» သတင်း

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများ အဆုံးသတ်

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီး၊ ပြီးခဲ့သောသီတင်းပတ်များအတွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၁၂ ဘီးယာဉ်ပေါ် တွင် ယာဥ်​မောင်းတစ်ဦး ​အောက်စီဂျင်ပြတ်ကာ သေဆုံး

အဆိုပါ ၁၂ ဘီးယာဥ်​မောင်းသည် ​မေ ၁၉ ရက်၊ ညပိုင်းက ကား​ခေါင်းအတွင်းအိပ်​ပျော်ခဲ့ပြီး တပည့်ဖြစ်သူက မေ ၂၀ ရက်၊ နံနက်ပိုင်း သွားရောက်လှုပ်နှိုးရာ အသက်မရှိ​တော့​ခြင်းဖြစ်ကြောင်းသိရသဖြင့် ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်းအား ဆက်သွယ်အကူအညီ​တောင်းခံခဲ့​​ရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများပျက်စီး

ဧရာဝတီတိုင်းတွင် မေလ ၁ ရက်မှ ၂၀ ရက်အထိ၊ ရက်ပေါင်း ၂၀ အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့ပြီး၊ ၃၉ လုံးအမိုးလန်ပျက် စီးခဲ့ကာ ဘုန်းတော်ကြီးကျောင်းသုံးကျောင်း ပြိုကျခဲ့ပြီး၊ စာသင်ကျောင်းတစ်ကျောင်း…

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် လူပေါင်း ၁၅ ဦးသေဆုံး

အီရန်သမ္မတနှင့် အီရန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိကြီးများသည် အမေရိကန်နိုင်ငံထုတ် Bell 212 အမျိုးအစား ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်းချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အဇာဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူးလည်းပါဝင်ခဲ့ကြောင်း သိရသည်။

မြဝတီတွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့်

"ပြီးခဲ့တဲ့ဧပြီလ ၁၃ ရက်ကတည်းက ဘဏ်လုပ်ငန်း​တွေ ပိတ်သွားတာ။ နှစ်ဘက်တိုက်ပွဲ​တွေ​ကြောင့် နယ်စပ်တံတား​ပိတ်သွားတယ်။ ဘဏ်လုပ်ငန်း​တွေလည်း ရပ်ဆိုင်းသွားတယ်။ အခုတစ်လ​ကျော်ကြာမှ ပြန်လည်​ဆောင်ရွက်​ပေးတာပါ။" ဟု မြဝတီမြို့နယ်မှ ကုန်သည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြန်မာနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ခြင်းမရှိ​၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမည်

လက်ရှိမုန်တိုင်းအခြေအနေသည် မြန်မာဘက်သို့ဦးတည်နိုင်သည့် အလားအလားမရှိ​ကြောင်းနှင့် မုန်တိုင်းအန္တရာယ်မရှိသော်လည်း မုန်တိုင်းညာဘက် မုတ်သုန်ဆွဲတင်လေစီးမှ မြန်မာတစ်နိုင်ငံလုံးကို မိုးများရွာသွန်း​စေနိုင်လိမ့်မည်ဖြစ်​​ကြောင်း သိရသည်။

ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲမှ မော်တော်ယာဉ်များ အားလုံဖြတ်သန်းခွင့်ပြု

"ပထမလမ်းကနေသွားတုန်းက တော်တော်ဒုက္ခရောက်ပါတယ်။ လက်ရှိတော့ ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ ယာယီမြေနီလမ်းဖောက်လုပ်မှုပြီးစီးသွားပြီ။ မေ ၁၇ ရက်နေ့ကစပြီး ကုန်တင်ကားတွေအပါအဝင် ခရီးသည်ယာဉ်တွေအားလုံး ဖြတ်သန်းသွားလာခွင့်ပြုထားတယ်။" ဟု ကားသမားတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ငါးမြစ်ချင်းဈေးကျဆင်းပြီး ငါးစာဈေးမြင့်တက်နေသဖြင့် ငါးမွေးမြူသူများ အရှုံးပေါ်နေ

လက်ရှိတွင် ဒေသထွက် ငါးမြစ်ချင်းတွေကို ပြည်ပဈေးကွက်ကို အကန့်အသတ်ဖြင့်သာ တင်ပို့ရောင်းနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်တစ်ခုတည်းကို အားကိုနေရသဖြင့် ငါးမြစ်ချင်းတစ်ပိသာကို ငွေကျပ် ၅၅၀၀ အထိ ဈေးကျဆင်းနေကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဝိုင်းမော်တွင် တိုက်ပွဲပြင်းထန်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ယမန်နေ့ နံနက်အစောပိုင်းမှစ၍ ယနေ့အထိ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ အောင်မြေ (၁) ၊ အောင်မြေ (၂) ကျေးရွာအပါအဝင် ကျေးရွာအချို့ရှိ စစ်စခန်းများတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ၍ ဒေသခံရာချီမှာ ဝိုင်းမော်မြို့ပေါ်နှင့်အနီးရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံပိုင်နက်ကျုးကျော်ရန် ကြိုးပမ်းသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံလာရာ သံတမန်ဆက်ဆံရေး တင်းမာမှုများရှိလာခဲ့ကြောင်း သိရသည်။