» သတင်း

ရှမ်း(မြောက်)တွင် တိုက်ပွဲပြန်ဖြစ် ဒေသခံများထွက်ပြေးတိမ်းရှောင်ရ

"မနက် ၆ နာရီကစပြီး သေနတ်သံတွေကြားရတာ။ ဟိုရက်ပိုင်းထဲက တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ကြောက်လန့်နေကြတော့ တိုက်ပွဲမပြင်းလာခင် အခုထဲက ကြိုပြီးစစ်ရှောင်ကြတာ။ ကျောက်မဲမြို့ထဲလည်း သွားလာသူတောင် မရှိတော့ဘူး။ လူရှင်းပြီး ခြောက်ကပ်နေတယ်။" ဟု ကျောက်မဲမြို့တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

သမ္မတပူတင် သွားရောက်ခဲ့သော ဗီယက်နမ်နိုင်ငံကို အမေရိကန်အထူးကိုယ်စားလှယ် ထပ်မံသွားရောက်

အမေရိကန်အထူးကိုယ်စားလှယ်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဖန်တီးသွားမည်ဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ဘေးကင်းလုံခြုံမှုများနှင့် အကျိုးစီးပွားပိုမိုကောင်းမွန်စေရန် ကိုယ်ပိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် စဉ်းစားနေဟု တောင်ကိုရီးယားအစိုးရ ဆို

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ချန်ဟိုဂျင်က "အရာရာတိုင်းဟာ ရုရှားနိုင်ငံရဲ့လုပ်ရပ်တွေအပေါ် မူတည်နေတယ်။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်လက် နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးလာမယ်ဆိုရင် ကျွန်တော်တို့ကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စဉ်းစားမယ်။" ဟု ပြောသည်။

မူဆယ်တွင် ကျွဲခတ်ခံရခြင်းကြောင့် တစ်ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ

“ဒဏ်ရာရတာ အယောက် ၂၀။ အမျိုးသမီးတစ်ယောက်က ကျွဲခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကွတ်ခိုင်ဆေးရုံမှာ ဆုံးသွားတယ်။ အသက်က ၅၀ ကျော်ပြီ။ ခြောက်ယောက်က ဒဏ် ရာပြင်းတယ်။ လောလောဆယ် စိုးရိမ်ရတဲ့လူနာတော့ ထပ်မကြားရသေးဘူး။ ကျွဲကိုတော့ ပူးပေါင်းအဖွဲ့တွေက ဖမ်းတယ်လို့…

အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုမည့်အစီအစဉ်ကို အမေရိကန်အစိုးရ စိုးရိမ်နေ

အစ္စရေးဝန်ကြီးချုပ်သည် အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအပေါ် လအတန်ကြာ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး ဆိုင်းငံ့ထားခြင်းကို မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

လူ ၃၀၀ ခန့်ကို အထူးအစီအစဥ်အ​​နေဖြင့် ပတ်စ်ပို့သက်တမ်းတိုးပေးမည်ဟု စင်္ကာပူရှိမြန်မာသံရုံးထုတ်ပြန်

"စင်္ကာနိုင်ငံထဲမှာ ​ရောက်ရှိ​နေတဲ့ မြန်မာ​​ရွှေ့​ပြောင်းလုပ်သား​တွေကို အထူးအစီအစဉ်အနေနဲ့ ကနဦးလူ ၃၀၀ ကို ပတ်စ်ပို့သက်တမ်းတိုးပေးတာပါ။ ကျန် ၆၀၀ ဦးကိုလည်း ဒီလ ၂၆ ရက်မှာ ထပ်မံ​ကြေညာ​ပေးသွားမှာပါ" ဟု စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့…

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင်ရေကြီးမှုများဖြစ်ပေါ် လူပေါင်းများစွာ နေရပ်စွန့်ခွာ

လက်ရှိအချိန်တွင် အိုင်အိုဝါပြည်နယ်ရှိ နေရာဒေသအချို့ကို အရေးပေါ်အုပ်ချုပ်ရေးကြေညာထားရပြီး လမ်းများတွင်ရေကြီးနေရာ လူအများစုက အိမ်ခေါင်းမိုးပေါ်များ၊ သစ်ပစ်ထိပ်ဖျားများတွင် တက်ရောက်နေရကြောင်း သိရသည်။

ပုဏ္ဏာကျွန်းမြို့နယ်၌ စစ်ဘေးရှောင် ၅၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်သည် နစကတပ်နှင့် ဒေသတွင်လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင်များတွင် က လေးငယ်များ ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ နာတာရှည်ရောဂါဝေဒနာခံစားနေရသူများ ၂၀၀ နီးပါးခန့်အထိပါကြောင်း သိရသည်။

ဝိုင်းမော်မြို့တွင် လက်နက်ကြီးကျည်ကျပေါက်ကွဲ ကလေးတစ်ဦးဒဏ်ရာရ

ဇွန်လ ၂၁ ရက်၊ ည ၁၂ နာရီခန့်က ဝိုင်မော်မြို့၊ မန်ဒေါင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ခဝမ်းရွာနေထိုင်သည့် အသက်နှစ်နှစ်အရွယ်ကလေးတစ်ဦး ပြင်း ထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် အနည်းဆုံးလူပေါင်း ၃၉ ဦး ထပ်မံသေဆုံး

အစ္စရေးသည် ဂါဇာဒေသကို ပြီးခဲ့သောရက်ပိုင်းတွင် အရှိန်မြင့်တိုက်ခိုက်နေရာ ပြီးခဲ့သောရက်ပိုင်းကလည်း ရာဖယ်မြို့တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၅ ဦးသေဆုံးကာ ၅၀ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။