» သတင်း

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လဝါးစစ်ရှောင်စခန်းနှင့် ဘုရားကျောင်းပြုပြင်ရန်အခက်အခဲဖြစ်နေ

"အဓိကကတော့ ငွေကြေးအခက်အခဲပေါ့။ အခုအထိ မပြုပြင်နိုင်သေးတာပါ။ အရေးပေါ်အကူအညီလိုအပ်နေတယ်။ နေထိုင်ဖို့ အမိုး‌‌တွေလည်းအများကြီးသလို ရေကန်နဲ့ အိမ်သာအတွက်လည်းလိုအပ်နေတာ။" ဟု ၎င်းကဆက်ပြောသည်။

စစ်တိုင်းတိုင်းတွင် ပဲတီစိမ်းအထွက်နှုန်း ကျဆင်းနေသဖြင့် တောင်သူများ အရှုံးနဲ့ရင်ဆိုင်နေရ

"ပဲတီစိမ်းက တစ်ဧကအတွက် စိုက်ပျိုးစရိတ်အနေနဲ့ ငွေကျပ် ၅ သိန်းနဲ့အထက် ကုန်ကျစရိတ်ရှိတယ်။ ဒီတော့ အခုဈေးနဲ့ဆိုရင် ၁ ဧက ၁၂ တင်း ဒါမှမဟုတ် ၁၃ တင်းကျော်ကျော်လောက်ထွက်မှ အရင်းပဲရတယ်။ အဲ့ဒါ အခုဈေးကောင်းလို့ရတာ။ ဒါပေမယ့်တစ်ဧကကို…

မြန်မာနိုင်ငံအလယ်ပိုင်းတွင် လာမည့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်

“မြန်မာပြည်အလယ်ပိုင်း၊ အညာမြေဆီကို မိုးတွေရွာလာပါလိမ့်မယ်။ မေ ၂၂ ရက်နဲ့ ၂၅ ရက်နေ့အတွင်းမှာပါ။" ဟု ပြည်တွင်းမိုးလေဝသနှင့် ဇလ​ဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကျုံအိတ်တံတား​ လမ်း​ကြောင်းလွှဲ​မြေသားလမ်းမှ စက်သုံးဆီများ ပြန်လည်ဝင်​ရောက်

"မေ ၁၂ ရက်ကတည်းက စက်သုံးဆီ​တွေ ပြတ်လပ်သွားတာ။ တစ်ပတ်ပြည့်​သွားတယ်။ ဆီ​ဘောက်ဆာယာဥ်​တွေ ​ဆက်တိုက်ဝင်လာ​ပါပြီ။ မနက်ဖြန်​လောက်ဆို ဆီဆိုင်​တွေပြန်​ရောင်း​တော့မယ်​ပြောတယ်။ ကားနဲ့ ဆိုင်ကယ်​တွေ ဆီလုံလုံ​လောက်​လောက် ပြန်ဝယ်ယူလို့ရပြီထင်ပါတယ်။" ​ဟု ​မော်လမြိုင်မြို့နယ်​နေသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နေထိုင်​သော ခြံအမှတ် ၅၄ လေလံအမှု ရုံးချိန်းထပ်မံ​ချိန်းဆို

"​ကမာရွတ်ခရိုင်တရားရုံးမှာ ခြံအမှတ် ၅၄ ရဲ့ ​လေလံအမှုနဲ့ပတ်သက်ပြီး​တော့ ​မေ ၁၅ ရက်က တရားနိုင်ဘက်က တင်ပြပြီး​တဲ့အချိန်မှာ ​မေ ၂၃ ရက်​နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။" ဟု ကမာရွတ်ခရိုင်တရားရုံးရှိ ​ရှေ့​နေတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လပွတ္တာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်ခံရပြီး  အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရ

"ရုံးထဲမှာ လူတွေရှိနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာလို့ သိရတယ်။ ဗုံးကလူတွေအနားမကျလို့ အခုလောက်ပဲဖြစ်တာ။ ဗုံးထိသွားတဲ့သူတွေက အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်တွေပါ။ပြင်းထန်တဲ့ ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတာ။" ဟု ၎င်းက ဆက်ပြောသည်။

ပလောက်မြို့အနီး တိုက်ပွဲများကြောင့် မြိတ်-ထားဝယ်ကားလမ်းတွင် ခရီးသည်ကားနှင့် ကုန်တင်ယာဉ်များအများအပြား ပိတ်မိနေ

"ရန်ကုန်-မြိတ်ကို ဆင်းလာတဲ့ကားတွေဟာ ပလောက်မြို့မှာ ပိတ်မိနေပြီး မြိတ်-ရန်ကုန်သွားမယ့်ကားတွေဟာ ပုလောမြို့မှာ ပိတ်မိနေတယ်။ ကားတွေမနည်း ပိတ်မိနေတာ။ ဆက်မသွားရဲတဲ့အခြေအနေဖြစ်နေတာလေ။ တချို့ကုန်ကားထဲက အသီးအနှံကုန်ပစ္စည်းတွေဆို ပျက်စီကုန်ပြီ။" ဟု အဆိုပါယာဉ်မောင်းက ဆက်ပြောသည်။

ဆီဆိုင်တွင် ဗုံးကိုထုရိုက်မိ၍ ပေါက်ကွဲရာမှ ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

"သူတို့က မီးလောင်ပြင်က သံတိုသံစတွေကောက်ကြရင်း ကလေးက မပေါက်ကွဲသေးတဲ့ဗုံးကို တူနဲ့သွားထုမိသွားတာ။ ကလေးရယ်၊ သူ့အမေရယ်၊ ဦးလေးရယ်နဲ့ နောက်ထပ်တစ်ဦး စုစုပေါင်းလေးဦး ဒဏ်ရာရတယ်။ ကလေးက ဒဏ်ရာပြင်းထန်တယ်။" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ငြိမ်းချမ်းစေရန် သက်ဆင်လိုလားဟု သမီးဖြစ်သူ ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲစည်းများနှင့် ဆွေးနွေးခဲ့သော သက်ဆင်၏လုပ်ရပ်ကို ထိုင်းနိုင်ငံရေးပါတီများက ဝေဖန်ပြစ်တင်ခဲ့ပြီး ထိုင်းအောက်လွှတ်တော်ကော်မတီက စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ်ကို သေနတ်သမားတစ်ဦးက အနီးကပ်လုပ်ကြံ

ဝန်ကြီးချုပ်သည် ယူကရိန်းကို စစ်ရေးအကူညီပေးမှုများ ရပ်တန့်ရန်နှင့် ရှရှားအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းကို အဆုံးသတ်ရန်တောင်းဆိုခဲ့သူဖြစ်ပြီး အဆိုပါလုပ်ကြံမှုက နိုင်ငံရေးလုပ် ကြံမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ထားသည်။