» သတင်း

ပြင်သစ်နိုင်ငံတွင် လက်ယာစွန်းဆန့်ကျင်ရေးအဖြစ် လူပေါင်း ၂၅၀,၀၀၀ ကျော်ဆန္ဒပြ

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း လက်ယာအယူဆရှိသော နိုင်ငံရေးသမားများအနိုင်ရရန် အလားလာများလာခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး၊ ပဲရစ်မြို့တွင် လူပေါင်းနှစ်သိန်းခွဲကျော် ဆန္ဒပြမှုအပါအဝင် ပြင်သစ်နိုင်ငံတဝှမ်းတွင် လူပေါင်း ၆၄၀,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသို့သွားမည့် ရုရှားသမ္မတပူတင်၏ခရီးစဉ်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ ဝေဖန်

သမ္မတပူတင်၏ခရီးစဉ်သည် ဒေသအတွင်းနိုင်ငံများကြား စိန်ခေါ်မှုများ၊ မတည်ငြိမ်မှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း၊ တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကမ်းဘဲလ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆူဒန်ပြည်သူစစ်များက ဗဟိုအာဖရိကနိုင်ငံတွင် လူသစ်စုဆောင်းနေ

ဗဟိုအာဖရိကနိုင်ငံ၏အခြေနေကို စောင့်ကြည့်လေ့လာနေသော ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက "ဆူဒန်နိုင်ငံရဲ့အခြေနေတွေဟာ ဗဟိုအာဖရိကနိုင်ငံတွေဆီကို သက်ရောက်မှုတွေရှိလာနေတယ်။ ဗဟိုအာဖရိကနိုင်ငံရှိ လက်နက်ကိုင်အုပ်စုတွေကို လူသစ်စုဆောင်းတာတွေလည်းရှိနေတယ်။" ဟု ပြောသည်။

တောင်အာဖရိကသမ္မတ ခရိုင်ရာမာဖိုဆာ သမ္မတအဖြစ်တစ်ကျော့ပြန် တာဝန်ယူမည်

ရာမာဖိုဆာ၏ ANC ပါတီသည် မေလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မျှော်လင့်သလောက် ရလဒ်မကောင်းခဲ့သော်လည်း ရာမာဖိုဆာသည် လူဖြူများဦးဆောင်သော Democratic Alliance  ပါတီအပြင် အခြားပါတီငယ်များဖြင့် ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

G7 ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနှင့်အမေရိကန်နိုင်ငံကြား ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆို

ယူကရိန်းသမ္မတက အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် စစ်မှန်သောမဟာမိတ်နိုင်ငံအဆင့်ကို ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါစာချုပ်သည် ယူကရိန်းနိုင်ငံ လွှတ်လပ်ရေးရရှိခဲ့သော နှစ်ပေါင်း ၃၃ နှစ်အတွင်း အမေရိကန်နှင့်ချုပ်ဆိုခဲ့သော စာချုပ်များထဲတွင် အကောင်းဆုံးစာချုပ်ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

တနိုင်းမြို့နယ်တွင် တပ်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေရာ ဒေသခံများတိမ်းရှောင်ရ

"ရွှေမှော်ဘက်ရယ်၊ ရေကန်တောင်ဘက်ရယ်ဖြစ်နေတာပါ။ ဒေသခံတွေ မနည်းထွက်ပြေးနေရတယ်။ သေဆုံးတာတို့၊ သိမ်းပိုက်နိုင်တာတို့တော့ သေချာမသိရဘူး။ ရွှေမှော်ကလုပ် သားတွေနဲ့ တိုက်ပွဲဖြစ်တဲ့ကျေးရွာဘက်တွေက ပြည်သူတွေအများစု တနိုင်းဘက်ကို ရှောင်လာခဲ့ကြတယ်။" ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် တွန်းအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကမ္ဘောဒီးယားအစိုးရ ဆို

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်များကို ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန်ကိစ္စကို စဉ်းစားသုံးသပ်မည်ဟု မျှော်လင့်ထားကြောင်း၊ မြန်မာအရေးကိုဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများဖြစ်စေရန် ဝိုင်းဝန်းကူညီရမည်ဟု ယုံကြည်ကြောင်း ခွန်ပေါက်က ထပ်မံပြောဆိုသည်။

G 7 ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးဆွေးနွေးဖွယ်ရှိ

အီတလီနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ကျင်းပသည့် G 7 ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးဆွေးနွေးမည့်အစီအစဉ်သည် အစည်းအဝေးအစီစဉ်များတွင် ပါဝင်ခြင်းမရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံ၏ လက်ခံသဘောတူညီမှုများဖြင့် မြန်မာအရေးကို ဆွေးနွေးဖွယ်ရှိနေကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ရှမ်း/တောင်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၅၃,၀၀၀ ကျော် ဆက်လက်စစ်ရှောင်နေရ

"ရှမ်း/တောင်မှာဆို တခြားမြို့နယ်တွေထက် ဆီဆိုင်မှာတိုက်ပွဲဖြစ်တာ အဆိုးရွားဆုံးပဲ။ ဒီရက်ပိုင်းအထိလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိနေလို့ အိမ်မပြန်ရဲကြသေးဘူး။ တချို့လည်း တိုက်ပွဲငြိမ်ပြီဆိုပြီး အိမ်ပြန်ရင်း အပစ်ခံရသူတွေလည်းရှိတော့ နေရပ်ပြန်တာ အန္တရာယ်များတဲ့အခြေအနေမှာရှိနေတယ်။ ရှမ်း/တောင်တစ်ခုလုံးမှာဆို ဆီဆိုင်မှာ စစ်ရှောင်နေရတဲ့ပြည်သူအများဆုံးပဲ။ ဆီဆိုင်ပြီးရင်တော့ ပင်လောင်းနဲ့ ဟိုပုံးဘက်မှာလည်း စစ်ရှောင်တွေများတယ်။"

ရန်ကုန်မြို့၌ ငါးလအတွင်း သွေးလွန်တုပ်ကွေး​ရောဂါ​​ကြောင့် လူတစ်ဦး​သေဆုံး

"ရန်ကုန်တိုင်းထဲမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက​နေ ​မေလအထိ ​သွေးလွန်တုတ်​ကွေး​ရောဂါဖြစ်ပွားသူ ၃၇၇ ဦးရှိပါတယ်။ အဲဒီအထဲမှာ လူတစ်ဦးသေဆုံးသွားပါတယ်။" ဟု ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​​​နေ့​ခေတ်သို့ ​ပြောသည်။