» သတင်း

ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းရှိ လက်နက်တိုက်မီးလောင် စစ်သား ၂၀ သေဆုံး

ဝန်ကြီးချုပ် ဟွန်မာနက်က "လက်နက်ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သားတွေသေဆုံးမှုတွေအတွက် အလွန်အမင်းဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။" ဟု ပြောသည်။

တရုတ်ကုမ္မဏီ ၁၀၀ကျော်ကို ပိတ်ဆို့မှုများချမှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆို

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအသုံးပြုနေသော စစ်လက်နက်ပစ္စည်းများထဲတွင် တရုတ်နိုင်ငံထုတ်စစ်လက်နက်ပစ္စည်းများ ပါဝင်နေသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

အာရှတိုက်အတွင်း မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဟု ရုရှားစစ်ဘက် ဆို

"အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ဒေသအတွင်းမှာ စစ်ရေးအခြေခံအဆောက်အဦးတွေ တိုးချဲ့ဖြန့်ကြတ်ချထားမှုတွေ လုပ်ဆောင်နေတာကို လူတိုင်းလက်မခံနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့လုပ်ရပ်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးရဲ့ တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသလိုမျိုးဖြစ်တယ်။"

မြန်မာအရေးနှင့်ပတ်သက်ပြီး ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကို ထိုင်းအစိုးရ တိုက်တွန်း

"တပ်မတော်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်။ ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့နေရာနားမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့တယ်။ အာဆီယံဟာ မြန်မာအရေးနဲ့ပတ်သက်ပြီး လက်ရှိထက် ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေတယ်။"

အနောက်အုပ်စုနှင့် ဆက်ဆံရေးကောင်းမွန်လိုလျှင် ရုရှားကိုထောက်ပံ့ပေးခြင်းများ ရပ်တန့်ရမည်ဟု တရုတ်ကို နေတိုးအဖွဲ့သတိပေး

နေတိုးအဖွဲ့အကြီးအကဲဖြစ်သူက တရုတ်နိုင်ငံ၏အကူညီများသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအစိုးရအတွက် အဓိကအရေးပါသောနေရာမှပါဝင်နေကြောင်း semiconductors ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို မျှဝေပေးနကြောင်း ပြောသည်။

ဖိအားပေးခံနေရသော်လည်း TikTok ကို ရောင်းချမည်မဟုတ် ဟုဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် TikTok လူမူကွန်ရက်ကို ရောင်းချမလား သို့မဟုတ် အသုံးပြုခွင့်ပိတ်ပင်ခံမလားဆိုသော ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ်အတည်ပြုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးလျှင် ဟားမက်စ်အဖွဲ့ကို ဖျက်သိမ်းသွားမည်

ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ၇ လနီးပါးကြာ ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရန်အတွက်အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးနေချိန်တွင် ဟားမက်စ်လက်နက်ကိုင်အုပ်စုက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို တရုတ်အစိုးရ သတိပေး

အမေရိကန်လွှတ်တော်သည် ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို ကူညီထောက်ပံ့ပေးရန် ခွင့်ပြုပေးခဲ့ပြီးနောက် တရုတ်အစိုးရက အမေရိကန်နိုင်ငံကို သတိပေးခဲ့ခြင်းဖြစ် သည်။

ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးတို့ကို ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည် ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို ဆွေးနွေးခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်သမ္မတက ဥပဒေမူကြမ်းကို ဥပဒေအဖြစ်အတည်ပြုနိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ တွေ့ဆုံဆွေးနွေးရန် ထိုင်းအစိုးရ တိုက်တွန်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက မြန်မာအရေးအတွက် တွေ့ဆုံဆွေးနွေးမည့်အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း ပြောသည်။