» သတင်း

ဗြိတိန်အစိုးရ၏လုပ်ရပ်များက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန် တွန်းအားပေးနေကြောင်း ရုရှားအစိုးရသတိပေး

ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ဗြိတိန်သည် ရုရှားကိုပိတ်ဆို့မှုများချမှတ်ခဲ့သလို ရုရှားပိုင်နက်များကို တိုက်ခိုက်နိုင်ရန် ယူကရိန်းကို တာဝေးပစ်လက်နက်များ ကူညီထောက်ပံ့ပေးမည်ဟု ပြီးခဲ့သောရက်ပိုင်းကပြောဆိုခဲ့ရာ ရုရှားနှင့် ဗြိတိန်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် နိုင်ငံခြားဆေးဝါးဈေးနှုန်း ထပ်မံမြင့်တက်လာခြင်းကြောင့် နာတာရှည်ရောဂါသည်များ အခက်အခဲဖြစ်နေ

ပြည်ပနိုင်ငံမှတင်သွင်းရသည့် ဆေးဝါးဈေးနှုန်းများမှာ ငွေကျပ် ၅၀၀၀ မှ လက်ရှိတွင် ငွေကျပ် ၁၀,၀၀၀ ကျော်အထိ ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရေရှည်ဆေးသောက်နေရသည့် နာတာရှည်ရောဂါသည်များမှာ ဆေးဝါးဆက်လက်သောက်သုံးနိုင်ရန် အခက်အခဲရှိလာကြောင်း မအူပင်မြို့နယ်မှ နှလုံးရောဂါဝေဒနာရှင်တစ်ဦးက ပြော သည်။

မြန်မာနိုင်ငံအရေး ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ကြားဝင်စေ့စပ်မည့် အစီအစဉ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြင်းဆန်

သက်ဆင်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရန်အတွက် ဧပြီလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG ၏ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

TikTok လူမူကွန်ရက်၏မိခင်ကုမ္မဏီ ByteDance က အမေရိကန်အစိုးရကို တရားစွဲ

အမေရိကန်အစိုးရနှင့် လွှတ်တော်တို့သည် TikTok လူမူကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုရန် တားဆီးပိတ်ပင်ရန် ကြိုးပမ်းလာခဲ့ပြီးနောက် TikTok ၏ မိခင်ကုမ္မဏီဖြစ်သော ByteDance က အမေရိကန်အစိုးရကို တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အဆိုပြုကမ်းလှမ်းချက်ကို ဟားမက်စ်လက်ခံ

အစ္စရေးသည် ဂါဇာဒေသရှိ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် မြို့အတွင်းမှ လူများဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ပြီးနောက်မကြာမီ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အပစ်ခတ်ရပ်စဲရေးကိုလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် သက်ဆင်၏ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရတုံ့ပြန်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ကချင်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ အမ်ယူဂျီအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ရုရှားသမ္မတပူတင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက ကိုယ်စားလှယ်များစေလွှတ်မည်မဟုတ် ဟုဆို

ရုရှားသမ္မတ ပူတင်သည် မေလ ၇ ရက်နေ့တွင် နိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ရာ နိုင်ငံသမိုင်းတွင် သမ္မတအဖြစ်နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ယူခွင့်ရသူဖြစ်လာခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအဖွဲ့စည်းများ တားမြစ်နေသည့်ကြားမှ အစ္စရေးတင့်ကားများ ရာဖယ်မြို့အတွင်းဝင်ရောက်

အမေရိကန်အပါအဝင် ကုလသမဂ္ဂက ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည့် အစ္စရေး၏စစ်ဆင်ရေးအစီအစဉ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး မလုပ်ဆောင်ရန် အစောပိုင်းက တိုက် တွန်းပြောဆိုခဲ့သည်။

အပူချိန်မြင့်တက်နေခြင်းကြောင့် မြန်မာပြည်သူများ ဝင်ငွေထိခိုက်နေ

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံရှိမြိုအချို၏ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ပြည်သူများကို အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန်ထားရသည်။

ရာဖယ်မြို့ကို ထိုးစစ်ဆင်မည်ဖြစ်သည့်အတွက် ဒေသခံများအမြန်ဆုံးထွက်ခွာရန် အစ္စရေးစစ်တပ် သတိပေး

အစ္စရေးစစ်တပ်သည် ရာဖယ်မြို့အတွင်းမှပြည်သူများ အမြန်ဆုံးထွက်ရန် လက်ကမ်းစာစောင်များဝေငှခဲ့သလို လူမူကွန်ရက်မှတဆင့် တိုက်တွန်းတောင်းဆိုခြင်းများလည်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။