစ်ထိုးပွဲတွင်လည်း ဂျိုးဘိုင်ဒန်၏ပုံစံက ဖရိုဖရဲဖြစ်နေခဲ့ပြီး၊ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ကြောင်း ဝေဖန်မှုများရှိလာခဲ့ရာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်းအသစ်ကို ထပ်မံရွေးချယ်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဂျပန်နိုင်ငံသား အကြီးတန်းအရာရှိတစ်ဦး ဖမ်းဆီးခံရ ဟုဆို

မြန်မာအစိုးရက ဂျပန်စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူအပါအဝင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ၎င်းတို့သည် ဆန်ရောင်းချမှုစည်းကမ်းဥပဒေကို ချိုးဖောက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

အီရန်သမ္မတရွေးကောက်ပွဲတွင် သတ်မှတ်မဲအရေအတွက်မရသည့်အတွက် မဲအများဆုံးရသူနှစ်ဦး ထပ်မံယှဉ်ပြိုင်ရမည်

အီရန်နိုင်ငံဥပဒေတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ဆန္ဒမဲအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်ကြောင်း သတ်မှတ်ထားရာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလေးဦးစလုံး အဆိုပါမဲအရေအတွက်မရခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအမည်စာရင်းမှ ဖယ်ရှားပေးရန် ဒီမိုကရက်တစ်ပါတီအားပေးထောက်ပံ့ပေးသူများ လိုလားနေ

သြဂုတ်လအတွင်းကျင်းပမည့် ဒီမိုကရက်တစ်ပါတီ အစည်းအဝေးမတိုင်ခင် ဒီမိုကရက်တစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် ကူညီထောက်ပံ့ပေးသည့်အုပ်စုများကြား သမ္မတ လောင်းနေရာအစားထိုးရန် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

မြစ်ကြီးနားတွင် နေရာအချို့ရေကြီးမှုများဖြစ်ပေါ်၊ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွေ့နေရ ဟုဆို

“ကျွန်တော်တို့အဖွဲ့ တွေပဲ တွေ့ရသလောက်တော့ အိမ်ခြေ ၁၀၀ ကျော်လောက်တော့ရှိမယ်။ ဒီဘက်က နေရာနည်းနည်းလည်းကျဲတာကြောင့်။ လူဦးရေက ၁၀၀ကျော် ၂၀၀ နီးပါလောက်ရှိမယ်။ လောလောဆယ်က ကုန်းမြင့်ပေါ်တွေကိုပဲ တင်နေတုန်း။ ရေကလည်း လူတစ်ရပ်စာလောတော့ရှိပြီ တက်လာတာ။ အခုထိပြောင်းရွှေ့တာ မပြီးသေဘူးပေါ့နော်။…