» သတင်း

သေဆုံးခဲ့သော အီရန်သမ္မတစီးနင်းသည့်လေယာဉ်က ပစ်ချခံရခြင်းမဟုတ်ကြောင်း အီရန်အာဏာပိုင်များ ဆို

ရဟတ်ယာဉ်မှူးသည် ပျက်ကျမှုမဖြစ်ပွားခင် အခြားရဟတ်ယာဉ်မှ လေယာဉ်မှူးနှစ်ဦးကို ဆက်သွယ်ခဲ့ကြောင်း၊ စက်ချို့ယွင်းကာ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အီရန်စုံစမ်းရေးကော်မရှင်က ပြောသည်။

လက်နက်များနှင့်အတူဖမ်းမိသည့် လူငယ်သုံးဦးကို နှစ်ရှည်ထောင်ဒဏ်များချမှတ်

"ကိုလှိုင်မျိုးကျော်ကတော့ တစ်ကျွန်းချခံရတယ်။ ကျန်နှစ်ဦးကတော့ နှစ်ရှည်ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခံခဲ့ရတယ်။ သူတို့အားလုံးကို ဖေဖော်ဝါရီလထဲမှာ သက်ဆိုင်ကဖမ်းဆီးခဲ့တာပါ။ လက်နက်တွေနဲ့အတူတွေ့ရှိတာကြောင့် အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်ပြီး အခုလိုအမိန့်ချတာ။" ဟု အကျဉ်းထောင်နှင့်နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံသား ၁၀၀၀ကျော် မီဇိုရမ်ပြည်နယ်အတွင်းသို ထပ်မံတိမ်းရှောင်

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သူများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်အတွင်းသို နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်

ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်ကိုကူညီထာက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် ဂျပန်ပြည်သူများကို မီးလောင်တိုက်သွင်းသလိုမျိုး ဖြစ်လာစေမည်ဖြစ်ကြောင်း တ ရုတ်သံအမတ်ကြီးက ဝေဖန်ခဲ့သည်။

ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲနှင့်ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံများကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင်

အနောက်အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံနှင့် တင်းမာမှုအရှိန်မြင့်တက်မည်ကို စိုးရိမ်နေကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့နိုင်ငံထုတ်လက်နက်များဖြင့် ရုရှားနိုင်ငံပိုင် နက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် ခွင့်ပြုလိုခြင်းမရှိဘဲဖြစ်နေကြောင်း ယူကရိန်းသမ္မတက ပြောသည်။

ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးရက်အကြာတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကပြုလုပ်သော အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ပြစ်တင်ရှုတ်ချထားပြီး ကျွန်အနီးသို့ တပ်ဖွဲ့ဝင်များစေလွှတ်သွားမည်ဖြစ်သလို ကျွန်းပိုင်နက်များကို ကာကွယ်ရန်ကြိုးပမ်းမည်ဟု ပြောသည်။

ကမာရွတ်ခရိုင်တရားရုံးသို့ လေလံဈေးနှုန်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး အဆိုတင်သွင်း

"ဒီ​​နေ့ မေ ၂၃ ရက်ရုံးချိန်းမှာ ဦးအောင်ဆန်းဦးဘက်က အရင်သတ်မှတ်ထားတဲ့ လေလံဈေးနှုန်းကိုလျော့ချပြီး လေလံကြမ်းခင်းဈေးသစ်နဲ့ရောင်းချဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။" ဟု ကမာရွတ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း ပုဂံသို့ ပြည်တွင်းခရီးသွားဧည့်သည် ငါးသောင်းကျော် ဝင်​ရောက်ခဲ့ ဟုဆို

"ပြီးခဲ့တဲ့ဧပြီလထဲမှာ ပုဂံဒေသကို ပြည်တွင်းခရီးသွား ၅၄,၈၅၃ ဦးနဲ့ ပြည်ပခရီးသွား ၉၉၃ ဦး စုစုပေါင်းခရီးသွားဧည့်သည် ၅၅,၈၄၆ ဦး ဝင်ရောက်တည်းခိုခဲ့ပါတယ်။" ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အီရန်သမ္မတအသစ်ရွေးချယ်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်

အီရန်တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် ယာယီသမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နိုင်ငံသမ္မတအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင်ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိတ်ထားရသည့် မြစ်ကြီးနား-ဆင်ဘို အမြန်ရေယာဉ်လိုင်းများ ပြေးဆွဲနိုင်ခြင်းမရှိသဖြင့် ဒေသခံများအခက်အခဲဖြစ်နေ

"KIA/PDF ပူးပေါင်းအဖွဲ့နဲ့ နစကတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ယနေ့အထိ မြစ်ကြီးနား-ဆင်ဘို ရေလမ်းကြောင်းခရီးကို သွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။