» သတင်း

ဒေါနတောင်တက်လမ်းတွင် မြေပြိုမှုကြောင့် ကားများရာနှင့်ချီ ပိတ်မိနေ

"လမ်းပိတ်ထားမယ်မထင်လို့ထွက်လာရင်း တောင်ခြေရောက်မှ ပိတ်နေမှန်းသိရတာ။ မြေပြိုကျနေလို့ ဆက်သွားလို့မရတဲ့အခြေအနေကြောင့် ပိတ်တာ။ ပိတ်မိနေတဲ့ကားတွေမ နည်းဘူး တွေ့ရတယ်။ အခုလက်ရှိကားတွေက အတက်ရော၊ အဆင်းရောကားတွေပါအကုန်ဆို ရာကျော်လောက်ကို တောင်ခြေမှာပိတ်မိနေတာပါ။" ဟု အထက်ပါယာဉ်မောင်းက ဆက်ပြောသည်။

တနိုင်းစစ်ရှောင်စခန်းတွင် ဆေးဝါးပစ္စည်းများ အရေးပေါ်အကူညီများ လိုအပ်နေ

“လက်ရှိ တနိုင်းတိုက်ပွဲရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ မွေးကင်းစကလေးသူငယ်တွေ နဲ့ ကျောင်းတက်ပညာသင်ယူရမယ့် ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းတွေ မကြာခဏဖြစ်နေတယ်။ အဓိကကတော့ဆေးဝါးကုသရန် အကူအညီလိုအပ်မှုရှိနေတာပေါ့။” ဟု ၎င်းကဆက်ပြောသည်။

Move Forward Party ပါတီဖျက်သိမ်းခံရမည်ဆိုလျှင် ထိုင်းနိုင်ငံရေးလောကကို ကြီးမားသောဂယက်ရိုက်မှုများဖြစ်လာမည်ဟု ဆို

အဆိုပါတီသည် ပါတီခေါင်းဆောင် ပီတကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ထိုင်းဘုရင်စနစ်ကို အားပေးထောက်ခံပြီး ထိုင်းစစ်တပ်က ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စာလှယ်များ၏ ကန့်ကွက်မှုများရင်ဆိုင်ခဲ့ရသည့်အတွက် ပီတသည် ဝန်ကြီးချုပ်ဖြစ်မည့်အခွင့်ရေးနှင့် လွှဲချော်ခဲ့ရကြောင်း သိရသည်။

ဝိုင်းမော်မြို့ရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ထိမှန်

“မနက် ၈ နာရီခွဲလောက်မှာ ဗုံးသီးကကျတာ။ ဘုန်းကြီးကျောင်းထဲတော့ ကံကောင်းလို့မကွဲတာပါ။ မနေ့က ကိုရင်လေးတွေကိုစိုးရိမ်လို့ မိုင်းနားသွားပို့တာ။ ပြန်လာတော့ ဗုံးသီးကျတာသိရတာပဲ။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ကားနဲ့ အိမ်ကိုတော့ထိလို့ ပျက်စီးတာတွေရှိတယ်။ ဘုန်းကြီးကျောင်းထဲကျတဲ့ဗုံးက မကွဲလို့တော်သေးတာ။” ဟု ဒေသခံတစ်ဦးက…

အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ခရီးသွားခွင့် တစ်နှစ်တားမြစ်ကြောင်း အမေရိကန်အစိုးရ ထုတ်ပြန်

"ပြည်ပခရီးသွားခွင့် တားမြစ်ထားတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံကို အဓိကခရီးသွားမလည်ပတ်ဖို့ တစ်နှစ်သက်တမ်းတိုးပြီး တားမြစ်လိုက်တာပါ။ အခု​လော​လောဆယ် မြန်မာပြည်ကလူ​တွေသွားရင်​တော့ လက်ခံ​ပေးပါတယ်။" ဟု အ​မေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြောက်ကိုရီးယားက စွန့်ပစ်ပစ္စည်းများတင်ဆောင်ထားသော မိုးပျံပူဖောင်းရာချီ ထပ်မံလွှတ်တင်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်၏ညီမဖြစ်သူက တောင်ကိုရီးယားနိုင်ငံသည် နယ်စပ်ဒေသမှနေပြီး ဝါဒဖြန့်ချီရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်နေမည်ဆိုလျှင် တုံ့ပြန်မှုများလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီးနောက် မိုးပျံပူးဖောင်းရာချီကို ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြဝတီတွင် စစ်ရှောင်စခန်းအတွင်း ရေဝင်ရောက်ကာ တဲအိမ်အချို့ ပျက်စီး

"မိုးအဆက်မပြတ်ရွာတာရယ်၊ သောင်ရင်းမြစ်ရေတိုးတာရယ်၊ ချောင်း၊ မြောင်းတွေက ပိတ်နေတာတွေကြောင့် ရေကြီးရေလျှံဖြစ်ပြီး စခန်းထဲက အနိမ့်ပိုင်းမှာရှိတဲ့တဲအိမ်တွေ ရေမြှုပ်ကုန်တာ။ စားဖိုဆောင်နဲ့ တဲအိမ် ၁၀ လုံး၊ ၁၅ လုံးလောက် ပျက်စီးသွားတယ်။ လက်ရှိနေအိမ်ပျက်စီးသူတွေက အမြင့်ပိုင်းမှာနေတဲ့သူတွေနဲ့ စုနေကြတယ်။" ဟု…

အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆို

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဦးဆောင်သောပါတီသည် သောင်ပြိုကမ်းပြိုအနိုင်မရသည့်အတွက် အခြားပါတီငယ်များနှင့်ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ​ ​စျေးပေါက်

"ဒီ​နေ့မနက်ပိုင်းမှာ ​အ​မေရိကန်တစ်​ဒေါ်လာ ၄၃၂၅ ကျပ်နဲ့ မီးလင်း အ​ခေါက်​ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲထိ ​​​စျေးနှုန်း​သတ်မှတ်ခဲ့တယ်။ ​နေ့လည်ပိုင်း ​စျေးနှုန်း​ပြောင်းလဲမှု​တော့ မသိ​သေးပါဘူး။" ဟု ရန်ကုန်စ​တော့ပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့​ခေတ်သို့ ​ပြောသည်။

ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးတစ်ဦး ရာထူးမှရုတ်တရက်နုတ်ထွက်

ဘန်နီဂန့်ဇ်က "ဝန်ကြီးချုပ် နေတန်ရာဟဟာ ကျွန်တော်တို့ စစ်မှန်တဲ့အောင်ပွဲရယူနိုင်မယ့်အခြေနေတွေကို တားဆီးနေတယ်။ ကျွန်တော်အနေနဲ့ အရေးပေါ်ဖွဲ့စည်းခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးရာထူးကနေ ဒီနေ့နုတ်ထွက်ခဲ့တယ်။" ဟု ပြောသည်။