» သတင်း

ယူကရိန်း၏တိုက်ခိုက်ရေးနည်းစနစ်များကို လေ့လာသင်ယူရမည်ဖြစ်ကြောင်း ထိုင်ဝမ်ဒုတိယသမ္မတ ဆို

ထိုင်ဝမ်အနေဖြင့် စစ်ရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး စစ်တပ်၏ အမိန့်ပေးညွှန်ကြားမှုစနစ်ပုံစံများကို အပြောင်းအလဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်တပ်၏ အမိန့်ပေးညွန်ကြားမှုစနစ်များတွင် ဗဟိုမှညွန်ကြားမှုများကို လျော့ချရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ကာကွယ်ရေးသဘောတူညီမှုစာချုပ်ကို အမေရိကန်အစိုးရ စိုးရိမ်

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံကိုလည်း စစ်ဘက်သုံးဂြိုလ်တု အောင်မြင်စွာလွှတ်တင်နိုင်ရန် ကူညီပေးခဲ့ဖူးကြောင်း သိရသည်။

ဂဏန်းအရေပျော့များ ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရသဖြင့် လုပ်ငန်းများရပ်ရမည့်အခြေအနေဖြစ်လာ

၂၀၂၀ ခုနှစ်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပနိုင်ငံများက ဝယ်ယူမမှုရပ်ဆိုင်းခဲ့ပြီး ယနေ့အထိ မတင်ပို့နိုင်သည့်အတွက် ပြည် တွင်းဈေးကွက်တွင်သာ ရောင်းချနေရသည်။

ရန်ကုန်မှ မြဝတီသို့ ကားခဈေးနှုန်းများ တစ်ဦးလျှင်ငွေကျပ် ၁၈၀,၀၀၀ အထိမြင့်တက်

"မိုးမရွာခင် လမ်းအခြေနေကကောင်းတော့ ကားတွေအားလုံးသွားရတာ၊ လာရတာအဆင်ပြေတယ်။ အခုရက်ထဲ မိုးအရမ်းရွာတော့ မြဝတီဘက်တက်တဲ့လမ်းတွေ ရွှံ့ဗွတ်ထပြီး အ ကုန်ပျက်စီးကုန်တာ။ အဲဒီလမ်းတွေက အခုခရီးသည်တင်ကားတွေ သွားမရတော့ဘူး။ အခုက 4 Wheel ကားတွေပဲ သွားလို့ရတယ်။ ခရီးသည်ကိုလည်း လေးယောက်၊…

ပြီးခဲ့သောလက ရက်ဆက်ရွာသွန်းသည့်မိုးကြောင့် ဧရာဝတီတိုင်းတွင် မတ်ပဲနှင့် ပဲတီစိမ်းခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့

“နှစ်ဧကကျော်ကျော်လောက်ကို ပျက်စီးခဲ့တာ။ ရိတ်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ပျက်သွားရတာ။ အချိန်အခါမဟုတ်မိုးကြောင့် ပျက်ရတာ။ ဘာမှပြန်မရတော့ ပိုဆိုးတယ်။ အခု မိုးသီးနှံစိုက်ဖို့ စိုက်ပျိုးစရိတ်မရှိဖြစ်နေတယ်။” ဟု အထက်ပါတောင်သူက ဆက်ပြောသည်။

တရုတ်ကမ်းခြေစောင့်သင်္ဘောများ ယူဆောင်သွားသောပစ္စည်းများ ပြန်ပေးရန်နှင့် ဖျက်ဆီးခဲ့မှုများအတွက် ပြန်လျော်ပေးရန် ဖိလစ်ပိုင်စစ်တပ်တောင်းဆို

"တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓါးတွေနဲ့ လှံတွေကိုင်ဆောင်ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် သင်္ဘောအပေါ်ကို တက်လာတာဖြစ်တယ်။ ဓါးပြတိုက်သလိုမျိုးဖြစ်ခဲ့တယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ဝင်တွေဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောအပေါ်တက်ရောက်ပြီး ပစ္စည်းတွေကိုဖျက်ဆီးခဲ့သလို အချို့ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်။"

မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ကူညီထောက်ပံ့ပေးမည်ဟု အိန္ဒိယသံတမန် ဆို

အိန္ဒိယသံတမန်က "အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို မိတ်ဆွေသူငယ်ချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို သက်ဆိုင်ရာအဖွဲစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်။ ဒါ့အပြင် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ပြီး အငြင်းပွားမှုတွေကိုအဖြေရှာဖို၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးဖိုနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။" ဟု…

တရုတ်နိုင်ငံ၏ဖိအားများကို ဦးညွှတ်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆို

တရုတ်အစိုးရကလိုလားမှုမရှိသော လိုင်ချန်တေး သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင်လည်း တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားတွင် ကြီးမားသောစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများပိုမိုဖြစ်လာခဲ့သည်။

ရုရှားကို ကူညီထောက်ပံ့ပေးမှုများအတွက် တရုတ်နိုင်ငံကို အပြစ်ပေးအရေးယူရမည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဆို

ဂျန်စတိုတန်ဘတ်ချ်က "ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာဖြစ်ပွားတဲ့ အကြီးမားဆုံးလက်နက်ကိုင်ပဋိပက္ခမှာ တရုတ်နိုင်ငံက မီးထိုးပေးနေတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်းသိမ်းလိုတယ်လို့ပြောတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ လက်ရှိလုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို အပြောင်းအ လဲမလုပ်ဆောင်ဘူးဆိုရင် အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ တရုတ်နိုင်ငံကို အပြစ်ပေးရမယ်။"…

လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအုပ်စုကို အလုံးစုံစစ်ပွဲဆင်နွဲရန် အစ္စရေးစစ်တပ် ခွင့်ပြု

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက "လက်ဘနွန်နဲ့ ဟစ်ဘိုလာနိုင်ငံအပေါ် ထားရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပြောင်းလဲဖို့ နီးစပ်နေတယ်။ အလုံးစုံစစ်ပွဲ ပြုလုပ်တာမျိုး ဖြစ်လာဖွယ်ရှိတယ်။ ဟစ်ဘိုလာအုပ်စုတွေကို အလုံးစုံစစ်ပွဲဆင်နွဲရာမှာ လက်ဘနွန်နိုင်ငံ ထိခိုက်နစ်နာရဖွယ်ရှိနေပါတယ်။" ဟု ပြောသည်။