» သတင်း

အစ္စရေးဝန်ကြီးချုပ်အပါအဝင် စစ်ဘက်ခေါင်းဆောင်များကို ICC တရားရုံးက ဖမ်းဝရမ်းထုတ်မည့်အပေါ် အမေရိကန်အစိုးရ ဝေဖန်ပြစ်တင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန်ပါတယ်က "အမေရိကန်အစိုးရဟာ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် မပါဝင်ပေမယ့် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ယူကရိန်းစစ်ပွဲ၊ ဆူဒန်အရေးနဲ့ ဒါဖာအရေးကိစ္စတွေမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် သီးခြားကိစ္စတွေမှာတော့ ပူးပေါင်းပါဝင်မှာမဟုတ်ဘူး။" ဟု ပြောသည်။

ဟားမက်စ်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေးမရလည်း ရာဖယ်မြို့ကိုတိုက်ခိုက်သွားမည်ဟု ဝန်ကြီးချုပ်နေတန်ရာဟု ဆို

အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ ရာဖယ်မြို့ကိုတိုက်ခိုက်သွားမယ်။ ရာဖယ်မြို့အတွင်းရှိ ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့ လက်ကျန်အဖွဲ့ဝင်တွေကို သုတ်သင်သွားမယ်။ အ ပစ်ခတ်ရပ်စဲရေးရရှိခြင်းရှိရှိ၊ မရှိရှိ ဟားမက်စ်အုပ်စုကို အလုံးစုံနိုင်ပွဲရယူနိုင်ဖို့ ရာဖယ်မြို့ကိုတိုက်ခိုက်သွားမယ်။" ဟု ပြောသည်။

တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဟန့်တားနှောက်ယှက်မှုများ ထပ်မံပြုလုပ်

ဖိလစ်ပိုင်အစိုးရက "တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ကျွန်းနားမှာ တရုတ်စစ်သင်္ဘောတွေဟာ အင်အားသုံးတာမျိုးတွေရှိလာခဲ့တယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို တားဆီးတာတွေ၊ နှောက်ယှက်တာတွေလုပ်ခဲ့တယ်။" ဟု ပြောသည်။

လိုအပ်ပါက မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်ခေါ်ရန် ပင်လယ်ပြင်တွင် စစ်သင်္ဘောလေးစင်း ဖြန့်ကြတ်ထားဟု ထိုင်းရေတပ် ဆို

အန်ဒမန်ကမ်းရိုးတန်းက ထိုင်းအမှတ် (၃) ရေတပ်တပ်ဖွဲ့ ကို HTMS Saiburi အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘော၊ HTMS Prachuap Khiri Khan အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးအပြင် အခြားစစ်သင်္ဘောနှစ်စီးတို့ကို ဖြန့်ကြတ်ချထားရန် အမိန့်ပေးခဲ့ကြောင်း ထိုင်းရေတပ်ဦးစီးချုပ်က ပြောသည်။

မာရစ် ဆန်ဂိုင်ပွန်ဆာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ထိုင်းဘုရင်ခွင့်ပြု

မာရစ် ဆန်ဂိုင်ပွန်ဆာသည် သြစတြေးလျ၊ ဖီဂျီနှင့် နီပေါနိုင်ငံများဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး လက်ရှိအချိန်တွင် Thanulux အမည်ရှိ ထိုင်းကုမ္မဏီတွင် ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူနေကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူရန် ဘုတ်အဖွဲ့ရာထူးမှနုတ်ထွက်ခဲ့သည်။

နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဝေဖန်

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံက စစ်ရာဇဝတ်မှုများနှင့် လူအခွင့်ရေးချိုးဖောက်ခဲ့သည်ဆိုကာ တောင်အာဖရိကနိုင်ငံက သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တ ရားရုံးတွင် တရားစွဲခဲ့ကြောင်း သိရသည်။

လိင်တူဆက်ဆံခွင့်ဥပဒေကို အီရတ်လွှတ်တော် ပြန်လည်ပိတ်ပင်

လိင်တူဆက်ဆံခြင်း ဥပဒေကိုချိုးဖောက်မည်ဆိုပါက ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိ ပြစ် ဒဏ်ပေးခံရမည်ဖြစ်ကြောင်း၊ လိင်တူဆက်ဆံမှုနှင့် အခကြေးငွေယူကာ လိင်ပိုင်းဆိုင် ရာဆက်ဆံမှုများကို ထောင်ဒဏ်ပေးမည်ဖြစ်ကြောင်း အီရတ်လွှတ်တော်က အတည်ပြုလိုက်သော ဥပဒေထဲတွင် သတ်မှတ်ထားသည်။

ရန်ကုန်မြို့နယ်တွင် သင်္ကြန်ပြီး​နောက် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွား​နေ​သည် ဟုဆို

ယခင်က လျှပ်စစ်မီးကို A/B နှစ်ပိုင်းခွဲထားပြီး တစ်​နေ့လျှင် လေးနာရီခြား အလှည့်ကျစနစ်ဖြင့် မီးပေး​နေ​သော်လည်း လက်ရှိအလှည့်ကျ မီးလာရမည့်ချိန် ခန့်မှန်း၍ပင်မရနိုင်​ကြောင်း သန်လျင်မြို့​နယ်တွင် နေထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထိုင်းနိုင်ငံကကမ်းလှမ်းခဲ့သော ASEAN Troika အစီအစဉ်ကို လာအိုနိုင်ငံစဉ်းစားနေ ဟုဆို

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ကို ASEAN Troika အစည်းအဝေးနှင့် Troika plus အစည်းဝေးများ လုပ်ဆောင်ဆွေးနွေးရန် ထိုင်းအစိုးရက အဆိုပြုကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ပုသိမ်ထီးရောင်းအားကျဆင်းလာမှုကြောင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေ

ပုသိမ်ထီးလုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ပုသိမ်ထီးလုပ်ငန်းတွင် အဓိကကျသည့် ပုသိမ်ထီးယက်လုပ်သည့် ပညာရှင်များ၊ ထီးအကြမ်းထည်လုပ်သားများ၊ ပန်းချီပညာရှင်များ၊ ထီးလုပ်ဖို့အတွက် လိုအပ်သည့်ဝါးများကို စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းရှင်များ၊ ပုသိမ်ထီးတစ်နိုင်တစ်ပိုင်ယူရောင်းသောဖောက်သည်များ အခက် အခက်များဖြစ်ပေါ်နေကြောင်း သိရသည်။