» သတင်း

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်​ပေး

"စ​နေနဲ့ တနင်္ဂ​နွေရုံးပိတ်ရက်​တွေမှအပ တနင်္လာ​နေ့မှ ​သောကြာ​နေ့ထိ ​နေ့စဥ် နံနက် ၁၀ နာရီက​​နေ မွန်းလွဲ ၂ နာ ရီအထိ ထုတ်​ပေးပါတယ်။ အမှတ်စာရင်းထုတ်​ပေး​နေတာပါ။ ​အောင်လက်မှတ်ထုတ်​ပေး​နေတာမဟုတ်​သေးပါ ဘူး။ အချို့က ဝိဝါဒ​တွေကွဲလွဲပြီး ​အောင်လက်မှတ်လာ​ထုတ်ကြပါတယ်။ ​​အောင်လက်မှတ်ထုတ်ရက်ကို…

ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာတွင် ပိတ်မိနေသည့်ဒေသခံများ စာနပ်ရိက္ခာပြတ်လပ်နေ

“အကုန်ပြတ်လပ်နေတာ ဘာမှကိုဝယ်လို့မရဘူး။ ဝိုင်းမော်၊ မြစ်ကြီးနားဘက်တက်လို့လည်းမရဘူး။ အဲ့ဘက်သွားရင် ရွာကိုပြန်ဝင်ခွင့်မပေးဘူး။ လိုအပ်တာတွေကို တာလောကြီးမှာပဲဝယ်ဖို့ KIA နဲ့ PDF ဘက်က အမိန့်ထုတ်ထားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်နှင့် မန္တ​​လေးရှိ ​နာမည်ကြီးရွှေအ​ရောင်းဆိုင်များတွင် YGEA ၏သတ်မှတ်​စျေးအတိုင်း ​ရောင်းချ​ပေး​နေ

မန္တ​​လေးတိုင်း​ဒေသကြီးရှိ နာမည်ကြီး မြန်မာချမ်းသာရွှေဆိုင်၊ ဇွဲထက် စိန်ရွှေရတနာဆိုင်နှင့် ရန်ကုန်တိုင်း​ဒေသကြီးရှိ တာလီစိန်ရွှေရတနာဆိုင်၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်၊ မြိုင်မဟာရွှေဆိုင်နှင့် ဦးထုံရွှေဆိုင်တို့တွင် ဇွန် ၁၈ ရက်၊ ည​နေ ၄ နာရီထိ ရန်ကုန်​ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အ​ခေါက်​ရွှေတစ်ကျပ်သားလျှင် ၄,၅၈၈,၂၁၆…

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းစေရန် တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆို

ဂျပန်ဝန်ကြီးချုပ်သည် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပနေသော ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းဝေးအတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့စည်းပေါင်း အ နည်းဆုံး ၉၀ ကျော်တက်ရောက်ခဲ့သော်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများ တက်ရောက်ခြင်းမရှိကြောင်း ပြောသည်။

ထိုင်းဘုရင်စနစ်ကိုဝေဖန်သည်ဆိုသောစွဲချက်ကို သက်ဆင် စတင်ရင်ဆိုင်

ထိုင်းဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် ချမှတ်ခံရမည့်ပြစ်ဒဏ်သည် ကမ္ဘာတဝှမ်းရှိ ပြစ်ဒဏ်များထဲတွင် အဆိုးရွားဆုံးပြစ်ဒဏ်ဖြစ်ကြောင်း လေ့လာသူများက ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။

ပြည်တွင်း​စျေးကွက်တွင် စားအုန်းဆီရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၉ ရက်မှ ဇွန် ၁၆ ရက်ထိ တစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၅,၃၆၅ ကျပ်ဖြင့်သာရောင်းချရန် သတ်မှတ်ခဲ့​သော်လည်း ပြင်ပ ဆန်၊ ဆီ အ​ရောင်းဆိုင်များတွင် လူတစ်ဦးလျှင် ဆီ…

နယ်စပ်ဒေသကိုဖြတ်ကျော်လာသော မြောက်ကိုရီးယားစစ်သားများကို တောင်ကိုရီးယားစစ်တပ် သတိပေးပစ်ခတ်

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနယ်စပ်ဒေသသည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးသောအရပ်ဒေသဖြစ်ကြောင်း၊ အဆိုပါနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများထားရှိပြီး နယ် စပ်ဒေသကိုဖြတ်ကျော်လာသော မြောက်ကိုရီးယားစစ်သားများ ဒဏ်ရာရသေဆုံးခြင်းများရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

ထိုင်ဝမ်ကို တရုတ်နိုင်ငံတိုက်ခိုက်လာစေရန် အမေရိကန်တွန်းအားပေးလုပ်ဆောင်နေဟု သမ္မတ ရှီကျင့်ဖျင့် ဆို

တရုတ်သမ္မတက အမေရိကန်သည် တရုတ်နိုင်ငံကို ထိုင်ဝမ်အားကျူးကျော်တိုက်ခိုက်မှုများဖြစ်လာစေရန် ဖန်တီးလုပ်ကိုင်နေကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်မည်မဟုတ်သေးကြောင်း ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၇၂ ဦး ဖမ်းဆီးခံရ

"တိုင်ကြားစာရရှိပြီးနောက် သက်ဆိုင်ရာခရိုင်အဖွဲ့တွေပူးပေါင်းကာ စမွတ်ဆာခေါခရိုင်၊ ကရထုမ့်ဘယ်(န်)မြို့၊ ခယ်ရိုင်ကျေးရွာအုပ်စုရှိ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ဖြစ်ပါတယ်။ အဲဒီမှာ တရားမဝင်မြန်မာလုပ်သား ၇၂ ဦးကို စိစစ်​တွေ့ရှိပြီး သက်ဆိုင်ရာက အ​ရေးယူမှုအတွက်​ဆောင်ရွက်လျက်ရှိပါတယ်။"

လားရှိုး-မူဆယ်သို့သွားသည့် မိုင်းလီလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီပိတ်မိ

“မိုးကရပ်သွားလည်းခဏပဲ၊ ခဏခဏရွာနေတာ။ အဲ့တော့ လမ်းကရေတင်၊ ရွှံ့တွေတင်ပြီး မောင်းမရဖြစ်နေတာ။ အခုလမ်းက မြေသားလမ်းလေ။ အရင်ကတည်းကမကောင်းတာ။ မိုးရွာတော့ ပိုဆိုးတာပေါ့။  အခုအထိ ကားတွေရာနဲ့ချီ ပိတ်နေတယ်။ ဆက်သွားရင် အန္တရာယ်ရှိတဲ့အခြေအနေ။” ဟု ၎င်းကဆက်ပြောသည်။