» သတင်း

ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်ထိမှန်ခြင်းကြောင့် လေးဦးသေဆုံး

“မနေ့ကလည်း သေဆုံးလေးဦးရှိပါတယ်။ အမျိုးသားနှစ်ဦးနဲ့၊ အမျိုးသမီးနှစ်ဦးပါ။ လက်နက်ကြီးကျည်ထိတာပဲ။ ကျောက်မဲမှာတော့စစ်ရှောင်ကြတာ တစ်မြို့နီးပါလောက်ရှိသွားပြီ။ မနေ့ကလည်း ကိုရင်လေးတွေနဲ့ ဒေသခံအချို့လည်း စစ်ဘေးရှောင်လာရသေးတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်အောင် တည်ဆောက်သွားလိုကြောင်း မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန် ဆို

သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား နက်ရှိင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ယခင်ခေါင်းဆောင်ဟောင်းများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ၂၀၂၀ ပြည့်နှစ် မြန်မာ နိုင်ငံသိုလာရောက်လည်ပတ်စဉ်တွင် နှစ်နိုင်ငံအနေဖြင့် မြန်မာ-တရုတ်…

သမ္မတဂျိုးဘိုင်ဒန်ကို ရာထူးမှဖယ်ရှားရန် အမေရိကန်အစိုးရအဖွဲ့ စဉ်းစားရမည်ဟု အောက်လွှတ်တော်ဥက္ကဌ တိုက်တွန်း

မိုက်ဂျွန်ဆန်က အဆိုပါစကားစစ်ထိုးပွဲအတွင်း အသက် ၈၀ ကျော်အရွယ်ရှိနေသည့် သမ္မတဂျိုးဘိုင်ဒန်သည် ကျန်းမာရေးကောင်းမွန်သည့် ပုံစံမျိုးမဟုတ်ဘဲ ခပ်ယဲ့ယဲ့ပုံစံမျိုးဖြစ်သ လို စိတ်ရှုပ်နေသောပုံစံမျိုးဖြစ်နေကာ စကားများကလည်း ရှုပ်ယှက်ခတ်နေပြီး ပြောစကားများကို အဆုံးသတ်နိုင်ရန်ကြိုးစားနေခဲ့ရကြောင်း ဆိုသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဆက်လက်ရှိနေခြင်းကို ခွင့်မပြုသင့်ကြောင်း အမေရိကန်သမ္မတ ဆို

ဂျိုးဘိုင်ဒန်က "ဟားမက်စ်အုပ်စုကို ဆက်လက်ရှိနေဖို့ ခွင့်မပြုသင့်ဘူး။ အိုစမာဘင်လာဒင်ကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့သလိုမျိုး အစ္စရေးကိုလည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အားနည်းအောင်လုပ်ဆောင်နိုင်ဖို့ ထောက်လှမ်းရေးအဖွဲ့စည်းတွေ၊ ကျွမ်းကျင်သူတွေကို စေလွှတ်ပေးခဲ့တယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အင်အားလျော့နည်းအောင်လုပ် ဆောင်ရမယ်။ ဒါပေမယ့် အရပ်သားပြည်သူတွေ သေဆုံးမှုမရှိရအောင်…

မိုးကုတ်တွင် လက်နက်ကြီးကျည်ကြောင့်  အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူ

"​ရှမ်းစုရပ်၊ ဥယျာဉ်ကျောင်းတိုက်အတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားတယ်။ အဲဒီမှာ ကိုရင်​လေးငါးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူသွားခဲ့ပါတယ်။" ဟု ဥယျာဉ်ကျောင်းတိုက် ကျောင်းထိုင်ဆရာ​တော်တစ်ပါးက ယ​နေ့​ခေတ်သို့ မိန့်ကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်မည့်အစီအစဉ် နောက်ဆုတ်သွားဖွယ်ရှိနေ

(ICC)တရားရုံးသည် ပါလက်စတိုင်းများကျူးလွန်သော ရာဇဝတ်မှုများကို စီရင်ဆုံးဖြတ်ခြင်းမလုပ်ဆောင်ဘဲ အစ္စရေးနိုင်ငံသားများကို စီရင်ဆုံးဖြတ်ခြင်းက ဖြစ်သင့်သလားဟု ဗြိတိန်နိုင်ငံက မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ်အချို့တွင် ရည်ညွှန်းဈေးနှုန်းဖြင့် ​ ဆန်ရောင်းချရန်စီစဥ်​နေ ဟုဆို

"တိုင်း​ဒေသကြီးနဲ့ ပြည်အချို့မှာ ​စျေးဆိုင်​တွေ။ ကုန်စုံဆိုင်​တွေနဲ့ အခြား​သော ဆန်အ​ရောင်းဆိုင်ကြီး​တွေမှာလည်း ပြည်သူ​တွေ အလွယ်တကူ ဆန်ဝယ်ယူရနိုင်ဖို့ တိုးချဲ့​ဆောင်ရွက်​နေပါတယ်။ အဲဒီလိုဆန်ဆိုင်​တွေမှာလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ရည်ညွှန်း​စျေးနှုန်းအတိုင်းပဲ ​ရောင်းချ​​ပေးဖို့ သတ်မှတ်ထားပါတယ်။ တကယ်လို့ သတ်မှတ်​စျေးထက် ​ကျော်လွန်​ရောင်းချမှု​တွေကို စိစစ်​တွေ့ရှိပါက ထိ​ရောက်စွာအ​ရေးယူ​ဆောင်ရွက်သွားပါမယ်။"

အီရန်တွင် သမ္မတအသစ်ရွေးကောက်ပွဲများ ပြုလုပ်

အီရန်ပြည်သူများသည် ဇွန်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော အီရန်သမ္မတရွေးကောက်ပွဲတွင် အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို သစ္စာခံသူခြောက်ဦးထဲမှတစ်ဦးကို မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းက အမေရိကန်နှင့်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် ထပ်မံချုပ်ဆို

ယူကရိန်းသမ္မတက "ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂနဲ့ လုံခြုံရေးကတိကဝတ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်။ လစ်သူယေးနီးယား၊ အက်စတိုနီးယားနိုင်ငံတို့နဲ့လည်း လုံ ခြုံရေးသဘောတူညီမှုစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်။ ဥရောပတိုက်အတွင်းရှိ အခြားနိုင်ငံတွေကိုလည်း ကျွန်တော်တို့နိုင်ငံနဲ့ လုံခြုံရေးသဘောတူစာချုပ်တွေချုပ်ဆိုဖို့ ဖိတ်ခေါ်ပါတယ်။" ဟု ပြောသည်။

ကျောက်မဲတွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံအများစု နေအိမ်အတွင်း ပုန်းခိုနေရ

“လေယာဉ်သံ၊ လက်နက်ကြီးအသံနဲ့ တစ်ခါမှမကြားဖူးတဲ့အသံတွေ အမျိုးမျိုးကြားရတယ်။ တမနက်လုံးလည်း မြို့ပေါ်ကို ခဏခဏလေယာဉ်တွေ လာဝဲနေတာ။ ဒီအချိန်မှာတော့ ဘယ်လိုမှလဲ ထွက်ပြေးလို့မရတော့တာနဲ့ အိမ်သားတွေစုပြီး အိမ်မှာရှိတဲ့စားပွဲခုံအောက် စောင်တွေအပေါ်ကအုပ်ပြီး စားပွဲခုံအောက်ဝင်နေရတယ်။” ဟု ကျောက်မဲမြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။