» သတင်း

ရောဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာလျင် ၁၅,၅၀၀ ကျပ်အထိ ဈေးပြန်တက်လာ

“အခုလ ပထမအပတ်ကနေစတင်ပြီး ဒီနေ့အထိ ပြည်ပတင်သွင်းကုန်တစ်ခုဖြစ်တဲ့ စားအုန်းဆီတွေ ဈေးပြန်တက်လာတယ်။ ပြည်ပတင်သွင်းကုန်စည်ဖြစ်တော့ အချို့ကုမ္မဏီတွေက ရပ်လာတာရယ်၊ အချို့ကလည်း တင်သွင်းစရိတ်များလာတာကြောင့် ဆီကိုလျာ့သွင်းလာတာတွေကြောင့်လို့ ဆီတင်သွင်းတဲ့ကုမ္မဏီတွေဆီက သိရတယ်။” ဟု ၎င်းကဆက်ပြော သည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိ

မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ရာ တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံသတိပေးခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့်စစ်ဖြစ်မည်ဆိုလျှင် ဟစ်ဘိုလာအုပ်စုဘက်မှပါ ဝင်တိုက်ခိုက်ရန် အရှေ့အလယ်ပိုင်းလက်နက်ကိုင်အဖွဲ့များ လိုလားနေ

အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုတို့သည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိချိန်မှာ အလုံးစုံစစ်ပွဲဖြစ်လာမည့် အခြေနေရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ကုန်ကြမ်းပစ္စည်းဈေးကြောင့် ရေချိုပုဇွန်မွေးမြူရေးလုပ်ငန်းများ ရပ်နား

“ပထမ ကိုဗစ်ဖြစ်တယ်။ ပုဇွန်မွေးမြူတဲ့လုပ်ငန်းကို ထိန်းလုပ်ခဲ့ရတယ်။ ထပ်ပြီးတော့ နိုင်ငံရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းတွေက ထိုးတက်လာတယ်။ အဲ့မှာ ပိုဆိုးသွားတယ်။ ပြည်ပပုဇွန်ဈေးကွက်ကလည်း လုံးဝအဆက်အသွယ်ပြတ်နေတာ၊ ဒါ့ကြောင့် ဒီနေ့အထိ နလန်မထူဖြစ်လာလို့ ရပ်နားတာပါ။” ဟု အထက်ပါလုပ်ငန်း ရှင်က ဆက်ပြောသည်။

မြင်းခြံတွင် ကြက်သွန်ဂိုဒေါင် မီးလောင်ကျွမ်း

"ကြက်သွန်ဂိုဒေါင် မီးလောင်မှုဖြစ်စဥ်​ကို အ​သေးစိတ်​တော့မသိပါဘူး။ သက်ဆိုင်ရာက စုံစမ်းစစ်​ဆေးလျက်ရှိ ပါတယ်။ မနက် ၅ နာရီ ၂ မိနစ်မှ မီးအပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ပါတယ်" ဟု အဖြူရောင်လက်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ပြောသည်။

မိုးရွာသွန်းမှုကြောင့် မိုင်းရင်ကျေးရွာနှင့် ကွတ်ခိုင်ကြားတွင် လမ်းချော်နေရာ ကားအစီးရေ ၁ဝဝ ထက်မနည်း ပိတ်မိနေ

“ကွတ်ခိုင်မြို့နဲ့ မိုင်းရင်လမ်းကြား၊ မိုင်းရင်ကျေးရွာအကျော်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းချော်ပြီး ကားတွေပိတ်နေတာ။ ကုန်ကားတွေအပါအဝင် ကားတွေမနည်းဘူး။ အရေးပေါ်ကိစ္စမရှိရင် အခုရက်ပိုင်းထဲ ဒီလမ်းကနေမသွားတာ အကောင်းဆုံးပဲ။” ဟု အထက်ပါယာဉ်မောင်းက ပြောသည်။

အင်းတော်ကြီးဒေသတွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးရရှိရန် ခက်ခဲနေ

“အရင်နှစ်တွေက အင်းတော်ကြီးဒေသမှာ ငှက်ဖျားဖြစ်ပွားတာ သိပ်မရှိခဲ့ဘူး။ ဒီနှစ်မှာတော့ အင်းတော်ကြီးဒေသက ညောင်ပင်၊ ဟွေလုံ၊ နန့်မီးလောင်၊ ချောင်းဝကျေးရွာတွေဘက်မှာလည်း အဖြစ်များနေတယ်။ ရောဂါကတွေ့ပြီး ဆေးဝယ်ရဖို့ခက်နေတာ။ ဝယ်မယ်ဆိုလည်း ဆေးလုံလုံလောက်လောက်မရဘူး။” ၎င်းကဆက်ပြောသည်။

အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသမ္မတကို မကြာခင်ဖြုတ်ချဖွယ်ရှိနေဟု ရုရှားသမ္မတ ဆို

ဇီလန်စကီး၏ ယူကရိန်းသမ္မတသက်တမ်းသည် မေလ ၂၀ ရက်နေ့တွင် ကုန်ဆုံးသွားခဲ့သော်လည်း သမ္မတအဖြစ်ဆက်လက်တာဝန်ယူနေရာ အငြင်းပွားမှုများ၊ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

လဟယ်မြို့နယ်တွင် ကျောင်းတက်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်ရှိ  

“ကဓိကတော့ တိုက်ပွဲတွေကြောင့် ကျောင်းမဖွင့်နိုင်တာ။ ကျောင်းမဖွင့်နိုင်တဲ့နေရာတွေများတော့ ကျောင်းမတက်ရတဲ့ကလေးတွေ အရမ်းများနေတယ်။ အဲ့လိုအခြေအနေတွေကြောင့် ကလေးတွေအားလုံးရဲ့ပညာရေးအခွင့် အလမ်းတွေဆုံးရှုံးတယ်။” ဟု ၎င်းကဆက်ပြောသည်။

မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ရုရှားသံအမတ်ကြီးကို တောင်ကိုရီးယားအစိုးရ ခေါ်ယူသတိပေး

ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သောရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံကြား မဟာဗျူဟာမြောက် ကာကွယ်ရေးစာချုပ်ချုပ်ဆိုခဲ့ရာ တစ်နိုင်ငံစစ်တိုက်ခိုက်ခံရမည်ဆိုလျှင် အခြားတစ်နိုင်ငံက စစ်ရေးအကူညီပေးမည်ဆိုသောအချက်များ ပါဝင်ခဲ့ကြောင်း သိရသည်။