» သတင်း

ဗန်းမော်တွင် လူဦးရေ ၁၀,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ စားနပ်ရိက္ခာအခက်အခဲရှိနေ

“ဗန်းမော်မှာက ကားတွေကဝင်လို့ကိုမရဘူး။ ပြီးခဲ့တဲ့ရက်က သင်္ဘောတွေလည်း မဆိုက်ရ၊ မကပ်ရဆိုတော့ ကုန်စျေးနှုန်းတွေက စျေးတွေတက်တယ်လေ။ အခြေခံလုပ်စား ကိုင်စားတွေအတွက်ဆို မတတ်နိုင်ဘူးလေ။ ဝယ်ခြမ်းစားဖို့လည်အဆင်မပြေကြဘူး။ တစ်ချို့ချမ်းသာတဲ့သူတွေကတော့ ကားစင်းလုံးငှါးပြီး စစ်ဘေးရှောင်ကြတယ်ပေါ့။ ဆင်းရဲတဲ့သူတွေကတော့ ဒီအထဲပဲနေပြီး ကြည့်ရှောင်ရတာပေါ့။ သေချင်လည်း သေပေါ့လေဆိုပြီး…

အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ ထပ်မံအနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခွင့်ရဖွယ်ရှိနေ

ဝန်ကြီးချုပ်မိုဒီက ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရသည့်အတွက် ကျေနပ်ပျော်ရွင်ကြောင်း၊ လာမည့်အစိုးရသက်တမ်းအတွင်း ဆင်းရဲမှုနှင့် အကျင့်ပျက်လာဘ် စားမှုများကို တိုက်ဖျက်နိုင်ရန် အရာရာတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တက်ရောက်မည်မဟုတ်

အမေရိကန်ဒုတိယသမ္မတတစ်ဦးဖြစ်သော ကာမာလာ ဟာရစ်သည် အဆိုပါအစည်းအဝေးကို ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး၊ ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်နိုင်ရန်အတွက် အဆိုပြုချက်များကို တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမျိုးသမီးတစ်ဦးကို သမ္မတအဖြစ်ပထမဆုံးအကြိမ်ရွေးချယ်

၎င်းက "မက္ကဆီကိုနိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမျိုးသမီးသမ္မတအဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ခံရလို့ ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်မတို့အစိုးရအဖွဲ့ရဲ့တာဝန်ဟာ မက္ကဆီကိုနိုင်ငံသားတိုင်းအတွက်ဖြစ်တယ်။ နိုင်ငံဖွံ့ဖြိုးဖို့ ၊ ဒီမိုကရေစီမြှင့်တင်ဖို့ နဲ့ တရားမျှတမှုတွေ ပိုမိုရရှိအောင်လုပ်ဆောင်ဖို့ ဖြစ်တယ်။" ဟု ပြောသည်။

ရခိုင်ပြည်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောင်းသား၊ ကျောင်းသူများစာသင်ရန် အခက်အခဲများရှိနေ ဟုဆို

“ကျောင်းတွေကတော့ မတက်ရဘူး။ ပေါက်တောအပါအဝင် ရခိုင်တစ်ပြည်လုံးလိုလိုလည်း ပြောလိုရတယ် ကျောင်းတက်လို့မရတာက။ ထိန်းချုပ်ထားတဲ့နေရာ အနည်းအကျဉ်းပါ ပဲ။ ဝန်ထမ်းတွေကလည်း နားနေတာရတာပေါ့။ တချို့ကလည်း လက်နက်တွေထိမှာ စိုးတာရယ်။ မထွက်ရဲတော့ဘူး။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြောက်ကိုရီးယား၏လုပ်ရပ်ကို လက်တုံ့ပြန်မှုအဖြစ် စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရ ဆို

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံက နယ်စပ်ဒေသတွင်ပြုလုပ်နေသော ဝါဒဖြန့်ချီရေးဆိုင်ရာလုပ်ရပ်များကို မကျေနပ်သည့်အတွက် ပြီးခဲ့သောရက်ပိုင်းက အညစ် ကြေးများနှင့် အမှိုက်များထည့်ထားသာအိတ်များကို မိုးပျံပူဖောင်းတွင်ချိတ်ဆွဲပြီး တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ လွှတ်တင်ခဲ့ကြောင်း၊ မြောက်ကိုရီးယားက နယ်စပ်ဒေသမှ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ စွန့်ပစ်ပစ္စည်းများချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းအလုံးရေ ၆၀၀ ကျော်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်များ သောက်သုံးရေနှင့် အမိုးအကာများ လိုအပ်နေ

"နေ့အပူချိန်က သုံးလလောက်မြင့်တက်ခဲ့တော့ ချောင်း၊ မြောင်းတွေကနေ ရေတွင်း၊ ရေကန်တွေအထိကို ရေမရှိတာ။ တချို့ရွာတွေမှာဆိုရင် သုံးရေမပြောနဲ့ သောက်ရေတောင် တစ်ရက်မှ ရေသန့်ဗူးနှစ်ဗူးလောက်ပဲရတာ။ တချို့ဆို ရေမချိုးရတာ ဘယ်လိုမှအဆင်မပြေတဲ့အဆုံး မြောင်းတွေ၊ ကျွဲစိမ်၊ နွားစိမ်ကန်တွေမှာ ရွံ့နွံတွေနဲ့ရေစိမ်နေရတယ်။ အခုရက်…

တတိယကမ္ဘာစစ်ဖြစ်လာရန် အမေရိကန်သမ္မတ လိုလားခြင်းမရှိဟု အမေရိကန်အစိုးရတာဝန်ရှိသူ ဆို

ဂျွန်ကာဘိုင်က "ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ချိန်နောက်ပိုင်းတည်းက တင်းမာမှုအရှိန်မြင့်တက်လာမှာကို စိုးရိမ်နေခဲ့တယ်။ အမေရိကန်သမ္မတဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့ တာဝန်ရှိသူတစ်ဦးဖြစ်လာမှာကိုလည်း မလိုလားဘူး၊ အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်လာမှာကို မလိုလားဘူး။" ဟု ပြောသည်။

ခွဲထွက်ရေးသမားများကြောင့် ထိုင်ဝမ်နှင့်တရုတ် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ပျက်ယွင်းရဖွယ်ရှိနေဟု တရုတ်စစ်ဘက် ဆို

တရုတ်အစိုးရသည် ထိုင်ဝမ်သမ္မတအသစ် လိုင်ချန်တီကို ခွဲထွက်ရေးသမားအဖြစ် ဝေဖန်တိုက်ခိုက်ထားပြီး ထိုင်ဝမ်အရေးက တရုတ်နိုင်ငံ၏အဓိကပြသာနာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးကပြောသည်။

မ​စောတံတားကို သံ​ဘေလီတံတားအဖြစ် ခင်းကျင်းပြီးစီး၊ ​စမ်းသပ်မောင်းနှင်ခွင့်ပြု

"မ​​စောတံတားကို သံ​ဘေလီတံတား ခင်းကျင်းပြီးစီးလို့ ဒီ​နေ့စတင် စမ်းသက်​မောင်းနှင်ခွင့်ပြု​ပေးလိုက်ပါတယ်။ အဓိက ဒီတံတားကိုအားကိုးပြီး ကုန်စည်စီးဆင်း​နေရတာပါ။" ဟု ဘီးလင်းလမ်းတံတား​ဆောက်လုပ်​ရေးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။