» သတင်း

ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော် ထပ်မံခွင့်ပြု

အဆိုပါဥပဒေမူကြမ်းထဲတွင် ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံ ၆၀ ကျော်၊ ထိုင်ဝမ်နှင့် အခြားအင်ဒို-ပစီဖိတ်ဒေသနိုင်ငံများကို အမေရိကန်ဒေါ်လာ ၈ ဘီလျံနှင့် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာဘီလျံ ၂၀ ကျော် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားရှေ့်သို့ ဆုတ်ခွာခဲ့သော တပ်ဖွဲ့ဝင်များကို မြန်မာအစိုးရက ဧပြီ ၂၅ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို ရေလမ်းခရီးမှ ပြန်လည်ခေါ်ယူရန် အဆိုပြုကမ်းလှမ်းခဲ့ကြောင်း၊ အစောပိုင်းက ဧပြီ ၂၃ ရက်နေ့တွင် အပြန်အလှန်လဲလှယ်ပို့ဆောင်မှုများ လုပ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့်သတင်းများတွင် ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားကိုကူညီပေးသည့် တရုတ်ကုမ္မဏီများကို ပိတ်ဆို့မှုချမှတ်မည်ဟု အမေရိကန်အစိုးရ သတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားကာကွယ်ရေးလုပ်ငန်းများကို ကူညီထောက်ပံ့ပေးမှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ယူကရိန်းစစ်ပွဲတွင် ရုရှားကိုကူညီထောက်ပံ့ပေးနိုင်ရန် တရုတ်အစိုးရက တရုတ်ကုမ္မဏီများမှတဆင့် ကူညီပေးနေကြောင်း ပြောဆိုထားသည်။

အမေရိကန်စစ်တပ်က တရုတ်စစ်တပ်ကို အနိုင်ယူနိုင်စွမ်းရှိနေ ဟုဆို

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် H-20 အမည်ရှိ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသော်လည်း အမေရိကန်ထုတ် B-21 လေယာဉ် သို့မ ဟုတ် B-2 လေယာဉ်နီးပါးလောက် ကောင်းမွန်မှုမရှိသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိက ပြောသည်။

မဲဆောက်မြို့သို့လာရောက်မည့် ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ဖျက်သိမ်း

ထိုင်းဒုတိယဝန်ကြီးချုပ်က "ထိုင်းဝန်ကြီးချုပ်ဟာ နယ်စပ်ဒေသအခြေနေတွေ နဲ့ မြန်မာနိုင်ငံရဲ့တိုက်ပွဲအခြေနေတွေကို လေ့လာစုံစမ်းဖို့ မဲဆောက်မြို့ကို သွားရောက်မှာမဟုတ်တော့ဘူး။ မဲဆောက်မြို့ကိုသွားရောက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးတို့ကို တာဝန်ပေးလိုက်တယ်။" ဟု ပြောသည်။

ရှမ်း/တောင်တိုက်ပွဲများကြောင့် ဒေသခံခုနစ်သောင်းကျော် ဆက်လက်စစ်ရှောင်နေရ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေနှင့် လွိုင်လင်မြို့တို့တွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်နေ့မှ ယခုလ ဧပြီလ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၉၁ ရက်အတွင်း ဆက်လက်စစ်ရှောင်နေရသူ ၇၁,၁၅၀ ဦးနှင့်အထက်တွင်ရှိကြောင်း…

မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးတိုက်မိ ရဟတ်ယာဉ်ပေါ်ပါသူအားလုံးသေဆုံး

မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးသည် ရေတပ်စစ်ရေးပြအခမ်းနားအတွက် လေ့ကျင့်ခန်းအစီအစဉ်အတွင်း တိုက်မိခဲ့ခြင်ဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် အမှုထမ်း ၁၀ ဦးလိုက်ပါလာခဲ့ကြောင်း မလေးရှားရေတပ်က သတင်းထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်အတွင်း မြန်မာအရေးကိစ္စများကို ဆွေးနွေးမည်

အန်တိုဘလီကန်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံကို တရုတ်ကုမ္မဏီများ ကူညီထောက်ပံ့ပေးနေသည့်ကိစ္စ၊ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအရေးကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

မဲဆောက်သို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်လေ့လာစုံစမ်းမည်

ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်လာခဲ့ခြင်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၁ ရက်နေ့တွင် ၎င်း၏လူမူကွန် ရက်မှာရေးသားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရခြင်းအတွက် နစ်နာကြေးဆိုင်ရာအခွင့်အရေးများ အသိ​ပေးထုတ်ပြန်

"ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းအလုပ်သမား​တွေရဲ့ နစ်နာကြေးဆိုင်ရာကိစ္စများကို ဖြေရှင်းလုပ်ဆောင်ပေး​တဲ့ဌာနဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လူမှုဖူလုံရေးအာမခံဌာနဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းထိခိုက်အလုပ်သမားအနေနဲ့ နစ်နာ​ကြေးခံစားခွင့်ရှိပါတယ်။"