» သတင်း

ပြည်ပထွက်ပြေးမည်မဟုတ်ဘဲ စွဲချက်များကိုရင်ဆိုင်မည်ဟု သက်ဆင် ဆို

သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း စည်းမျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခြင်းများရှိခဲ့သည်ဆိုသော စွပ်စွဲမှုများကို ရင်ဆိုင်နေရပြီး ယင်းအမှုကိုရင်ဆိုင်ရ မည်ဖြစ်သည်။

သန်လျင်တံတားအမှတ် (၃) ယနေ့ဖွင့်လှစ်

"ဒီ​နေ့မနက်ပိုင်း ကျိုက်​ခေါက်ဘုရားလမ်းမကြီးတစ်​လျှောက် လမ်း​တွေပိတ်ထားတယ်။ လူကြီးလမ်း​ကြောင်းလို့​ပြောတယ်။ ​နောက် ၉ နာရီ​လောက် ရန်ကုန်မြို့ထဲသွား​တော့ တံတားဖွင့်ပွဲကျင်းပ​နေတယ်။ ဘယ်သူ​တွေလာတယ်ဆိုတာ​တော့ မသိရပါဘူး။ မွန်းတည့် ၁၂ နာရီခွဲကျ​တော့ ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) က​နေ ဖြတ်သန်းခွင့်​ပေးလိုက်တယ်။ သန်လျင်အမှတ်…

ဂါဇာစစ်ပွဲကြောင့်ဝေဖန်ခံရသည့် အစ္စရေးဝန်ကြီးချုပ် အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောမည်

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နေတန်ရာဟုကို လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုရန်ဖိတ်ခေါ်ခဲ့ကြောင်း၊ နေတန်ရာဟုအနေဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမေရိကန်လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုမည်ဖြစ်ကြောင်း နီးစပ်သူများက ထပ်မံပြောဆိုသည်။

ယူကရိန်းကို မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်အတွင်းပိုင်းကို အမေရိကန်ထုတ်လက်နက်များဖြင့် တိုက်ခိုက်ခွင့်မပြုဟု သမ္မတဂျိုးဘိုင်ဒန် ဆို

ရုရှားပိုင်နက်များကို တိုက်ခိုက်ရန်အတွက် ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးခဲ့သည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းကပြုလုပ်ခဲ့သော အင်တာဗျူးအစီအစီစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ခန္တီး-လဟယ်သွားလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပြီး လမ်းပိတ်ဆို့နေ

"အဆက်မပြတ်ရွာနေတော့ လမ်းတွေလည်းပျက်စီးကုန်တာ။ ခန္တီး-လဟယ်ကြားက ဆင်သေကျေးရွာအနီးအနား တစ်လျှောက်တွေမှာ မြေပြိုတာတွေ၊ တံတားပျက်စီးတာတွေဖြစ်နေတာ။" ဟု ၎င်းကဆက်ပြောသည်။

အစ္စရေးက ဂါဇာဒေသရှိ ကုလသမဂ္ဂစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင်တစ်ဦးက ကုလသမဂ္ဂစာသင်ကျောင်းထဲတွင် ဟားမက်စ်လက်နက်ကိုင်အုပ်စုများ ပုန်းနေသည်ဆိုသောအစ္စရေး၏ ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားသည်။

မြို့ဝင်​​ကြေးတိုးမြင့်​ကောက်ခံလာပြီး​နောက် ခရီးသည်တင်ယာဥ်စီးခများ အဆမတန် မြင့်တက်လာ ဟုဆို

"​ဒေါန​တောင်​ကျော်လမ်း​ဟောင်းက ကုန်စည်ပို့​ဆောင်​ရေး ​မော်​တော်ယာဥ်ဖြတ်သန်းခ​မြို့ဝင်​ကြေး တိုးမြင့်​ကောက်ခံလာတယ်။ အဲဒီ​နောက်မှာ ခရီးသည်တင် မော်​တော်ယာဥ်​တွေက လည်း ယာဥ်စီးခ​တွေ အဆမတန်တိုးမြင့်​တောင်းခံလာကြတယ်။ ရန်ကုန်က​နေ မြဝတီလာတာ ယာဥ်စီးခကျပ် ၂၂၀,၀၀၀ ကုန်ကျခဲ့ပါတယ်။ အရင်ကဆို ၁၃၀,၀၀၀ ပဲ ​ပေးရတာ။ ဒီအတိုင်းဆိုရင်…

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အခြားနိုင်ငံရေးပါတီများနှင့်ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းမည်

အိန္ဒိယဝန်ကြီးချုပ် မိုဒီက "ရွေးကောက်ပွဲရလဒ်က ကျွန်တော်ရဲ့အစီအစဉ်တွေကို ဆက်လက်လုပ်ကိုင်ဖို့ ခွင့်ပြုလိုက်တာပါ။ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်တာဝန်ယူချိန်အတွင်း ကြီးမားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာဖြစ်သလို၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် သမိုင်းစာမျက်နှာအသစ်တွေ ထပ်မံဖွင့်လှစ်ရမယ်။ ရွေးကောက်ပွဲရလဒ်က အဲဒီအလုပ်တွေ ထပ်မံလုပ်ဆောင်ဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်။" ဟု ပြောသည်။

အနောက်အုပ်စုနိုင်ငံများကို တိုက်ခိုက်လိုသောနိုင်ငံများကို လက်နက်များကူညီမည်ဟု ရုရှားသမ္မတ ခြိမ်းခြောက်

ရုရှားသမ္မတ ပူတင်က "ကျွန်တော်တို့ပိုင်နက်တွေကို တိုက်ခိုက်ဖို့ လက်နက်တွေ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲဇုန်ဖန်တီးမယ်ဆိုရင် ကျွန်တော်တို့အတွက် ပြသာနာတွေဖန်တီးပေးလိုက်တာဖြစ်တယ်။ ဒီကိစ္စကို ပြန်လည်တုံ့ပြန်ဖို့ စဉ်းစားရမယ်။ အနောက်အုပ်စုနိုင်ငံတွေကို တိုက်ခိုက်လိုတဲ့နိုင်ငံတွေကို လက်နက်တွေ ကူညီထောက်ပံ့ပေးသင့်ပေးရမယ်။" ဟုပြောသည်။

ICC တရားရုံးတာဝန်ရှိသူများကို ပိတ်ဆို့မှုချမှတ်ရန် အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် စဉ်းစားနေသည့် ICC တရားရုံးတာဝန်ရှိသူများကို ပစ်မှတ်ထားပိတ်ဆို့ရန် မဲခွဲဆုံးဖြတ်လိုက်ကြောင်း သိရသည်။