» သတင်း

ဟားမက်စ်အဖွဲ့က ခြိမ်းခြောက်မှုများဆက်လုပ်ဆောင်မည်ဆိုလျှင် ဂါဇာဒေသအတွင်း အမြဲတမ်းအပစ်ခတ်ရပ်စဲရေး ရယူနိုင်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

အစ္စရေးဝန်ကြီးချုပ်က "စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ရပ်တည်ချက်အခြေနေတွေက အပြောင်းအလဲရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့် ဟားမက်စ်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို နောက်ထပ်ခြိမ်းခြောက်မှုမလုပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လိုအပ်တယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးအစိုးရကို ထိခိုက်နစ်နာအောင် လုပ်ဆောင်မယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးက အမြဲတမ်းရှိလာမှာမဟုတ်ဘူး။" ဟု ပြောသည်။

အာရှ-ပစီဖိတ်ဒေသငြိမ်းချမ်းရေးအတွက် အမေရိကန်သည် အဓိကအရေးပါသော နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဆို

ဖိလစ်ပိုင်သမ္မတက ၎င်းတို့နိုင်ငံနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းနေကြောင်း၊ သို့သော်လည်း နိုင်ငံအချို့က ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေကြောင်း ပြောသည်။

လှည်းကူးတွင် ရုပ်ရှင်မြို့​တော်စီမံကိန်း​မြေ တည်​ဆောက်​ရေးအတွက် စီးပွား​ရေးလုပ်ငန်းရှင်များ ဖိတ်​ခေါ်

"ဒီ​မြေဧက ၂၀၀ မှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ရိုက်ကူး​ရေးလုပ်မယ်။ ​ကြော်ငြာရိုက်မယ်။ အဲဒီအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အလွှာ​ပေါင်းစုံဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ​၊ ရုပ် ရှင်ကုမ္ပဏီ၊ ရုပ်ရှင်ရုံပိုင်ရှင်နဲ့ ရုပ်ရှင်နယ်ပယ်ကို စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ခေါ်ထားပါတယ်"

ပူတင်သမ္မတအဖြစ်ရှိနေလျှင် ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် မဖြစ်နိုင်သေးဟု ယူကရိန်းသမ္မတ ဆို

ယူကရိန်းသမ္မတက ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်းသည် ထောင်ချောက်တစ်ခုဖြစ်လာဖွယ်ရှိနေပြီး လက်ရှိအချိန်တွင် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ယူကရိန်းငြိမ်း ချမ်းရေးထိပ်သီးအစည်းအဝေးကို ဦးစားပေးအာရုံစိုက်နေကြောင်း ပြောသည်။

အင်ဒို-ပစီဖိတ်ဒေသသည် အမေရိကန်၏အဓိကဦးစားပေးနေရာအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆို

အမေရိကန်ကာကွယ်ရေးဝန်ကြီးက "အာရှဒေသလုံခြုံရေးအတွက် အမေရိကန်နိုင်ငံကလုပ်ဆောင်မှာပါ။ အမေရိကန်နိုင်ငံဟာ အာရှတိုက်ဒေသအတွင်းမှာရပ်တည်နေတဲ့ ရပ်တည်မှုတွေကို ထိန်းသိမ်းသွားမှာပါ။ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ သမိုင်းဝင်ပဋိပက္ခတွေ ဖြစ်နေဆဲဖြစ်ပေမယ့် အင်ဒို-ပစီဖိတ်ဒေသကတော့ အမေရိကန်နိုင်ငံရဲ့ အဓိ ကအဦးစားပေးဖြစ်မှာပါ၊" ဟု ပြောသည်။

ရန်ကုန်-မော်လမြိုင်လမ်းတွင် ကားများရာချီပိတ်မိနေ

“မစောတံတားနဲ့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားဘေးအနီးမှာ မြေဖို့ပြီးလမ်းအဖြစ် ယာဉ်တွေယာယီဖြတ်သန်းအသုံးပြုနေရတာ။ မိုးတွေသည်းထန်စွာရွာနေတာကြောင့် မော်တော်ယာဉ်တွေပိတ်နေတာ။ မနေ့ကတည်းက ကားတွေပိတ်နေတာ။ ရန်ကုန်ကနေ မော်လမြိုင်ဘက်သွားတဲ့ကားတွေ အဓိကပိတ်နေတာ။ ကုန်ကားတွေလည်း မ နည်းပိတ်နေတာ။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အစ္စရေးက အဆိုပြုကမ်းလှမ်းမှုအသစ်များ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဆို

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တောင်းဆိုထားပြီး အပြန်အလှန်အနေဖြင့် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ အပစ်ခတ်ရပ်စဲမည့်ကိစ္စကို အဆိုပြုကမ်းလှမ်းချက်အသစ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နယူးယောက်မြို့တရားသူကြီးများကို ဝေဖန်ပြစ်တင်

ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော စွဲချက်ပေါင်း ၃၄ ခုကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်ကကျင်းပသော သမ္မတရွေးကောက်ပွဲမတိုင်ခင် အပြာမယ်တစ်ဦးကို နုတ်ပိတ်ရန် ငွေ ကြေးပေးသည်ဆိုသေ ာစာရွက်စာတမ်းများနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်း အမေရိကန်တရားသူကြီးများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သန်းကျော် ဆေးကုသရန် အခက်အခဲများရှိနေ ဟုဆို

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်နေပြီး ဆေးရုံများ၊ အဆောက်အဦးများပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်မှုများကြောင့် ဒေသခံတစ်သန်းကျော် ဆေးကုသခံယူမှုများ အခက်အခဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရာဖယ်မြို့တွင် ဟားမက်စ်နှင့် အစ္စရေးစစ်တပ်ကြား တိုက်ပွဲများအရှိန်မြင့်နေ

အစ္စရေးစစ်တပ်က ၎င်းတို့သည် မေလ ၃၀ ရက်နေ့တွင် အရှည် ၈ ဒသမ ၅ မိုင်ကျော်ရှိသော ဂါဇာ-အီဂျစ်နယ်စပ်ဒေသ Philadelphi စင်္ကြန်လမ်းကို သိမ်းပိုက်လိုက်ကြောင်း အ တည်ပြုပြောဆိုခဲ့ပြီးနောက် ရာဖယ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုအရှိန် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။