» သတင်း

ICC တရားရုံးက ဂါဇာစစ်ပွဲတွင် အစ္စရေးနိုင်ငံအလုံးစုံနိုင်ပွဲကို တားဆီးနေကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ရှေ့နေတစ်ဦးသည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အစ္စရေးအစိုးရ တာဝန်ရှိသူများကို စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုကာ ဖမ်းဝရမ်းထုတ်ရန် စီစဉ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ရုရှားစစ်တပ်က နျူကလီးယားစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ပြီး အနောက်အုပ်စုနိုင်ငံများကို သတိပေး

ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံကြား တင်းမာမှုများဖြစ်ပွားလာချိန်တွင် ရုရှားစစ်တပ်က နျူကလီးယားလက်နက်များနှင့်ပတ်သက်သော စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်တစ်ဦးကို ရွေးချယ်ခန့်အပ်

ဗီယက်နမ်သမ္မတဟောင်း Võ Thị Ánh Xuân သည် အကျင့်ပျက်လာဘ်စားမှုများရှိသည်ဆိုသော စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ဖိအားများရင်ဆိုင်ခဲ့ရကာ သမ္မတအဖြစ် ရက်ပေါင်း ၆၂ ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

လပွတ္တာမြို့တွင် ကလေးငယ် ၁၁ ဦးအပါအဝင် ၄၅ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

လပွတ္တာမြို့၊ ကွမ်းခြံကုန်း၊ ချောင်းကလေး၊ အမှတ်(၉)ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့မှ ဆောက်လုပ်ရေးလုပ်သားများသည် လုပ်ငန်းခွင်မှပေးသော ဘဲဥဟင်းနှင့် ငံပြာရည် ချက်ဟင်းကို အလုပ်မှအပြန် နေအိမ် မိသားစုများနှင့်အတူစားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားသဖြင့် ဆေးရုံတင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးတွင် မြဝတီဘဏ်ခွဲ ဗုံးပစ်ခံရ

"အမည်မသိလူနှစ်​ယောက်က ဆိုင်ကယ်တစ်စီးနဲ့ မြဝတီဘဏ်ခွဲကို ဗုံးတစ်လုံးနဲ့ ပစ်ပေါက်သွားတာပါ၊ ဗုံးက မြဝတီဘဏ်ခွဲရှေ့ကျပြီး ပေါက်ကွဲသွားခဲ့တယ်။ ခဏ​နေ​တော့ ပစ်ခတ်မှု​တွေဖြစ်ပွားခဲ့ပါတယ်။ စိုးထိတ်စရာပါ။"ဟု ချမ်းမြသာစည်မြို့နယ်မှ ​ဒေသခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

အီရန်သမ္မတသေဆုံးခြင်းနောက်ကွယ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစ္စရေးအစိုးရ ဆို

ရဟတ်ယာဉ်ပျက်ကျကာ အီရန်သမ္မတသေဆုံးခဲ့ပြီးနောက် အဆိုပါသေဆုံးမှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံပါဝင်ဆက်နွယ်ဖွယ်ရှိသည်ဆိုသောသတင်းများ ထပ်မံထွက်ပေါ်ခဲ့ သည်။

အာဆီယံ ၁၀ နိုင်ငံက အမေရိကန်ဒေါ်လာအသုံးလျော့ချပြီး ပြည်တွင်းငွေကြေး ပိုမိုသုံးစွဲရန် ကြိုးပမ်းနေ

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်းဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄ ထရီလီယံရှိနေပြီး ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှု အပြီးတိုင်စွန့်လွှတ်မည်ဆိုလျှင် အမေရိကန်အစိုးရ၏ ဒေါ်လာအသုံးပြုမှုများ ကမောက်ကမဖြစ်လာဖွယ်ရှိနေသည်။

အီရန်ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ်ခန့်အပ်၊ ရက်ပေါင်း ၅၀အတွင်း သမ္မတအသစ် ရွေးကောက်ဖွယ်ရှိ

သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒုတိယသမ္မတဖြစ်သူ မိုခါဘာကို ယာယီသမ္မတအဖြစ်ခန့်အပ်ခဲ့သော်လည်း သမ္မတအသစ်ရွေး ကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံတွင် ရဲစခန်းများတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးပိုမိုတိုးမြှင့်

မလေးရှားနိုင်ငံတွင် မေလ ၁၇ ရက်နေ့က ဂျိုဟိုးပြည်နယ်ရှိ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်လာခဲ့ပြီးနောက် မေလ ၁၉ ရက်နေ့တွင်လည်း ပီနန်ပြည်နယ်ရှိ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ရန် ထပ်မံဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်အပေါ် ခြိမ်းခြောက်နေခြင်းများကို ရပ်တန့်ရန် တရုတ်အစိုးရကို ထိုင်ဝမ်သမ္မတ တိုက်တွန်းတောင်းဆို

ထိုင်ဝမ်သမ္မတအသစ်က တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးခြိမ်းခြောက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အဓိကဦးစားပေးရွေး ချယ်မည်ဖြစ်သလို၊ တရုတ်အစိုးရအနေဖြင့်လည်း ထိုင်ဝမ်ပြည်သူများ၏ရွေးချယ်မှုကို လေးစားရမည်ဖြစ်ကြောင်း ပြောသည်။