» သတင်း

ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံ ၁၆ ဦးသေဆုံး

“ဒီနေ့ဆိုရင် သေဆုံးတာစုစုပေါင်း ၁၆ ယောက်ရှိတယ်။ ဒေသခံတွေပဲ။ အမျိုးသားရှစ်ယောက်နဲ့၊ အမျိုးသမီးရှစ်ယောက်တွေ့တယ်။ ဒဏ်ရာရတာ သုံးဦးတော့ရှိတယ်။ ကျွန်တော်တို့ကတော့ သေနတ်သံတွေရပ်သွားရင်တော့ သွားသယ်လိုက်နဲ့လုပ်ရတာပေါ့။ ကြည့်သွားရတာပေါ့။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဘိုလီဗီးယားနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်

ဗိုလ်ချုပ်ကြီး ဂျွန်ဂျိုစ့် ဇူနီဂါက စစ်သားများသည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း ၄၀ နီးပါးကြာ လူအနည်းစုနှင့် တိုင်းပြည်အုပ်ချုပ်ရန်မဖြစ်သင့်ကြောင်း၊ စစ်မှန်သောဒီမိုကရေစီပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယူကရိန်းစစ်ရှုံးမည်ဖြစ်ပြီး ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်သွားဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ဆို

အမေရိကန်သမ္မတဟောင်းက "အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ဆိုးရွားတဲ့ဘက်က ရပ်တည်နေတယ်။ ဘာကြောင့်လဲဆိုရင် ဒီစစ်ပွဲမှာ ယူကရိန်းဟာ ရုရှားကိုအနိုင်ရမှာမဟုတ်ဘူး။ စစ်ပွဲအချိန်ကြာလာမည်ဆိုရင် ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းသွားဖွယ်ရှိတယ်။" ဟု ပြောသည်။

လက်ဘနွန်နိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် အမေရိကန်အစိုးရ ပြင်ဆင်နေ

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာဒေသကို အရှိန်မြင့်တိုက်ခိုက်ပြီးချိန်တွင် နိုင်ငံမြောက်ပိုင်းကို အန္တရာယ်ပေးနေသည့် ဟစ်ဘိုလာအုပ်စုများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

ဟွန်ဒူးရက်သမ္မတဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၄၅ နှစ်နှင့် ငွေဒဏ် ဒေါ်လာရှစ်သန်း အမိန့်ချမှတ်

အသက် ၅၅ နှစ်အရွယ်ရှိ အော်လန်ဒိုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သူဖြစ်ကြောင်း၊ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဟွန်ဒူးရက်စ်နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံသို့ ကိုကင်းတန်ချိန် ၄၀၀ ကျော်တင်ပို့ခြင်းကို လာဘ်ငွေရယူကာ ဖုန်းကွယ်ပေးခဲ့ကြောင်း အမေရိကန်အစိုးရက ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်သည် အနာဂတ်တွင် ရာဇဝတ်မှုဖြင့်တရားစွဲခံရဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ဝေဖန်တိုက်ခိုက်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က "လက်ရှိအချိန်မှာ ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူဟာ သေနတ်ကိုင်ဆောင်မှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိထားတယ်။ ဂျိုးဘိုင်ဒန်ဟာလည်း သမ္မတရားထူးက အနားယူသွားချိန်မှာ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံရဖွယ်ရှိနေပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သူလုပ်ခဲ့သမျှအရာအားလုံးအတွက် တရားစွဲခံရဖွယ်ရှိနေပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ကြောက်စရာကောင်းတဲ့အရာတွေကို လုပ်ခဲ့တယ်။" ဟု ပြောသည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်း

အရပ်သားပြည်သူများကို လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိ​လာခြင်း​ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်

“မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် စားအုန်းဆီအပါအဝင် ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာ။ ဒီဘက်မှာက အဓိကအားဖြင့် ယိုးဒယားဘက်ကလာတဲ့ စားအုန်းဆီတွေပဲ အသုံးများကြတယ်။ မြန်မာငွေကြေး ကျဆင်းတာနဲ့ ရန်ကုန်ကနေ လုံလောက်အောင် စားအုန်းဆီဝယ်ယူလို့မရတာကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်ခဲ့ တာ။” ဟု အ ထက်ပါလုပ်ငန်းရှင်က…

ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံ ၂၃ ဦးသေဆုံး

“သေဆုံးတာတွေက မိုင်းထိတာထက် သေနတ်မှန်တာများတယ်။ ဒီနေ့နဲ့ဆို စုစုပေါင်း ၂၃ ဦးရှိသွားပြီ။ အမျိုးသမီးနှစ်ဦးပါတာတော့တွေတယ်။ လူတွေကို သေချာခွဲလို့ကမရဘူး။ အ မြန်ကောက်ရတာဆိုတော့။ သူတို့သက်မှတ်ထားတဲ့အချိန်ကို ပြီးအောင်သယ်ရတာလည်းပါတယ်။ ဒဏ်ရာရရှိတဲ့သူက ခြောက်ယောက်လောက်တော့ရှိတယ်။ ပျက်စီးတဲ့အိမ်က ခြောက်လုံးလောက်တော့ရှိပြီ။” ဟု ဒေသခံတစ်ဦးက…

နောင်ချိုမြို့အတွင်းရှိ ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

“ဒီကနေ့မနက်ကဆို စစ်ဘေးလွတ်ရာကို ထွက်ပြေးနေရတာ။ မြို့ထဲမှာလူတွေသိပ်မရှိတော့ဘူး။ ကျွန်တော်တို့တောင် နောင်ချိုက ၁၀ မိုင်အတွင်းကို ပြေးလာရတာ။ ၁၀ မိုင်မှာဆို စစ်ဘေးရှောင် ၁၀၀ ကျော်လောက်ရှိတယ်။ နောင်ချိုဘက်ကို ပြန်လို့မရတော့ဘူး။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။