» သတင်း

သန်လျင်တံတားအမှတ်(၃) တံတားဖြတ်သန်းခကို ဇွန် ၁၆ ရက်တွင် စတင်ကောက်ခံမည်

“သန်လျင်တံတားအမှတ် (၃) မော်​တော်ယာဥ်ဖြတ်သန်းခ​တွေကို ဇွန် ၁၆ ရက်မှာ စတင်​​ကောက်ခံသွားပါမယ်။ အခု​တစ်ပတ်​တော့ အခမဲ့ဖြတ်သန်းခွင့်​ပေးထားပါတယ်။ ဇွန် ၁၆ ရက်​နေ့မှ လမ်းတံတား​ကြေး ကောက်ခံမှာပါ။ ​နောက်ပြီး ​ငွေသားအပြင် QR Code စနစ်ဖြင့်လည်း ​ပေး​ဆောင်နိုင်ပါတယ်။”

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများကြောင့် မရိတ်သိမ်းနိုင်သောစပါးခင်း ဧကထောင်ချီရှိနေ

"တောင်သူတွေကလည်း စပါးမရိတ်သိမ်းရတော့ ဆန်မထွက်ဘူး။ စပါးခင်းတွေထဲ လက်နက်ကြီးကျည်ကျတာတွေရှိသလို မီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိတယ်။ မိုးသက်လေပြင်းဒဏ်ကြောင့် စပါးခင်း၊ သီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးပြီ။ အခုလည်း တိုက်ပွဲတွေဖြစ်နေပြန်တော့ စပါးတွေအချိန်မီရိတ်သိမ်းဖို့က ခက်နေပြန်တယ်။" ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ကျွန်းပိုင်နက်အငြင်းပွားမှုများကြောင့် ဂျပန်နှင့်တရုတ် တင်းမာမှုဖြစ်နေ

တရုတ်စစ်သဘော်များသည် အဆိုပါဂျပန်ရေပိုင်နက်အတွင်း ၂ နာရီကြာ ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ များသည် နိုင်ငံတာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ပြောသည်။

ထိုင်းအစိုးရ​ဆေးရုံတွင် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

"မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦးက Muang Khon Kaen ခရိုင်၊ အစိုးရဆေးရုံမှာ ကျောဘက်အကြိတ် ခွဲစိတ်ကုသမှုခံယူ​နေသူပါ။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲအရာရှိကိုယ်တိုင်က မြန်မာလူငယ်ကို ပစ်ခတ်သတ်ခဲ့တာ ဝန်ခံထားပါတယ်။ ဒီ​ဆေးရုံမှာပဲ ဆေးဝါးကုသမှုခံယူနေတဲ့ သူရဲ့ဖခင်ဘေးကုတင်မှာရှိနေတဲ့ မြန်မာလူငယ်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်နေတာ သိရတာကြောင့်…

ဂါဇာတွင် ပြန်ပေးဆွဲခံရသူပြန်ပေးဆွဲခံရသူလေးဦးကို အစ္စရေးစစ်တပ် ကယ်ထုတ်

အစ္စရေးသည် ဂါဇာဒေသမြို့လယ်ရှိ မတူညီသောနေရာနှစ်ခုကို စီးနင်းချိန်အတွင်း လူလေးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဟားမက်စ်အုပ်စုက အစ္စရေး၏စီးနင်းမှုများကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များ ယာဉ်စီးခနှစ်ဆတက်လာ

"ကားဈေးတွေက အရင်ကလူတစ်ယောက်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လည်း ၆၀၀၀ သာရှိခဲ့တာပါ။ အခုတော့ ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိတက်လာတယ်။ ရန်ကုန်ကိုအသွားအပြန် ၂၄,၀၀၀ ရှိမှသွားရလို့ရတော့တယ်။ အရင်က ရန်ကုန်က ကုန်ခြောက်ပစ္စည်းတွေကို သွားဝယ်ပြီး ဒီဘက်မှာပြန်ရောင်းတာ။…

ယီမင်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတကာအကူညီပေးရေးဝန်ထမ်း ၁၅ ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ကုလသမဂ္ဂတောင်းဆို

ဟူသီလက်နက်ကိုင်အုပ်စု၏ ထောက်လှမ်းရေးအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ကုလသမဂ္ဂအကူညီပေးရေးဝန်ထမ်းများအပါအဝင် National Democratic Institute (NDI) အဖွဲ့၏ဝန်ထမ်းများ၊ လူအခွင့်ရေးအဖွဲ့၏ လှုပ်ရှားသူများအပါအဝင် လူပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သုံးလကြာပိတ်ထားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းပြန်ဖွင့်၊ ကုန်စည်ကန့်သတ်ထား

"ကုန်ပစ္စည်းတင်လာတဲ့ကားတွေကို အရင်ဆုံးခွင့်ပြုတာပါ။ ကုန်ကားတွေချည်းပဲ ဒီနေ့ ၂ နာရီကျော်ကျော်က တက်သွားတာတွေ့ရတယ်။ စက်သုံးဆီတော့သယ်ခွင့်မပြုထားဘူး။" ဟု ကားသမားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒိန်းမတ်ဝန်ကြီးချုပ်ကို အရပ်သားတစ်ဦးက လမ်းလည်ခေါင်တွင် တိုက်ခိုက်

မျက်မြင်တွေ့ရှိသူများက "တိုက်ခိုက်ခဲ့သူဟာ ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ဆန့်ကျင့်ဘက်လမ်းလျှောက်လာခဲ့တာပါ။ ဒိန်းမတ်ဝန်ကြီးချုပ်နားရောက်ရှိချိန်မှာ ဆွဲချုပ်ပြီး ထိုးနှက်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ ထိုးနှက်တိုက်ခိုက်ခံရမှုကြောင့် လဲကျခဲ့တယ်။" ဟု ပြောသည်။

တာ​မွေတွင် တက္ကစီအငှားယာဉ်ပေါ် ၌ ဓားထိုးဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ​သေဆုံး​နေ

"မေတ္တာညွန့်ရပ်ကွက်က ​ဒေသခံပြည်သူ​တွေရဲ့ သတင်း​ပေးပို့ချက်အရ ကျွန်​တော်တို့ကူညီကယ်ဆယ်​ရေးဆောင်ရွက်ဖို့ လာခဲ့တယ်။ ဓားထိုးဒဏ်ရာနဲ့ အမည်မသိအမျိုးသားတစ်ဦးက Toyota Fielder Taxi အမျိုးအစားယာဥ်ပေါ် မှာ ​သေဆုံး​နေတာ​တွေ့ရပါတယ်။" ဟု မွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။