» သတင်း

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆို

ထိုင်းဝန်ကြီးချုပ်က ၎င်းအနေဖြင့် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသ အခြေနေများနှင့်ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေသော အစီမံများအပြင် တပ်မှူးများ၏ အဆိုပြုကမ်းလှမ်းချက်များကိုလည်း လက်ခံရရှိထားကြောင်း ပြောသည်။

ယူကရိန်းကို ရုရှားတပ်ဖွဲ့များ ကြီးမားသောထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်

ရုရှားသည် ယူကရိန်း၏ တန်ပြန်တိုက်ခိုက်မှုများကို လအတန်ကြာရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိအချိန်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြန်လည်လုပ် ဆောင်လာခြင်းဖြစ်သည်။

ရန်ကုန်-မော်လမြိုင်အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်အပါအဝင် ကားအစီး ၁၀၀ ကျော် ပိတ်ဆို့နေ

"ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက်ပိုင်းမှာ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမှာ ကားတွေရာနဲ့ချီပြီး ရပ်တန့်နေရတာပေါ့။ ကားလေးတွေကျတော့ ရွာချင်းဆက်လမ်းတွေကနေ သွားတာတွေရှိတယ်။" ဟု သိန်းသန်း​ကျော် အ​ဝေး​ပြေးခရီးသည်တင်ယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဖမ်းဆီးခံထားသူများ အမြန်ဆုံးပြန်လွတ်မြောက်စေရန် အစ္စရေးပြည်သူများ ဆန္ဒပြ

ထောင်နှင့်ချီသော အစ္စရေးဆန္ဒပြပြည်သူများသည် မေလ ၁၁ ရက်နေ့တွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသော အစ္စရေးနိုင်ငံသားဓါးစာခံများကို အမြန်ဆုံးပြန်လွတ် မြောက်စေရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် တောင်းဆို

တရုတ်သံတမန်များသည် ဖိလစ်ပိုင်နိုင်ငံ၏လူအဖွဲ့စည်းအတွင်း စုစည်းညီညွှတ်မှုများ ပြိုကွဲစေရန်၊ သဘောထားအမြင်ကွဲလွဲမှုစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်တွင်းလုပ် ကြံမှုများဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ပြောသည်။

မူဆယ်မြို့တွင် UID (စမတ်ကတ်)၊ မှတ်ပုံတင်နှင့် စာအုပ်အနီအတုများ လုပ်ပေးသူသုံးဦးဖမ်းဆီးရမိ

"မူဆယ်နယ်စပ် UID ကတ်အတုလုပ်တာ မှတ်ပုံတင်နဲ့ စာအုပ်နီအတုလုပ်ပြီး ရောင်းစားနေတဲ့သုံးယောက်ကိုတော့မိသွားပြီ။ အကောင့်တုတွေနဲ့ Fb မှာ တင်တာကိုတွေ့ပြီး တကယ် လိုအပ်တဲ့သူတွေက အလုပ်အပ်တာပေါ့။ ပြည်သူကတော့ ငွေဆုံးတာပေါ့။ မှတ်ပုံတင်အတုနဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်အနီကို ၇၅ သိန်းပေးပြီးလုပ်တာ။ လူလိမ်တွေက…

ဂါဇာအရေးနှင့်ပတ်သက်ပြီး ရည်မှန်းချက်များရရှိစေရန် လုပ်ဆောင်မည်ဟု အစ္စရေးစစ်တပ် ဆို

အမေရိကန်နိုင်ငံသည် ဂါဇာဒေသရှိ ရာဖယ်မြို့ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ရန် အစ္စရေးအစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သော်လည်း အစ္စရေးအစိုးရက ၎င်းတို့အစီအစဉ်အတိုင်း ဟားမက်စ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ရာဖယ်မြို့ကိုတိုက်ခိုက်ရန် စီစဉ်နေကြောင်း သိရသည်။

မိန်းမလှကျွန်းဘေးမဲ့တောနှင့် အနီးဝန်းကျင်မှပြည်သူများ မိကျောင်းအန္တရာယ် သတိပြုနေထိုင်ရန်လိုအပ် ဟုဆို

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း ဘေးမဲ့တောတွင် သဘာဝအတိုင်းထိန်းသိမ်းထားသည့် မိကျောင်းများ မတ်လမှ ဇွန်လအထိ မိတ်လိုက်ကြပြီး၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် အ သိုက်ပြုလုပ်ကြကာ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတွင် သားပေါက်ချိန်ကာလဖြစ်ကြောင်း သိရသည်။

အက်ဖ် ၁၆ တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် အဆိုပါလေယာဉ်များဖြင့် လေ့ကျင့်မည့်အစီအစဉ်ကို စင်ကာပူလေတပ်က ယာယီဆိုင်းငံ့

လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးထိခိုက်သေဆုံးခြင်းမရှိသော်လည်း လေယာဉ်ပျက်ကျရသောအကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန်အတွက် အက်ဖ် ၁၆ တိုက်လေယာဉ်များဖြင့် လေ့ကျင့်မှုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာဖယ်မြို့ကို တိုက်ခိုက်မည်ဆိုလျှင် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ သတိပေး

အမေရိကန်အစိုးရက ၎င်းတို့သည် အစ္စရေးနိုင်ငံကို အမေရိကန်နိုင်ငံထုတ်ဗုံးများ ကူညီထောက်ပံ့ပေးရန်စေလွှတ်မည့် သင်္ဘောများရပ်တန့်သွားမည်ဟု ပြီးခဲ့သောသီတင်းပတ်တွင်သတိပေးခဲ့ပြီးနောက် အမေရိကန်သမ္မတက လူသိရှင်ကြားသတိပေးခဲ့ခြင်းဖြစ်သည်။