» သတင်း

ဗြိတိန်နိုင်ငံတွင် စစ်မှုထမ်းဥပဒေသကို ပြန်လည်သတ်မှတ်ရန် စီစဉ်နေ

စစ်မှုထမ်းဥပဒေအစီအစဉ်အရ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉ ဘီလျံကုန်ကျမည်ဖြစ်ပြီး အသက် ၁၈ နှစ်ရှိသူအားလုံး စစ်မှုထမ်းရန် အချိန်ပြည့် သို့မဟုတ် လုပ်အားပေးပုံစံမျိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ထိုင်ဝမ်သမ္မတ ဆို

တရုတ်စစ်တပ်က အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် ခွဲထွက်ရန်လိုလားသူများကို အပြစ်ပေးရန်ရည်ရွယ်သော စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရယူရန်ကြိုးပမ်းသောတပ်ဖွဲ့များသည် ဦးခေါင်းခွဲကာ သွေးထွက်သံယိုဖြစ်ပွားမှုများဖြင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

မြန်မာ့​ရွှေ​စျေး ကမ္ဘာ့​ရွှေ​စျေးထက် စံချိန်တင်မြင့်တက်နေ

"ဒီ​နေ့ည​နေ ၄ နာရီအထိ ​နောက်ဆုံးဈေးမှာ အ​ခေါက်​ရွှေတစ်ကျပ်သား ကျပ် ၅၁ သိန်းအထိ ​ပေါက်ခဲ့ပါတယ်။ ကမ္ဘာ့​ရွှေက တစ်​အောင်စကို ၂,၄၅၀ ဒေါ်လာအထိ ​ပေါက်​စျေးရှိခဲ့ပါတယ်။" ဟု 29 စိန်​ရွှေရတနာဆိုင်မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မိုးဦးကာလကျောင်းဖွင့်ချိန်တွင် စစ်ဘေးရှောင်နေရသည့် ကျောင်းသားအချို့ ကျောင်းတက်ရန်ခက်ခဲနေ ဟုဆို

“ကျွန်တော်တို့မိသားစုက ခြောက်ယောက်ရှိတယ်။ ကျောင်းသားသုံးယောက်ပါတယ်။ ကျွန်တော့်သားနှစ်ယောက်က လေးတန်းတက်ရတော့မှာ၊၊ ကျွန်တော်တူတစ်ယောက်က ၁၂ တန်းတက်ရက်ရမှာ။ ဒီဘက်မှာတော့ ဘာမှမကြားမိသေးဘူး။ လောလောဆယ် ဗန်းမော်ဘက်တော့ ကျောင်းအပ်လက်ခံတယ်လို့တော့ပြောတယ်။ ဒီဘက်တော့ဘာမကြားဘူးဗျ။"

မြန်မာအရေးကို ကြားဝင်ဖြေရှင်းပေးနိုင်ရန် မဆုတ်မနစ်ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆို

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က "မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွှတ်မှုများဖြစ်ရေးတို့အတွက် မဆုတ်မနစ်ကြိုးပမ်းနေတယ်။ ကျွန်တော်တိုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိတာတွေ့မြင်လိုတယ်။" ဟု ပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည်

အဆိုပါအစည်းအဝေးအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးဖွယ်ရှိနေသလို၊ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိနေသည်။

ပါပူဝါဂီနီနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံးလူပေါင်း ၃၀၀၀ ကျော် ပျောက်ဆုံးနေ

ပါပူဝါ နယူးဂီနီ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဂျာနက် ဖီလီမွန်က မြေပြိုမှုကြောင့် သေဆုံး၊ ပျောက်ဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက်လာဖွယ်ရှိနေပြီး အနည်းဆုံးအရေအတွက် ၁၀၀ ဦးနှင့်အထက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားသည်။

ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များ အခက်အခဲမျိုးစုံကြုံတွေ့နေရ ဟုဆို

အောက်တိုဘာလမှစ၍ ပေါက်တောမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသအတွင်းစစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီး၊ အခက်အခဲများမျိုးစုံကြုံတွေ့နေရကြောင်း ဒေသအတွင်း စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်ဝမ်သမ္မတအသစ်က ထိုင်ဝမ်ကို စစ်ပွဲထဲဆွဲသွင်းနေဟု တရုတ်စစ်ဘက် ဆို

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကွင်က "ထိုင်ဝမ်မှာ သမ္မတအသစ်တက်လာခဲ့ပြီးနောက်ပိုင်း တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေဖြစ်လာတယ်။ ဒီအခြေနေတွေက ထိုင်ဝမ်ကို စစ်ပွဲနဲ့အန္တရာယ်ဇုန်ထဲ တွန်းပို့သလိုမျိုးဖြစ်နေတယ်။" ဟု ပြောသည်။

သံတွဲ-ရန်ကုန်​လေ​ကြောင်းခရီးစဥ် တစ်ပတ်လျှင်တစ်ကြိမ်သာ ပြေးဆွဲ​ပေးမည်

"သံတွဲ-ရန်ကုန်​လေ​ကြောင်းခရီးစဥ်​တွေကို တစ်ပတ်ကိုတစ်ကြိမ်ပဲ ​ပြေးဆွဲ​တော့မယ်။ လာမယ့်ဇွန် ၂ ရက်​​နေ့မှာ ​လေယာဥ်လက်မှတ်​တွေ ​ရောင်းချ​ပေးမယ်။ ​လေယာဥ်လက်မှတ်​​စျေးနှုန်းကတော့ အရင် High class နှုန်းထားအတိုင်းပါပဲ။ ​​လော​လောဆယ် နှုန်းထားသစ်​ပြောင်းလဲမှု မရှိ​သေးပါဘူး။" ဟု မြန်မာ့​လေ​ကြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့…