» သတင်း

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို သက်ရောက်မှုများရှိလာခဲ့ကြောင်း ဥရောပသမဂ္ဂ ဆို

မြန်မာနိုင်ငံတွင် ကလေးငယ်များ အာဟာရပြည့်ဝမှုနှင့် ကျန်းမာရေးအခက်ခဲများကို ရင်ဆိုင်နေရပြီး မြင့်မာသောဈေးနှုန်းမျိုးပေးနေရကြောင်း၊ မြန်မာနိုင်ငံရှိ လူလေးဦးလျှင်တစ်ဦး သို့မဟုတ် လူပေါင်း ၁၂ ဒသမ ၉သန်းကျော်သည် အစားစာမလုံခြုံမှုများရင်ဆိုင်နေရပြီး ကလေးငယ်အများအပြား ပါဝင်နေကြောင်း၊ ကလေးငယ်များ၏ ပညာသင်ကြားရေးနှင့် သင်ယူခွင့်များနှင့်ပတ်သက်ပြီး သက်ရောက်မှုများရှိနေကြောင်း…

ဗန်းမော်မြို့တွင် လက်နက်ကြီးကျည်များကျရောက်မှုကြောင့် ခြောက်ဦးထိခိုက်ဒဏ်ရာရ

ယမန်နေ့ ညက ဝိုင်းမော်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဗန်းမော်မြို့အတွင်းရှိ ကုန်းမဟက်ရွာ၊ ဖိုးဒေဝရွာနှင့် ဖန်ခါးကုန်းကျေးများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ကို ယူကရိန်းနိုင်ငံထက် ပိုမိုကောင်းမွန်သောလက်နက်များကူညီမည်ဟု အမေရိကန်အောက်လွှတ်တော်အကြီးအကဲ ဆို

ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနား စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ နှစ်ဖက်တင်းမာမှုများရှိနေချိန်တွင် မိုက်ကယ် မက်ကူလ် ဦးဆောင်သော အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ထိုင်ဝမ်ကိုသွားရောက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်း နေရာအချို့တွင် ရေကြီးမှုများဖြစ်ပေါ်၊ ဒေသခံ ၃၀၀ ကျော် ပြောင်းရွေ့နေရ

“ရေက မနေ့ကမနက်ပိုင်းကနေ စတက်လာတာ။ ညရောက်တော့ ပိုဆိုးလားတယ်။ ကျေးရွာသုံးနေရာလောက်တော့ရှိမယ်။ အိမ်ခြေကတော့ သေချာမသိဘူး။ ညကတော့ ရေးဘေးရှောင်တာ ၃၀၀ ကျော်၊ ‌၄၀၀ လောက်တော့ရှိမယ်။ ဘုန်း‌ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အဓိကထားပြီး သွားရှောင်ရတာပါ။" ဟု ဒေသခံလူမှုကူရေးအသင်းမှ…

အုတ်ဖို့မြို့ရှိ DGB Microfinance Myanmar ၏ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး ​သေဆုံး

DGB Microfinance Myanmar Co., Ltd အုတ်ဖိုဌာနခွဲမှ ဦးပြည့်စုံလွင်စိုး(ချေးငွေကြီးကြပ်ရေးမှူး) အသက် ၃၀ နှစ်နှင့် ဦးဖြိုးဝေဇင်(ချေးငွေအရာရှိ) အသက် ၃၂ နှစ်တို့နှစ်ဦးကို ​မေ ၂၁ ရက်က အမည်မသိသေနတ်ပစ်သမားများက ပစ်ခတ်လိုက်ခြင်း​ကြောင့် ​သေဆုံးသွားခြင်းဖြစ်​ကြောင်း…

ချီဖွေမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော် ရေထဲမျောပါပျက်စီး

အဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် ရေထဲမျောပါသေဆုံးသူသည် အသက် ၅၀ အရွယ် ဒေါ် လုနန်ဆိုသူဖြစ်ပြီး မြေမြုပ်သွားသည့် ရုပ်အလောင်းကိုဖော်ယူရန် ဒေသခံများဝိုင်းဝန်းလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

"ကန်းစွန်းရွက်တစ်စည်းကို ၆၀၀ ၊ ကြက်ဥဆိုရင် ၃၅၀/၄၀၀ လောက်ဖြစ်နေပြီ။ အခုဆိုရင် ကြက်ဥ၊ ဘဲဥဝယ်စားရမှာတောင် ချင့်ချိန်နေရတယ်။ လက်ထဲတစ်သောင်းပါတာတောင် ဟင်းစားကသိပ်မရချင်ဘူး။ အစစအရာရာဈေးတက်နေတော့ အဆင်မပြေဘူး။" ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

(ICJ) ၏ တောင်းဆိုချက်ကိုငြင်းဆန်ပြီး ရာဖယ်မြို့ကို အစ္စရေးတပ်ဖွဲ့များ ထိုးစစ်ဆင်

အစ္စရေးသည် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခြင်းများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေပြီး၊ ပြီးခဲ့သောရက်ပိုင်းက အစ္စရေးစစ်တပ်၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် Tel Al-Sultan ဒေသတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၅ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားစွဲ

သက်ဆင်သည် ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို သွားရောက်သောခရီးစဉ်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သော စကားများပြောဆိုခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် တရားစွဲဆိုရန် သင့်/မသင့်ဆိုသောအချက်ကို ရှေ့နေချုပ်ရုံးထံ တိုင်တန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံက အွန်လိုင်းတွင်လိမ်လည်သူ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲ​ပြောင်း​ပေးအပ်

"အင်တာနက်လူမှုကွန်ရက်ကိုအသုံးချပြီး အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသား ၄၉,၀၀၀ ​ကျော်ကို ဖမ်းဆီးရမိတယ်။ အဲဒီမှုခင်းနဲ့ဆက်စပ်ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒုစရိုက်အဖွဲ့​တွေကိုလည်း ဖြိုခွင်းနိုင်ခဲ့ပါတယ်။ အဓိကသံသယရှိသူ အမြောက်အမြားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။"